လူတွေဟာ အချစ်ကိုပုံစံအမျိုးမျိုးနဲ့ အဓိပ္ပါယ်ဖွင့်တတ်ကြပါတယ်။ "
လူတစ်ယောက်ကိုချစ်ရတာ ပျော်ဖို့ကောင်းတယ်။ သူ့ဆီက ဘာမှမလိုချင်ဘူး။
သူ့ကိုချစ်နေရရင် ကျေနပ်ပါပြီ " လို့ ပြောနေကြတဲ့ သူ တွေရှိသလို "
သူ့အချစ်ကြောင့် မွန်းကျပ်ရပါတယ်။ လွတ်မြောက်ခွင့်ပေးပါတော့" လို့
တောင်းဆို နေကြတဲ့ သူတွေလည်း ရှိကြပါတယ်။ တစ်ချို့ကြတော့ " မဟုတ်ဘူး ...
အဲ့ဒီအချစ်တွေကြောင့် ငါ့ဘ၀ကြီးတစ်ခု လုံး ပြန်ပြီးအဖတ်ဆယ်မရအောင်
စုတ်ပြတ်သတ်သွားတာ ဒါကြောင့် အချစ်ကို မုန်းတယ် " လို့ ခါးခါးသီးသီး
ပြောကြပြန်တယ်။ " အချစ်စစ်ဆိုတာ လောကကြီးမှာ ဘယ်တော့မှ မရှိ
နိုင်တဲ့အရာမို့လို့ လုံးဝမယုံကြည်ဘူး " လို့ ပြောတဲ့သူတွေလည်း
ရှိပြန်ပါတယ်။ အနည်းစုသော ပုဂ္ဂိုလ်များကတော့ "
အခုလိုထိပ်ဆုံးရောက်လာတာ အချစ်ကြောင့်ပါ " တဲ့လေ။ အချစ်ကြောင့် အရာရာကို
ရင်ဆိုင်ရဲသွားတဲ့သူတွေရှိသလို အချစ်ကြောင့်ဘ၀ဆုံးတဲ့သူတွေလည်း ရှိပါ
တယ်။ အချစ်ကြောင့် ဂုဏ်တတ်ရသလို အချစ်ကြောင့် ဂုဏ်ပျက်ရတဲ့သူတွေဟာလည်း
ဒီကမ္ဘာကြီးပေါ် မှာ ထုနဲ့ထည်နဲ့ရှိပါတယ်။ အဲ့လိုမျိုး လူတစ်ယောက်ကို
ဘ၀တစ်ခုလုံးနဲ့ချီပြီး ကိုင်လှုပ်နိုင်တဲ့ အချစ်ဆို တဲ့အရာကြီးက
ဘယ်လိုပုံစံမျိုးရှိလဲ. . . အ၀ိုင်းလား. . . လေးထောင့်လား. . . ပူသလား. .
. အေးသ လား. . . ဘယ်လိုအရောင်ရှိပြီး ဘယ်လိုရနံရှိလဲ. . .
အဲ့ဒီလိုအရောင်မရှိ၊ အနံမရှိ၊ ပုံသဏ္ဍာန်မရှိလို့ လက်ဆုပ်လက်ကိုင်လဲ
ပြလို့မရနိုင်တဲ့ စိတ္တဇနာမ် သက်သက် အချစ်ဆိုတဲ့အရာကြောင့်ပဲ
လူတွေဟာငိုကြ၊ ရယ်ကြ၊ ဒေါသဖြစ်ကြ၊ အမုန်းတွေ ပွားကြ ရတယ်။
အဲ့ဒီလိုဘယ်လိုမှ လက်ဆုပ်လက်ကိုပြလို့မရ၊ Definition ဖွင့်လို့မရတဲ့
အချစ်ဆိုတဲ့အရာ ကြောင့် လူတွေကိုအချိန်ကုန်မခံစေချင်ဘူး
။ အထူးသဖြင့်
ချစ်သူရည်းစားရှိမှ အပေါင်းအသင်း၊ သူငယ် ချင်းတွေကြားမှာ
မျက်နှာမငယ်ဖြစ်ရမယ်လို့ အထင်မှားနေကြတဲ့ ၁၈၊ ၁၉ အရွယ်လူငယ်တွေကို ရည်
ရွယ်ချင်တာပါ။ သေချာတွေးစေချင်ပါတယ်။ လူတစ်ယောက်ကို ကိုယ်ကချစ်မှ
ကိုယ့်ကိုလူတစ်ယောက်(ဆန့်ကျင် ဘက်လိင်) ကချစ်မှ ဖြစ်မယ်လို့
မတွေးစေချင်ပါဘူး။ အဲ့ဒီလိုမျိုးသူတွေကို လက်ဆုပ်လက်ကိုင်ပြနိုင်မှ
ချစ်သူရှိတာမဟုတ်ပါဘူး။ တကယ်တမ်းတော့ ကိုယ့်ကိုအချစ်စစ်နဲ့
ချစ်တဲ့ချစ်သူတွေက ကိုယ့်ဘေးနား မှာ အဆင်သင့်ရှိနေပြီးသားပါ။
ကိုယ်ကအဝေးကြီးကို ငေးကြည့်နေမိတော့ ကိုယ့်ဘေးကချစ်သူကို မတွေ့ကြဘူးပေါ့။
ဒီနေရာမှာပြောချင်တဲ့ ချစ်သူဆိုတာက ကိုယ်အခက်အခဲတွေ့လာတဲ့အခါတိုင်း
ကိုယ်စိတ်ပျက်အားငယ်နေတဲ့အခါတွေတိုင်း
အားပေးနှစ်သိမ့်လမ်းညွှန်ပြသပေးတတ်သလို အရာရာ တိုင်းမှာ ကိုယ့်ရှေ့ကနေ
တံတိုင်းတစ်ခုလို မားမားမတ်မတ်ရပ်တည်ပေးတတ်ကြတဲ့ မိဘနဲ့ ညီအစ်ကို
မောင်နှမတွေပဲလေ။ သူတို့တတွေဟာ ကိုယ့်ဘ၀အတွက်တော့ ထာဝရချစ်သူတွေဆိုတာကို
ဘယ်လိုမှ ငြင်းလို့မရနိုင်ပါဘူး။ အားလုံးလည်း သိကြမယ်ထင်ပါတယ်။
အချစ်ချင်းတူပေမယ့် ၅၂၈ နဲ့ ၁၅၀၀ ရဲ့အပူဒီဂရီ ကွာခြားပုံ ကိုလေ။ ၅၂၈
အပူချိန်က ပူတယ်ဆိုပေမယ့် နေသာထိုင်သာရှိရုံ ခပ်နွေးနွေးလေးရယ်. . . ၁၅၀၀
က တော့ ပြောမနေနဲ့ အဆုံးစွန်ထိလောင်မြိုက်ခြင်းပါပဲ။ ဒီတော့
ဒီဂဏန်းနှစ်ခုကြားက ကွာခြားချက်ကို ကြည့်ရုံနဲ့ ဘယ်အပူချိန်ဟာ
ကိုယ့်အတွက်အပူသက်သာနိုင်မလဲဆိုတာ သိနိုင်တာကြောင့် ၁၅၀၀ နဲ့ ပတ်သက်လာရင်
မျှော်လင့်ချက်တွေ တအားထားပြီး မခံစားစေချင်ဘူး။ တကယ်တော့ အချစ်ဆိုတဲ့အ
ရာဟာ ဘ၀ကြီးတစ်ခုလုံးနဲ့နှိုင်းစာရင် ဘာမှမပြောပလောက်တဲ့ Atom
တစ်ခုစာလောက်ပဲ ရှိပါတယ်။ ဒီတော့အချစ်နဲ့ပတ်သက်လာရင်
လူတိုင်းကိုမခံစားစေချင်ဘူးဆိုပေမယ့် ကျွန်မအပါအ၀င် လူတိုင်းဟာ
ပိုးဖလံမျိုးဆိုတော့လဲ. . .
ခွက်ပဲ့လေး တစ်လုံး

