မိန်းမများ ရယူလိုတာတွေ
1) ဂရုစိုက်မှု
2) နားလည်မှု
3) လေးစားမှု
4) စွဲစွဲမြဲမြဲမြတ်နိုးမှု
5) တရားဝင် ခိုင်ခိုင်မာမာဖြစ်မှု
6) ကတိပြုမှု
ယောင်္ကျားများ ရယူလိုတာတွေ
1) ယုံကြည်ကိုးစားမှု
2) လက်ခံမှု
3) ကျေးဇူးတင်မှု
4) ချီးကျူးမှု
5) သဘောတူညီမှု
6) အားပေးအားမြှောက်ပြုမှု
1။ သူမက ဂရုစိုက်မှုကို လိုအပ်ပြီး သူက ယုံကြည်ကိုးစားမှုကို လိုအပ်တယ်
မိန်းမတစ်ယောက် ခံစားနေရတာတွေကို ယောင်္ကျားတစ်ယောက်က စိတ်ဝင်စားမယ်၊ သူမ စိတ်ချမ်းသာမှုအတွက် ယောင်္ကျားက စိတ်လိုလက်ရ ကြိုးစားပေးမယ်ဆိုရင် ငါ့ကိုချစ်တယ်၊ ငါ့ကိုဂရုစိုက်တယ်လို့ မိန်းမက မှတ်ယူသွားမှာပဲ။ ဒီလိုသာမှတ်ယူသွားပြီဆိုရင်တော့ မိန်းမရဲ့ ပထမဆုံး အခြေခံလိုအပ်ချက်အတွက် ယောင်္ကျားဘက်က အောင်အောင်မြင်မြင်ဖြည့်ဆည်းပေး
မိန်းမက ပွင့်လင်းလာပြီ၊ ပိုလက်ခံလာပြီဆိုရင် ယောင်္ကျားက ငါ့ကိုတော့ ယုံကြည်ကိုးစားသွားပြီလို့ မှတ်ယူနိုင်ပြီပေါ့။ ယောင်္ကျားတစ်ယောက်ကို ယုံကြည်ကိုးစားတယ်ဆိုတာ ယောင်္ကျားက ငါ့အတွက် အကောင်းဆုံး ဆောင်ရွက်ပေးနေတယ်၊ ငါ့အတွက်သူက အကောင်းဆုံးကို အလိုရှိနေတယ်လို့ ထစ်ထစ်ချတွက်ထားတဲ့ သဘောကို ဆောင်ပါတယ်။ မိန်းမရဲ့ တုန့်ပြန်မှုတွေမှာ သူ့ယောင်္ကျားရဲ့ စွမ်းရည်၊ သူ့ယောင်္ကျားရဲ့ ဂရုစိုက်မှုတွေကို လုံးဝ ယုံကြည်စိတ်ချနေတဲ့ ယောင်္ကျားဖြစ်သူရဲ့ အချစ်နဲ့ပတ်သက်တဲ့ ပထမဆုံးသော အခြေခံအချက်ဟာ ပြည့်ဝသွားပြီလို့ ယူဆဖြစ်သွားပါတယ်။
၂။ သူမက နားလည်မှုကိုလိုအပ်ပြီး သူကလက်ခံမှုကို လိုအပ်တယ်
ယောင်္ကျားက အဆုံးအဖြတ်တွေမချပဲ နားထောင်တဲ့အခါ၊ စာနာမှုနဲ့ နားထောင်ပေးတဲ့အခါ မိန်းမကလည်း ငါပြောတာတွေကို သူနားထောင်သားပဲ၊ ငါ့ကိုသူနားလည်သားပဲ လို့ခံစားသွားရမှာပါ။ မိန်းမက ဒီလိုသာခံစားသွားရပြီဆိုရင်တော့ ယောင်္ကျားလိုအပ်နေတဲ့ လက်ခံမှုကိုပေးဖို့ သူမ ၀န်မလေးတော့ပါဘူး။ ယောင်္ကျားဘက်က ငါ့ကိုလက်ခံသွားပြီလို့ ထင်လိုက်ပြီဆိုရင် နားထောင်ဖို့လည်း အပန်းကြီးတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် သူမလိုအပ်နေတဲ့ သူမနဲ့ ထိုက်လည်းထိုက်တန်တဲ့ နားလည်မှုကို အလွယ်တကူ ပေးသွားတော့မှာပါ။
၃။ သူမက လေးစားမှုကိုလိုအပ်ပြီး သူက ကျေးဇူးတင်မှုကို လိုအပ်တယ်
မိန်းမရဲ့ လိုအပ်မှုတွေ၊ အလိုဆန္ဒတွေ၊ အခွင့်အရေးတွေကို ယောင်္ကျားက အသိအမှတ်ပြုပုံမျိုး၊ ဦးစားပေးပုံမျိုးနဲ့ တုံ့ပြန်သမှု ပြုမယ်ဆိုရင် မိန်းမဟာ ငါ့ကိုလေးစားသားပဲလို့ ယူဆလိုက်တော့မှာပါ။ ဒီလိုသာ ယူဆလိုက်ပြီဆိုရင် ယောင်္ကျားလိုအပ်နေတဲ့ ကျေးဇူးတင်မှုကိုလည်း သူမကပေးဖို့ သိပ်ကိုလွယ်ကူသွားပါပြီ။ ယောင်္ကျားရဲ့ ကြိုးစားအားထုတ်မှုများနဲ့ အပြုအမူများကြောင့်ပေါ်ထွက်လာတဲ့ ကောင်းကျိုးတွေကို မိန်းမက ကောင်းကောင်းကြီးခံစားနေရကြောင်