ဒီပုံပြင်ကို အင်္ဂလိပ်လို ဖတ်ဖူးသူလည်း ရှိကြပါလိမ့်မယ်။ မြန်မာလို
ဘာသာပြန်ဖူးသူလည်း ရှိကောင်းရှိမယ်။ ခပ်ဆင်ဆင် ဇာတ်လမ်းမျိုးလည်း
ရှိလိမ့်မယ်။ ဒါပေမယ့် ကျွန်မဖတ်ဖူးတာလေးကို ရင်ဘတ်နဲ့ထပ်တူ ပြန်ခံစား
လိုက်ပါတယ်။

အဘွားအိုတစ်ဦးဟာ တုန်ချည့်ချည့်လက်အစုံနဲ့ အနားပဲ့ ပန်းကန်တစ်လုံးကို
ကောက်ယူလိုက်ပြီး သက်ပြင်းအခါခါ ချနေမိတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ချွေးမဖြစ်သူက ဒီအနားပဲ့ ပန်းကန်နဲ့ပဲ
အဘွားအိုကို ထမင်းထည့် ကျွေးခဲ့တာဖြစ်တယ်။ ကျွေးတဲ့ဟင်းက အချဉ်တည်ထားတဲ့
ဟင်းရွက်တစ်ချို့ဖြစ်ပြီး စားပွဲဝိုင်းမှာ ထမင်းအတူ မစားစေခဲ့ဘူး။
ထမင်းစားချိန်ရောက်တိုင်း အဘွားအိုဟာ ကိုယ့်အခန်းထဲမှာ အဟာရမရှိတဲ့
အစာတစ်ချို့နဲ့ အထီးကျန်မှုတွေကိုပဲ ဝါးမျိုနေခဲ့ရတယ်။

ချကျွေးတဲ့အစာကို စားပြီး အဘွားအိုဟာ မမြင်မစမ်းနဲ့ မီးဖိုချောင်ထဲ
သွားပြီး ကိုယ်စားတဲ့ ခွက်ပဲ့ကို ဆေးကျောရပြန်တယ်။ ဒါဟာ အဘွားအိုရဲ့
နေ့စဉ်အလုပ်ဖြစ်တယ်။ ချွေးမက ဘယ်တော့မှ အဲဒီခွက်ပဲ့ကို ဆေးကျော
မပေးခဲ့ဘူး။

"မေမေ.. ဘွားဘွားက မျက်စိလည်း မမြင်တော့ဘူး။ ဘာဖြစ်လို့ သူ့ပန်းကန်ကို
ဆေးမပေးရတာလဲ။ ပဲ့နေတဲ့ ပန်းကန်ကို ဘာဖြစ်လို့ အသစ်မလဲပေးတာလဲ?"

အမေကို မေးနေတဲ့ မြေးမလေးရဲ့ အသံကို အဘွားအို ကြားလိုက်မိတယ်။

"ကလေးက ကလေးနေရာမှာ နေစမ်း။ အသက် ၇ဝကျော် မျက်စိကန်းနေတဲ့ အဘွားကြီးကို
အိမ်ပေါ် တင်ကျွေးထားတာ မလုံလောက်သေးဘူးလား? သူစားတဲ့ခွက်ကို ငါက
ဆေးပေးရဦးမှာလား? အဲဒီခွက်သုံးလို့ ရသေးတာပဲ ဘာအသစ်လဲနေစရာ လိုလို့လဲ။
အသစ်လဲပေးလို့ မမြင်မစမ်းနဲ့ ကျကွဲသွားရင် ထပ်ဝယ်ပေးနေရဦးမယ်။ ပိုက်ဆံက
အလကား ရတာမဟုတ်ဘူး" အသံမြင့်ပြီး ပြောတဲ့ ချွေးမရဲ့စကားကို အဘွားအို
အလွတ်ရလုနီးနေပါပြီ။ မျက်စိထောင့်က စိမ့်ထွက်လာတဲ့ မျက်ရည်ကို အဘွားအို
ပွတ်သုတ်လိုက်တယ်။

အဘွားအပေါ် ဆက်ဆံတဲ့ အမေရဲ့အပြုအမှုကို သမီးဖြစ်သူက မကြည့်ချင်ပေမယ့်
ပြန်မပြောရဲခဲ့ဘူး။ အိမ်မှာရှိတဲ့ သူတွေအားလုံး အမေ့စကားကို နာခံကြရတယ်။
အဖေဖြစ်သူကလည်း ထိုနည်းလည်းကောင်းပါပဲ။ အမေ့မျက်နှာ အရိပ်အကဲနဲ့
ရှင်သန်နေရသူဖြစ်တယ်။

ပန်းကန်ဆေးပြီး အမြင်အစမ်းနဲ့ ကိုယ့်အခန်းထဲ အဘွားအို ပြန်ဝင်ခဲ့ပြီး
ကုတင်ပေါ် ထိုင်ချလိုက်တယ်။ မြေးမလေးက အဘွားနောက် လိုက်ဝင်လာပြီး "
ဘွားဘွား .. မေမေကို မမုန်းဘူးလားဟင်" လို့မေးလိုက်တယ်။

"မြေးလေးရယ်... အဘွားက နာတာရှည် ရောဂါသည် လူပိုတစ်ယောက်ပါ။ ထမင်းတစ်လုပ်
စားခွင့်ရတာပဲ ပြည့်စုံနေပါပြီ။ အမုန်းဆိုတာ မရှိသင့်ဘူး။ မြေးမေမေ
တတွတ်တွတ်ရွတ်တာကို ဒီနှစ်တွေအတွင်းမှာ အဘွားကျင့်သားရနေပါပြီ" မြေးကို
ပြောနေတဲ့ စကားသံတွေထဲမှာ အဘွားအိုရဲ့ ပြင်းသက်ချက်သံက မသိမသာ ရောနေတယ်။

"ဟဲ့ .. ဒီကောင်မ.. ဘယ်သွားနေတာလဲ? ကိုယ့်အခန်းထဲ ဝင်နေစမ်း" ချွေးမရဲ့
အော်ဟစ်သံကြောင့် မြေးမလေး အဘွားအိုအနားက ထွက်ပြေးသွားခဲ့တယ်။ ကုတင်ပေါ်
အဘွားအို လဲချလိုက်တယ်။ အသက်အရွယ်ကြောင့်လား မသိ အဘွားအိုအတွက်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ညတွေ နည်းလာခဲ့တယ်။ ကုတင်ပေါ်
လဲလျောင်းရင်း သွားလေသူ အဘိုးအိုကို သတိရလိုက်မိတယ်။

အဘိုးအိုက ကုမ္ပဏီတစ်ခုက ပိုင်ရှင်ဖြစ်တယ်။ သားက အဲဒီကုမ္ပဏီက
မန်နေဂျာဖြစ်ပြီး ချွေးမက စာရင်းကိုင်ဖြစ်တယ်။ ကုမ္ပဏီတစ်ခုထဲမှာ လုပ်တဲ့
သားနဲ့ ချွေးမတို့ ချစ်ကြိုက်ညားခဲ့ကြတယ်။ ချွေးမက လက်ထပ်ပြီးစမှာ
ယောက္ခမကို ရိုသေကိုင်းရိုင်းသလို မယားဝတ္တရားလည်း ကျေပွန်ခဲ့ပါတယ်။
ဒါပေမယ့် သားဖြစ်သူက မယားကိုချစ်လွန်းလို့ ဘာမဆို အလျော့ပေးချင်တယ်။
မယားပြောသမျှ ခေါင်းညိတ် နာခံသူဖြစ်ခဲ့တယ်။

မမြင်နိုင်တဲ့ ကံကြမ္မာရိုင်းကို ဘယ်သူရှောင်လွဲလို့ ရနိုင်မလဲ? အဘိုးအို
ဦးနှောက်သွေးကျောပြတ် သေဆုံးသွားပြီးနောက် ငြိမ်းချမ်းတဲ့ မိသားတစ်စုထဲ
ကြမ္မာဆိုးက ဝင်ရောက်ခဲ့တယ်။ အဘိုးအို ဆုံးပြီးမကြာဘူး အဘွားအိုရဲ့
မျက်လုံးကွယ်ခဲ့ရတယ်။ ပိုဆိုးတာက လိမ္မာတယ်ဆိုတဲ့ ချွေးမရဲ့
ဗီဇရုပ်ပေါ်လာတာပါပဲ။ မျက်မမြင် အဘွားအိုကို ပြုစုရတာ တာဝန်တစ်ခုလို့
ထင်မှတ်ပြီး အပြစ်ရှာလာခဲ့တယ်။ အဲဒီကစလို့ နဂိုကတည်းက အမှောင်ပျောက်နေသူ
အဘွားအိုဟာ မှောင်မဲမဲ ကိုယ့်အခန်းငယ်ထဲမှာပဲ အထီးကျန်စွာ
ရှင်သန်ခဲ့ရတယ်။

အဘွားအို အနားမှာ ရှည်လျှားတဲ့ နေ့ရက်တွေနဲ့ ခွက်ပဲ့လေးတစ်လုံးက လွဲရင်
နေရောင်ခြည်၊ ရယ်မောသံ ကင်းမဲ့နေခဲ့တာ ရက်ပေါင်း ၇ဝဝကျော် ရှိနေခဲ့ပါပြီ။

စစစစစစစစစစစစစစစစစစစ စစစစစစစစစစစစစစစစစစစစစစစစစစစ

နေအိမ်မှာ ကျင်းပမယ့် ညစာစားပွဲအတွက် သားနဲ့ချွေးမ အလုပ်များနေခဲ့ကြတယ်။
ဧည့်သည်တွေ မလာခင်မှာ ချွေးမက သားကို " ခဏနေ ဧည့်သည်လာရင်
အပြင်မထွက်ခဲ့ပါနဲ့လို့ ရှင့်အမေကို မှာထားအုန်း.. ဒီနေ့လာမဲ့
ဧည့်သည်တွေက လူကြီးလူကောင်းတွေ.. မျက်ကန်းအဘွားကြီးကြောင့် ကျွန်မ
အရှက်မကွဲစေနဲ့၊ ရှင့်နာမည် မပျက်စေနဲ့နော်" လို့ မှာတယ်။ မယားစကား
နာခံသူသားမှာ ဘာမှစောဒက မတက်ရဲခဲ့ဘူး။ ဧည့်သည်တွေ မပြန်မချင်း အစာအိမ်
ဟောင်းလောင်းနဲ့ အခန်းထဲမှာပဲ အဘွားအို အောင်းနေခဲ့ရတယ်။
အားလုံးပြီးစီးမှ ထမင်းကျန်ဟင်းကျန် ထည့်ထားတဲ့ ခွက်ပဲ့နဲ့ အမေ့အခန်းထဲ
သားဝင်လာခဲ့တယ်။

ခုတစ်လော မြို့မှာကျောင်းတက်နေတဲ့ သားအကြီး ကျောင်းပိတ်လို့
အိမ်ပြန်ရောက်လာခဲ့တယ်။ သားကိုချစ်တဲ့ အမေတို့ရဲ့ ထုံးစံအတိုင်း သားအတွက်
အသား၊ ငါး ဟင်းမျိုးစုံကို ကိုယ်တိုင်ချက်ကျွေးတော့တယ်။

"ရပြီ.. မေမေရဲ့ သားဒီလောက် မစားနိုင်ဘူး" သားပန်းကန်ထဲ
ဟင်းတွေထည့်ပေးနေတဲ့ အမေကို သားက လေသံနဲ့ "မေမေ .. ဘွားဘွားကိုလည်း
သားတို့နဲ့ အတူတူစားခိုင်းပါလား? သားတို့ မိသားစု လက်စုံ စားကြရအောင်လေ"
လို့ တောင်းဆိုလိုက်တယ်။

"သူက ကန်းနေပြီ အပြင်ထွက်စားဖို့ အဆင်မပြေဘူး။ ဘယ်နားစားစား အတူတူပဲလေ
သား။ အခန်းထဲမှာစားတာ သူကျင့်သားရနေပါပြီ"

အဘွားအပေါ်ထားတဲ့ အမေရဲ့ သဘောထားကို ပြောင်းလဲဖို့ သူဆုံးဖြတ်လိုက်မိတယ်။

နနနနနနနနနနနနနနနနနနနနနနနနနနန နနနနနနနနနနနနနနနနနနနနနနနနနနန

သူငယ်ချင်းဆီက ရခဲ့တဲ့အကြံ အဘွားကို ပြောပြတော့ အဘွားက ပျာပျာသလဲ ငြင်းတယ်။

"သားတို့က ဘွားဘွားကောင်းဖို့အတွက်ပါ သားတို့ပြောသလိုသာ လုပ်ပါ ဘွားဘွား"
လို့ မြေးအကြီးက တောင်းဆိုတယ်။

"ဆရာမက ပြောတယ် "လူကြီးမိဘတွေကို ရိုသေလေးစားရမယ်" တဲ့။ မေမေ လုပ်ပုံက
မဟုတ်သေးဘူး။ ဘွားဘွားကို သူဒီလို မဆက်ဆံသင့်ဘူး။ သမီးတို့ ပြောသလို
လုပ်ပါနော် ဘွားဘွား" မြေးမလေးက ဝင်ထောက်ပြန်တယ်။

"ကိုယ့်ကို မရိုသေတဲ့ ချွေးမတစ်ယောက်ကို ဘွားဘွားလက်ခံနိုင်ပေမယ့်
ယောက္ခမကို မရိုသေတဲ့ မိခင်တစ်ယောက်ကို သားတို့ မလိုလားဘူး။ သားတို့
ပြောသလို လုပ်ပါနော် ဘွားဘွား" အတင်းတောင်းဆိုနေတဲ့ မြေးကို အဘွားအို
ခေါင်းညိတ်မိလိုက်တယ်။