၎။ သူမက စွဲစွဲမြဲမြဲမြတ်နိုးမှုကို လိုလားပြီး သူက ချီးကျူးမှုကို လိုအပ်တယ်
ယောင်္ကျားက မိန်းမလိုအပ်မှုတွေကို ဦးစားပေးမယ်၊ သူမလိုအပ်သမျှတွေကို ဂုဏ်ယူဝင့်ကြွားစွာ ဖြည့်ဆည်းပေးမယ်ဆိုရင် မိန်းမတွေရဲ့ စတုတ္ထမြောက်လိုအပ်မှုဟာ ပြည့်ဝသွားပါပြီ။ ကြည်ညိုလေးစားခံရတယ်၊ အထူးဦးစားပေးတယ်လို့ ခံစားနေရရင် မိန်းမတစ်ယောက်ရဲ့ ဘ၀ဟာ လန်းစွင့်နေတော့တာပါပဲ။ ယောင်္ကျားက အခြားအရေးတွေ ဥပမာ – အလုပ်အကိုင်၊ လေ့လာစရာ၊ အပန်းဖြေမှုများထက်၊ မိန်းမအရေးတွေကို ဦးစားပေးရင် မိန်းမတွေက သိပ်ကိုကျေနပ်အားရ ဖြစ်ကြပါတယ်။ ငါ့ကို ပထမ နေရာမှားထားတယ်လို့ သိနေထင်နေတဲ့ မိန်းမတစ်ယောက်ဟာ ယောင်္ကျားကို ချီးကျူးဖို့ လုံးဝ လွယ်ကူနေပြီပေါ့။ အမှန်တော့ ယောင်္ကျားကို ချီးကျူးတယ်ဆိုတာ ယောင်္ကျားကို အံ့သြစရာအဖြစ်၊ ပျော်စရာအဖြစ် ကျေကျေနပ်နပ်သဘောတူစရာအဖြစ် မှတ်ယူထားခြင်းပဲ ဖြစ်ပါတယ်။
၅။ သူမက တရားဝင် ခိုင်ခိုင်မာမာဖြစ်မှုကို လိုလားပြီး၊ သူက သဘောတူညီမှုကို လိုအပ်တယ်
မိန်းမတစ်ယောက်ရဲ့ ခံစားမှုတွေကို အလိုဆန္ဒတွေကို ယောင်္ကျားက မကန့်ကွက်ဘူး၊ ခံစားသင့်တယ် အလိုဆန္ဒ ရှိသင့်တယ်လို့ ခိုင်ခိုင်မာမာလက်ခံပေးရင် ငါ့ကို တစ်ကယ်ချစ်တာပဲလို့ ထင်သွားမှာပါ။ ဒီလိုထင်သွားရင် မိန်းမရဲ့ ပဉ္စမမြောက်အခြေခံလိုအပ်ချက် ပြည့်ဝသွားပြီလို့ ဆိုနိုင်ပါတယ်။
၆။ သူမက ကတိပြုမှုကို လိုအပ်ပြီး၊ သူက အားပေးအားမြှောက်ပြုမှုကို လိုအပ်တယ်
ဂရုစိုက်မှုတွေ၊ နားလည်မှုတွေ၊ လေးစားမှုတွေ၊ ခိုင်မာမှုတွေ၊ မြတ်နိုးမှုတွေကို ယောင်္ကျားဘက်က အထပ်ထပ်အခါခါပြနေရင် ကတိပြုမှု၊ တစ်နည်းအားဖြင့် ယေင်္ကျားတို့ရဲ့ ကတိစကားတွေကို ကြားနေရသလို မိန်းမက ထင်မှတ်နေပါတယ်။ ဒီလိုကတိတွေ ထပ်တစ်လဲလဲ ပေးနေခြင်းဟာ အမှန်တော့ သူမဟာ ထာဝရ အချစ်ခံနေရတယ်ဆိုတာ သက်သေထူပေးတာပါပဲ။
ယောင်္ကျားဟာ အများအားဖြင့် မိန်းမရဲ့ ချစ်ခြင်းဆိုင်ရာ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီးပြီ၊ မိန်းမကလည်း ပျော်ရွှင်ကြည်နူးနေပြီဆိုရင် မိန်းမဘက်က ငါ့ကိုချစ်တယ်လို့ တစ်သက်လုံးမှတ်ယူလိုက်နိုင်တာပဲ
Source: Men are from Mars, Women are from Venus
ဒီဆိုဒ်ကနေ ကူးယူဖော်ပြပါ၏။
Tags: သုတရသ



0 comments:
Post a Comment