ညစာ ထမင်းစားဝိုင်းမှာ ထုံးစံအတိုင်း အဘွားအို မပါဝင်ခဲ့ဘူး။ မြေးကြီးက
တိုင်ပင်ထားတဲ့အတိုင်း ကြွေဇွန်းတစ်ချောင်းကို ကြမ်းပြင်ပေါ် မသိမသာ
ပစ်ချလိုက်တယ်။ ဇွန်းကွဲစတွေက ကြမ်းပြင်ပေါ်မှာ ပြန့်လို့...
ဇွန်းကျသံကြောင့် အဘွားအိုဟာ တုန်တုန်ရီရီနဲ့ ခွက်ပဲ့လေးကို ကိုင်ပြီး
အခန်းထဲကနေ ထွက်လာခဲ့တယ်။ ဒါကို ချွေးမက မြင်တော့ အဘွားအိုကို
အော်ဟစ်လိုက်တယ်။

"ဘာဖြစ်လို့ ထွက်လာရတာလဲ? အခုချက်ချင်း ပြန်ဝင်စမ်း"

ချွေးမရဲ့ အော်သံကိုကြားတော့ အဘွားအိုဟာ လက်ထဲက ခွက်ပဲ့ကို
လွတ်ချလိုက်တယ်။ ကြမ်းပြင်ပေါ် ကျသွားတဲ့ ခွက်ကွဲသံထက် ချွေးမရဲ့ အသံက
ပိုကျယ်လောင် နေပါတယ်။

"ကြည့်စမ်း .. ဒီအဘွားကြီး ကိုယ့်ခွက်ကိုတောင် ပစ်ချရဲတယ်။ အေး.. ဒီည
ထမင်းစားရဖို့ မစဉ်းစားနဲ့တော့"

အဲဒီအချိန်မှာ မြေးကြီးက "အဘွားကလဲကွာ.. ပန်းကန်ကို
လုပ်ခွဲလိုက်ရတယ်လို့။ ဒါထမင်း ထည့်စားတဲ့ ပန်းကန်လေ အဘွားရဲ့"
ပြောရင်းဆိုရင်း ကြမ်းပြင်ပေါ် ကျနေတဲ့ ပန်းကန်စကို ကောက်ယူပြီး အမေဖက်ကို
အသံမြင့် လှည့်ပြောလိုက်တယ်။

"မေမေ စိတ်တိုတယ် ဆိုရင်လည်း တိုသင့်တယ် ဘွားဘွား။ ဒီပန်းကန်က
အရမ်းအရေးပါတာ။ ဒီပန်းကန်ကို အဘွားလုပ်ကွဲလိုက်ရင် နောင်နောက်
မေမေအိုလာတဲ့အခါ မေမေ့ကို သားတို့ ဘာပန်းကန်နဲ့ ထည့်ကျွေးရမလဲ?"

သားရဲ့စကားကို ကြားပြီး အမေမှာ ဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းကိုသာ
ငုံ့ထားမိတယ်။ အဲဒီနောက် ထမင်းစားပွဲဝိုင်းကနေ မသိမသာ ထသွားခဲ့တယ်။
အဲဒီနောက်ပိုင်းမှာတော့ ချွေးမရဲ့ အပြစ်တင်သံကို အဘွားအို
မကြားခဲ့ရတော့ဘူး။ အဘွားအိုအပေါ်ထားတဲ့ ချွေးမရဲ့ အပြုအမှုတွေလည်း
ပြောင်းလဲလာခဲ့တယ်။ မိသားတစ်စုရဲ့ မနက်ဖြန်တိုင်းဟာ နေရောင်ခြည်တွေနဲ့
နွေးထွေးလာခဲ့ပါတယ်။
သဲ နှင့် ကျောက်တုံး
တနေ့သောအခါ လူငယ်လေး သူငယ်ချင်း နှစ်ယောက် ဟာ သဲကန္တာရ တခုကို ဖြတ်ပြီး
လှမ်း လျှောက် ခရီး ထွက်လာကြ တယ်။ ခရီး တနေရာ အရောက် မှာ သူတို့နှစ်ယောက်
ဟာ စကားများ ပြီး ရန်ထဖြစ် ကြတော့ တယ်။ အဲဒီလို ဖြစ် ကြ တဲ့အခါမှာ
သူငယ်ချင်း တယောက်က နောက်တယောက်ရဲ့ ပါး ကို ထ ထိုး လိုက် တယ်။ အထိုးခံ
ရတဲ့ လူငယ်လေးဟာ တော်တော်လေး နာသွား ပြီး စကားဘာမှ ပြန်မပြောဘဲ သူဟာ
သဲပြင်ပေါ်မှာ ဒီ လို ရေး ချ လိုက် တယ်။ " ယနေ့ ငါ့အခင်ဆုံး သူငယ်ချင်း
င့ါကိုထိုး၏။ "
> အဲလိုနဲ့ သူတို့နှစ်ယောက်ဟာ သဲကန္တာရ မှာ ရှိ တဲ့ စိမ်း လန်း
စိုပြေပြီး မြေသြဇာ ကောင်း တဲ့ နေ ရာ ကို ရောက်တဲ့အထိလှမ်း ဆက် လျှောက်
လာ ကျ ပြီး၊ အဲဒီမှာ ခြေ လက် သန့် စင် တ ထောက် နားဘို့ ဆုံးဖြတ် လိုက်
ကြတယ်။ အဲဒီ မှာ အထိုး ခံရ တဲ့ လူငယ် လေး ဟာ အခန့် မ သင့် ဘဲ နွံ
နှစ်ပြီး နွံထဲ က ရုန်း မထွက်နိုင်ဘဲ သေလုမြောပါး ဖြစ် နေခဲ့ တယ်။ ထိုး
လိုက်တဲ့ သူငယ်ချင်းက သေမယ့် ဘေး က ကယ်လိုက်ပြန်တယ်။ သေဘေး ကလွှတ်လာပြီး
ပုံမှန် အနေ အထား ကိုရောက်လာတဲ့ အခါ မှာ၊ သူဟာ ကျောက်တုံး ကြီး တစ်ခု
ပေါ်မှာ နောက်တ ဖန် ရေး လိုက် ပြန်တယ်။ " ယနေ့ ငါ့ အခင်ဆုံး သူ ငယ် ချင်း
ငါ့ အသက် ကို ကယ်ခဲ့၏။ "
> အဲဒီလက် သီး နဲ့ ထိုး လဲ ထိုး၊ ကယ်လဲကယ် ခဲ့ တဲ့ သူငယ်ချင်း က မေး
လိုက်တယ်။" ငါ မင်း ကို နာကျင်အောင် လုတ်တဲ့ အခါတုန်း က မင်း ဟာ
သဲပြင်ပေါ်မှာ ရေး ခဲ့တယ်။ အခု လဲ မင်း ရေး ကျောက် တုန်း ပေါ်မှာ ရေး
ပြန်ပြီး။ ဒါ တွေဟာ ဘာ ကြောင့်လဲ။"
> သူ့ သူငယ်ချင်း က သူ့ကို ဒီလို ပြန် ဖြေ ခဲ့တယ်။ " သူငယ်ချင်း ရေ...
တစုံတယောက် က မင်း ကို နာကျင် အောင် ပြုလုပ်တဲ့ အခါမှာ၊ မင်း ရဲ့
တုန့်ပြန် မှုတွေက ခွင့်လွှတ်ခြင်း တွေ ပါတဲ့ လေ ရဲ့ပယ်ဖျက်ခြင်း
ကိုခံရမယ့် သဲပြင် ပေါ်မှာ ရေး ထား တဲ့ စာ သား တွေ လို မင်း လဲ ဘဲ သူတို့
မကောင်း တာ တွေ ကို လေ တွေ လို အ လွယ် တ ကူ ပြယ် ဖျက် သင့်တယ်။ ဒါပေ မယ့်
တစုံတယောက် က မင်း ကို ကောင်း တာ တွေ လုပ် ပေး တဲ့ အခါမှာ တော့ လေ တွေ အ
လွယ် တကူ မ ဖျက်နိုင်တဲ့ ကျောက်တုံး ပေါ်မှာ မင်း မှတ်တမ်း တင် ရေး သား
ထား သင့်တယ်။"
>
> (အဲဒီလို ဘဲ ကျွန်တော်တို့ ရဲ့ နာကျင်မှု့တွေ နဲ့ နာ ကျည်း မှု့တွေ ကို သဲ ပေါ်မှာ ရေး ထား တဲ့ စာ တွေ လို ဘဲ ရေး တတ်အောင် ကြိုး စား သင့်သလို ကျွန်တော်တို့ အတွက်ကောင်း ကျိုး ဖြစ် စေမယ့် အ ရာတွေကို တော့ ကျောက်တုံး တွေပေါ်မှာ မှတ်တမ်း တင် ကြရအောင် လား ဗျာ။ )
>
> ဒီအကြောင်း လေး ကို တော့ တော်တော်များ များ သိကြ ဖတ်ဖူးကြ မယ်လို့ထင် ပါ တယ်။ အနှစ်သာရ အရမ်း ရှိတဲ့အကြောင်း ပါ။ ဒါကြောင့်ဘာသာပြန်ပြီး ဝေမျှ ခြင်း သက်သက် တာဖြစ် ပါတယ်။



အမွှာလေးနှစ်ယောက်ကို ရေချိုးပေးပြီး အမေလှည့်ထွက်မယ်အပြုမှာ ကလေးနှစ်ယောက်ဆီက
ရီသံကို ကြားလိုက်တယ်။
အမေ "ဘာလို့ ရီတာလဲ"
အမွှာထဲကတစ်ယောက် "ကိုကို့ကို မေမေ ရေနှစ်ခါချိုးပေးပြီး သားကိုတော့
ချိုးမပေးဘူး"

~~~~~~~~~~~~~~~~~~~~~~~~


မောင်... ချစ်သူများနေ့မှာ ခင့်ကို ဘာလက်ဆောင်ပေးရင် ကောင်းမလဲ?

မ...... ခင်ကလေ အရုပ်အကြီးကြီးကို အရမ်းကြိုက်တာပဲ။ နောက်ပြီး ပြင်သစ်ရေမွှေးဆို
အသဲစွဲပဲ။ စိန်ဆိုတာ တည်မြဲခြင်းတဲ့။ နောက်ပြီး....

မောင်..... နေပါအုန်း ခင်။ ခင်ကြိုက်တဲ့ အထဲမှာ ဈေးပေါတဲ့ပစ္စည်း မရှိဘူးလား?
မ...... ရှိတယ်။ မောင်ပဲလေ...

~~~~~~~~~~~~~~~~~~~~~~~~

ဆရာမ " ခြေနှစ်ချောင်းနဲ့ အိမ်မှာမွေးတဲ့ အကောင်တစ်မျိုးရှိတယ်။ မနက်မိုးလင်း
နေထွက်တာနဲ့ အိမ်ရာထတော့လို့ ကလေးတို့ကို ထခိုင်းတတ်တယ်။ မထမချင်းလည်း
အော်နေတတ်တယ်။ အဲတာ ဘာအကောင်လဲ သိလား"

ကလေးတွေက ဘာအကောင်မှန်း မသိလို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြတယ်။
အဲဒီအချိန်မှာ ကလေးတစ်ယောက်က ထအော်လိုက်တယ် "မေမေ" တဲ့။


~~~~~~~~~~~~~~~~~~~~~~~~

ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြင့်သူက
"ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာ မေးသူတိုင်းကို အေအိုင်ဒီအက်စ်
ဖြစ်နေတယ်လို့ ပြောရတာလဲ ဖေဖေ" လို့ မေးတော့ အဖေဖြစ်သူ ဖြေလိုက်တာက
"ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ" ဟူတည်း။


~~~~~~~~~~~~~~~~~~~~~~~~

နာမကျန်းတဲ့ အဘိုးအိုတစ်ဦး ဆရာဝန်သွားပြတော့ ဆရာဝန်က စမ်းသပ်ပြီး ရောဂါအခြေအနေ
ဆိုးမှန်းသိတော့ အဘိုးအို လုပ်သင့်တာ လုပ်နိုင်အောင် မကွယ်မ၀ှက်ဘဲ
ပြောပြလိုက်တယ်။

ဆရာဝန်က အဘိုးအိုကို "ခင်ဗျားလည်း ခင်ဗျားရောဂါ အခြေအနေအမှန်ကို
သိချင်နေမယ်ထင်တယ်။ အခြေအနေကတော့ သိပ်မကောင်းဘူး။ ခင်ဗျားဘယ်သူနဲ့ တွေ့ချင်သလဲ
ပြောပါ ကျွန်တော် ကူညီမယ်" လို့ ပြောတော့ အဘိုးအိုက ခေါင်းညိတ်ပြီး လေသံ
တိုးတိုးလေးနဲ့ " ဟုတ်ကဲ့... ကျွန်တော် နောက်ဆရာဝန် တစ်ဦးနဲ့ တွေ့ချင်တယ်" လို့
ပြောလိုက်တယ်။


~~~~~~~~~~~~~~~~~~~~~~~~

အမျိုးသမီးတစ်ဦး ကလေးခေါ်ပြီး ကလေးဆေးရုံကို ရောက်လာခဲ့တယ်။
ဆရာဝန်။....။ ကလေးကို မိခင်နို့ တိုက်တာလား.. နွားနို့တိုက်တာလား...
အမျိုးသမီး။....။ မိခင်နို့ပါ။
ဆရာဝန်။....။ ကျွန်တော် စမ်းသပ်မလို့ ခင်ဗျား အင်္ကျီကို ချွတ်လိုက်ပါ။
အမျိုးသမီး။...။ ဟင်.. ဘာလို့လဲ..
ဆရာဝန်။....။ စိတ်မပူပါနဲ့။ ဒါ ဆေးရုံပါ။ ကျူးလွန်တာတွေ မရှိပါဘူး။

အမျိုးသမီးက ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ဆရာဝန်ရဲ့ အစမ်းသပ်ကို ခံလိုက်တယ်။
ခဏလောက် စမ်းသပ်ပြီး ဆရာဝန်က " ခင်ဗျားမှာ မိခင်နို့ရည်မှ မရှိတာ။ ဒါကြောင့်
ကလေးက အာဟာရ ပြတ်နေတာပေါ့" လို့ ပြောတော့ အမျိုးသမီးက "ကျွန်မမှာ
ဘယ်လိုလုပ်ပြီး မိခင်နို့ရည် ရှိမလဲ။ ကျွန်မက သူ့အန်တီ" လို့ ဒေါသတကြီး
ပြန်အော်လိုက်တယ်။

~~~~~~~~~~~~~~~~~~~~~~~~

ဆေးခန်းကို လူနာတစ်ယောက် ရေးကြီးသုတ်ပြာ ပြေးလာပြီး
"ဆရာ..ဆရာ.. ကျွန်တော့်ကို ကယ်ပါ။ ကျွန်တော် ဓာတ်ဆီ မှားသောက်မိလို့" လို့
ပြောတော့ ဆရာဝန်က " ကိစ္စမရှိဘူး။ ဒီရက်အတောအတွင်း ခင်ဗျား ဆေးလိပ်မသောက်နဲ့"
လို့ ပြန်ဖြေသတဲ့။

~~~~~~~~~~~~~~~~~~~~~~~~

တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ လယ်ထဲ ပန်းကန်ပြားပျံတစ်စီး ဆင်းသက်လာတယ်။
ပန်းကန်ပြားပျံထဲကနေ ဂြိုလ်တစ်ကောင် ထွက်လာပြီး လယ်သမားနဲ့ စကားပြောတယ်။
ဘာသာစကားချင်း မတူတော့ ခြေလက် အမှုအရာတွေနဲ့ စကားပြောတော့တယ်။

ဂြိုလ်သားက လယ်သမားကို လက်ညှိုးထောင်ပြလိုက်တယ်။
လယ်သမားက ပြန်ပြီး လက်ညှိုးကို အောက်စိုက်ပြလိုက်တယ်။
ဂြိုလ်သားက ထပ်ပြီး လက်ညှိုးသုံးချောင်း ထောင်ပြလိုက်တယ်။
လယ်သမားက ငါးဆယ်ပုံသဏ္ဍာန် လုပ်ပြလိုက်ပြန်တယ်။
ဂြိုလ်သားက ထပ်ပြီး လက်မနဲ့လက်ညှိုးကို ထောင်ပြီး (7)ပုံ လုပ်ပြလိုက်တယ်။
လယ်သမားက လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်ကို ပွတ်ပြလိုက်တော့ ဂြိုလ်သားက
ပြေးပါလေရော..

လယ်သမားက အိမ်ရောက်တာနဲ့ သူ့မိန်းမကို "ရှင်မရေ.. ဒီနေ့လယ်ထဲမှာ
လူထူးဆန်းတစ်ယောက် တွေ့ခဲ့တယ်ကွ၊ ငါတို့စိုက်ထားတဲ့ အပင်တွေ မိုးပေါ်က
ကျလာတာလားလို့ မေးတော့ ငါက မဟုတ်ဘူး မြေကြီးကနေ ထွက်လာတာလို့ ပြောလိုက်တယ်။ သူက
၃ ပိဿာကို ဘယ်လောက်လဲ မေးတော့ ငါက ၅၀ လို့ပြောလိုက်တာ။ သူက ခုနှစ်ပိဿာ
ဘယ်လောက်လဲ ထပ်မေးတော့ ငါက ပိုက်ဆံရေနေတဲ့ ပုံစုံနဲ့ ပိုက်ဆံ အရင်ယူလာခဲ့လို့
ပြောလိုက်တာ မ၀ယ်ဘဲ ထွက်ပြေးသွားတယ်"

ဂြိုလ်သားလည်း ဂြိုလ်ပေါ် ပြန်ရောက်ပြီး " ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ကို
ကျုပ် ဒီနေ့တွေ့ခဲ့တယ်။ ကျုပ်မိုးပေါ်က လာတယ်လို့ ပြောတော့ သူက မြေကြီးထဲက
လာတာတဲ့။ ကျုပ် လူသုံးယောက် သတ်ဖူးတယ်ပြောတော့ သူက လူအယောက် ၅၀ သတ်ဖူးတယ်တဲ့။
ကျုပ်က သေနတ်နဲ့ ပစ်သတ်လိုက်တာလို့ ပြောလိုက်တော့ သူက သူ့လက်နဲ့
ဖိသတ်လိုက်တာတဲ့။ ကျုပ်လဲလန့်ပြီး လစ်တော့တာပဲ"
*ခံနေလို့ဖြစ်မလား*

ရုပ်ရှင်ရုံအ၀င်ဝမှာအမျိုးသမီြး
ကီးတစ်ဦးက
လက်မှတ်စစ်ကိုရိုက်လိုက်လို့
ဘာဖြစ်လို့ရိုက်ရတာလဲ
မိုက်ရိုင်းလို့ပါ..ကျွန်မ၀ယ်လာတဲ့
လက်မှတ်ကိုယူပြီးဆွဲဆုတ်ပစ်တယ်လေ..။ ။

အထင်နဲ့အမြင် ဒေါက်တာကျွန်တော့်ဒဏ်ရာကိုမချုပ်သေးဘဲနဲ့ ဘာဖြစ်လို့အချွန်နဲ့
ထိုးကလိနေရတာလဲ..
နည်းနည်းတော့သည်းခံရမှာပေါ့..အထဲရောက်နေတဲ့ကျည်ဆံ
ထိပ်ဖူးကိုထုတ်ပစ်မှဖြစ်မှာမို့ပါ
ဟင်းစောစောကပြောရောပေါ့ဒေါက်တာရယ်ကျည်ဆံကကျွန်တော့်
အိတ်ကပ်ထဲမှာဗျ..

အိပ်တော့အိပ်ပါတယ်
ဆရာဝန်။ ။ ဘယ့်နှယ့်လဲကျွန်တော်ညွှန်ကြားတဲ့အတိုင်း
အိပ်တဲ့အခါပြတင်းပေါက်တွေကိုပိတ်ပြီးအိပ်ရဲ့လား..
လူနာ။ ။အိပ်ပါတယ်ဆရာ..ဒါပေမယ့်ရုံးသူရုံးသားတွေအားလုံးက
အိုက်လို့မှောင်လို့ဆိုပြီးကျွန်တော့်ကိုပူညံပူညံပြောကြတယ်..

သူ့လက်ရာ
ဒီနေ့ကျွန်မချက်ကျွေးတဲ့ဟင်းကဘယ်လိုနေလဲ
ကောင်းတယ်မိန်းမရာချိုပြီးဆိမ့်နေတာပဲ
မဟုတ်သေးပါဘူးတော် ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာ
ချဉ်စပ်လို့ရေးထားတယ်ရှင့်


ဒီနေ့ပို့မယ့်နေရာ...
လူတစ်ယောက်ကခြင်္သေ့တစ်ကောင်နဲ့အတူမြို့ထဲမှာလမ်းလျှောက်လာကိုရဲသားကမြင်တော့
'''ဟေးး..ခင်ဗျားအဲ့ဒီခြင်္သေ့ကိုတိရစ္ဆာန်ရုံသွားပို့သင့်တယ်…'''
''ဟုတ်ကဲ့''
နောက်ရက်မှာလည်းအဲ့လူကိုမြို့လယ်ခေါင်မှာခြင်္သေ့နဲ့အတူတွေ့ပြန်ရော…
ဒီတော့ရဲသားက
'''ဟေးလူ ခင်ဗျားကိုကျုပ်မနေ့က
ပြောတယ်လေ..အဲ့ဒီခြင်္သေ့ကိုတိရစ္ဆာန်ရုံသွားပို့ဖို့'''
''ဟုတ်ကဲ့ ပို့ခဲ့ပါတယ်.. ဒီနေ့တော့ရုပ်ရှင်ရုံလိုက်ပို့မယ်စိတ်ကူးမိလို့…''


ပလုံ
ဒေါ်ထိပ်ထားခင်က စည်းကမ်းသိပ်ကြီးတယ်..
ညစာစားဖို့စားပွဲထိုင်ပြီးကြပြီဆိုတာနဲ့ဘာစကားမှမပြောရဘူး..
တစ်ရက်မှာညစာစားဖို့စားပွဲထိုင်နေကြတုန်း
ရေးကြီးသုတ်ပြာနဲ့သားကြီးရောက်လာတယ်..ပြီးတော့…..
'''အမေ'''
''စကားမပြောရဘူးဆိုတာမသိဘူးလား.. ဟိုဘက်မှာထိုင်ပါ..''
'''ဟို..ကျွန်တော်..'''
''ပြောစရာရှိရင်စားပြီးမှပြောလို့ပြောထားတယ်လေ..''
ဒီလိုနဲ့ထမင်းစားပြီးကြတော့
''ကဲပြောဘာလဲ''
'''ညီမလေးရေတွင်းထဲကျသွားလို့…'''


ဒါမျိုးသောက်ချင်ရင် ဒီလိုလုပ်

စားသောက်ဆိုင်တစ်ခုတွင်ဖြစ်သည်-
စားသုံးသူ- "ဟေ့ဝိတ်တာ..ဟောဟိုစားပွဲပေါ်ကပုဂ္ဂိုလ်ကြီးသုံးဆောင်နေတဲ့
အရက်မျိုးငါသောက်ချင်တယ်ကွာ.."
စားပွဲထိုး - "ရပါတယ်ဆရာ..တယ်လီဖုန်းလာနေတယ်ဆိုပြီး
သူ့ကိုကျွန်တော်ပထုတ်သွားမယ်..
အရိပ်အခြည်ကြည့်ပြီးဆရာလှုပ်ရှားပေတော့"


* ကြိုက်တာဝယ်စားး.. *
အမေရိကန်နိုင်ငံ၌၀က်မွေးမြူသူထံသို့ တစ်နေ့သောအခါလူကြီးလူကောင်းတစ်ဦး
ရောက်ရှိလာပြီးစုံစမ်းလေသည်။
ခင်ဗျားရဲ့ဝက်တွေကိုဘယ်လိုအစာကျွေးသလဲဗျ
"ကျွန်တော့်ဝက်တွေကိုထမင်းကျန်ဟင်းကျန်တွေနဲ့ဟင်းသီးဟင်းရွက်
အပုပ်တွေရောစပ်ပြီးကျွေးပါတယ်..
ကြားရတာစိတ်မကောင်းစရာပဲ ကျွန်တော်ကကမ္ဘာ့တိရစ္ဆာန်များထိန်းသိမ်း
စောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ..အခုလိုကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအစာ
တွေကျွေးမှုအတွက်ဒဏ်ငွေရိုက်ရပါလိမ့်မယ်.."
ဒဏ်ငွေဆောင်ပြီး၃လခန့်ကြာပြန်သော်နောက်ထပ်လူကြီးလူကောင်းတစ်ယောက်
လာပြီးစုံစမ်းပြန်သည်။
ခင်ဗျားဝက်တွေကိုဘယ်လိုအစာကျွေးသလဲဗျ
ဟုတ်ကဲ့..ပေါင်မုန့်ပူတင်း..ဒိန်ခဲ..အာလူး..ကြက်ပေါင်းနဲ့ဗိုက်တာမင်အားဆေးတွေ
ရောစပ်ပြီးကျွေးပါတယ်...
အားပါး..အံ့သြစရာပဲ..ကျွန်တော်ကကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကအရာရှိပါ..ကမ္ဘာကြီးရဲ့
လူဦးရေလေးပုံတစ်ပုံလောက်နှစ်စဉ်အငတ်ဘေးကြုံနေတာတောင်ကိုမှခင်ဗျားကခြိုးခြံမှု
မရှိဘဲဖြုန်းတီးပစ်နေတာ အဲ့ဒီအတွက်ခင်ဗျားကိုဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ပါတယ်..
ဒဏ်ငွေဆောင်ပြီးများမကြာမီ နောက်တစ်ဦးလာပြန်လေသည်။
ခင်ဗျားဝက်တွေကိုဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျာ
တစ်ကောင်ကိုတစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ပြောလိုက်တယ်..


ကျူးလွန်မိမှာစိုးလို. အဲ့...

Q : ဒါနဲ.ဲ့..နေပါအုန်း..နေပါအုန်း...
A : နေပါတယ်..
Q : မင်းကဘာလို. အရက်ကို အလွန်အကျွှံ သောက်ရတာလဲ...
A : သူရမေရာကံ ကျူးလွန်ပြီး...အခြားကံ ၄ ပါးလုံအောင်လို.ပါ...
Q : ဘာကွ! သူရာမေရကံ ကျူးလွန်ပြီး....အခြားကံ ၄ ပါးပါ ချိုးဖောက် တာ
မဟုတ်ဘူးလား..
A : ဘဲနဲ. ချိုးဖောက်ရမှာလဲ..
Q : ဗျာ..
A: အေ့..။ တကယ်သောက်ကြည်.ပါလား...အရက်မူးလွန်လို.
သူများကိုလိမ်ဖို.မပြောနဲ.ကို.ရှာအလုံးကြီးကို
ုပြန်မကိုက်မိအောင်လို. မနဲ ထိန်းထားရတယ်....အေ့...။
Q : အေ့!
A : မအေ့နဲ. တချို.ဆို အမူးလွန်းပြီး အမှန်တိုင် ပြောမိလို. ကျွှဲခိုးပေါ်တာ
ရှိသေး..အေ့။
Q : အဲ့!
A : မ အဲ့ နဲ. အုန်းရှိသေးတယ်..သူတပါးပိုက်ဆံခိုးဖို.မပြောနဲ.
ကိုယ့်အိတ်ထဲ ပိုက်ဆံတောင် ဘယ်ကောင် နှိက်သွားမှန်း မသိလို.
ပျောက်ရတာအကြိမ်ကြိမ်...အေ့။
Q : ဟင်!
A : မဟင်နဲ.အုန်း..ကျန်သေးတယ်...သူတပါးအသက်သက်ဖို.မပြောနဲ.
ကိုယ်ဘာသာကို မရပ်နိုင်လို. ဓာတ်တိုင် ဖတ်ထားရတာဘဲ ကြည်. တော့...အေ့..။
Q : သြော်!
A : မသြော်နဲ.မပြီးသေးဘူးသူများသားမယားကိုပြစ်မှားဖို.ဆိုဝေးရော...
နိုင်ငံခြားမှာ ဖြစ်ဖူးတယ်...အမူးလွန်ပြီး ပန်ခြံထဲမှာ အိပ်နေတာ ကိုယ်.
ဖင်ထဲကို
မြွေဝင်သွားမှန်း တောင်မသိဘူး...အေ့..။
Q : မင်ပြောတော့လည်း ဟုတ်သလိုဘဲ......ငါလည်း ကံ၎ပါး လုံအောင် အရက်သောက်ရ
မလိုဖြစ်နေပြီ အရက်ဆိုင် သွားအုံးမှ.....။
ညားခါစ ဇနီးမောင်နှံတွေရဲ့ ဘ၀ဟာ ပျားရည်စက်လိုပဲ ချိုမြိန်လွန်းလှတယ်။
ဒါပေမယ့် မကြာလိုက်ပါဘူး အဲဒီ ချိုမြိန်တဲ့ အရသာဟာ
ခါးသက်သွားခဲ့ရတယ်.....

သူမဟာ အတွင်းရေးမှူး တစ်ဦးပါ။ အလုပ်ကိစ္စကြောင့် မန်နေဂျာနဲ့အတူ
ညစာစားပွဲတွေကို အမြဲလိုလို တက်ရောက်ရတယ်။ တစ်ခါက အခြားကုမ္ပဏီတစ်ခုနဲ့
အလုပ်ကိစ္စ ဆွေးနွေးခဲ့ကြတယ်။ သူမက လုပ်နေကျ အတိုင်း အချက်အလက်တွေကို
ကော်ဖီသောက်ရင်း လိုက်မှတ် နေခဲ့တယ်။ သူမသောက်ခဲ့တဲ့ ကော်ဖီခွက်မှာ
နှုတ်ခမ်းနီရာတွေ ထင်ကျန်ခဲ့တာကို မြင်တော့ အားတုန့်အားနာ ဖြစ်ပြီး
ပေနေတဲ့ဖက်ကို မသိမသာ ကိုယ့်ဖက်ကို လှည့်လိုက်မိတယ်။ ဒါကို တစ်ဖက်ကုမ္ပဏီ
က အတွင်းရေးမှူး မလေးက မြင်ဖြစ်အောင် မြင်လိုက်တယ်။ ဆွေးနွေးပွဲအပြီး
သန့်စင်ခန်းထဲမှာ အဲဒီအတွင်းရေးမှူးမလေးနဲ့ သူမ ထိပ်တိုက်တိုးခဲ့တယ်။

"နှုတ်ခမ်းနီအရောင်က အရမ်းလှတယ်နော်.... ဒါပေမယ့် အဲဒီအရောင်က ဖန်ခွက်ပေါ်
ပေကျန်ခဲ့တော့ အရုပ် ဆိုးသွားရော ကျွန်မတို့လို အတွင်းရေးမှူးဆိုတာ
ကုမ္ပဏီရဲ့ ရှေ့ပြေးပါ...အဲလိုဈေးပေါတဲ့ နှုတ်ခမ်းနီကို မသုံးသင့်ဘူး"
သူမမျက်ရည်တွေ ဝေ့တက်လာခဲ့တယ်။ လက်ထပ်ပြီးနောက်ပိုင်း
ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင် နိုင်ဖို့အတွက် "အလုပ်လုပ် ငွေစု"
ဆိုတဲ့အရာက သူတို့ဘ၀မှာ အရေးအပါဆုံး ဖြစ်နေခဲ့တယ်။ သူမအတွက် အ၀တ်အစားနဲ့
အလှပြင်ပစ္စည်းဆိုတာ အထွေထွေ ကုန်ကျစရိတ်ထဲက အနည်းဆုံးအရာပါ။ အရွယ်တင်တယ်
ဆိုတာ ဂုဏ်ယူဖို့ကောင်းတဲ့ အရင်းအနှီးတစ်ခုလို့ ထင်ပြီး ဈေးနှုန်းတွေကို
သူမ ဂရုမစိုက်ဘဲ အပေါဆုံး နှုတ်ခမ်းနီတွေကိုပဲ ၀ယ်သုံးခဲ့တယ်။ ဒါပေမယ့်
ဒီနေ့လို အဖြစ်အပျက်က သူမရင်ကို မခံချင်စိတ်နဲ့ ခံစားချက် တချို့ကို
ကိန်းအောင်းစေခဲ့တယ်။

သူ့ကို အဲဒီအဖြစ်အပျက်တွေ သူမ မပြောပြခဲ့ပေမယ့် သူနဲ့ ဈေးဝယ်ထွက်တိုင်း
သူမရဲ့ စိတ်ဟာ အရင်ကနဲ့ တူမနေဘူး ဆိုတာ သူမကိုယ်တိုင်ခံစားမိခဲ့တယ်။
တစ်ခြားမိန်းကလေးတွေလိုပဲ ကြွားဝါချင်တဲ့ သူမရဲ့စိတ်ကို မပြည့်စုံခြင်းက
လိုက်မဖြည့်ပေးနိုင်ခဲ့တော့ ကျောင်းတုန်းက ငွေကြေးကြောင့် လက်ထပ်ခြင်းကို
ရွေးခဲ့ကြတဲ့ မိန်းကလေးတွေကို တော်တယ်လို့ တစ်ခါတလေ သူမတွေးခဲ့မိတယ်။
အဲဒီလိုသာ သူမ ရွေးခဲ့မိရင် ဒီနေ့လို အဖြစ်မျိုး ကြုံရလိမ့်မယ်
မဟုတ်ဘူးလို့လည်း မိုက်မိုက်မဲမဲ တွေးမိပြန်တယ်။ သူအသုံးမကျလို့ အခုလို
ဖြစ်ရတယ်ဆိုတဲ့ အဖုထစ်လေးတစ်ခုက သူမရင်ထဲ ခိုဝင်လာခဲ့တော့တယ်။ သူ့ကို
ဖွင့်မပြောခဲ့ပေမယ့် သူနဲ့ ပြောဖို့အတွက် သူမရဲ့စကားတွေဟာ
နည်းသထက်နည်းလာခဲ့တယ်။

ပြောင်းလဲလာတဲ့ သူမရဲ့ စိတ်ကို တစ်နေ့မှာ သူမ အကောင်အထည် ဖော်လိုက်မိတယ်။
အဲဒီနေ့က ကုန်တိုက်တစ်ခုရှေ့ အဖြတ် အလှပြင်ပစ္စည်းတွေ
ပရိုမိုးရှင်းလုပ်နေတာနဲ့ ကြုံခဲ့တယ်။ အရောင်းစာရေးမ တစ်ယောက်က သူမကို
လှမ်းတားပြီး ပြင်သစ်ထုတ် နှုတ်ခမ်းနီတစ်တောင့် ထုတ်ပြပြီး သူမကို အစမ်း
ဆိုးစေခဲ့တယ်။ အရောင်ကလည်း လှ၊ ကြာရှည်ခံပြီး အခြားပစ္စည်းပေါ်မှာလဲ
မပေကျန်ခဲ့တတ်တဲ့ အကြောင်း အားပါးတရ ရှင်းပြတော့ သူမရဲ့
လိုချင်တဲ့စိတ်ကို သူရိပ်မိသွားတယ် ထင်ပါရဲ့ ပိုက်ဆံအိတ်ကို သူ
ထုတ်လိုက်တယ်။ ဈေးနှုန်းမေးကြည့်တော့ ၈%လျော့ဈေးဆိုပေမယ့်
သူတို့ဘယ်လိုမှ မထင်မှတ်ထားတဲ့ ဈေးနှုန်းပါ။ ပိုက်ဆံအိတ်ထုတ်နေတဲ့ သူလက်
တွန့်သွားခဲ့တယ်။ သူမကို သူတစ်ချက် ကြည့်လိုက်ချိန်မှာ
ဝမ်းနည်းမှုတစ်မျိုးက သူမ ရင်ထဲကို တိုးဝင်လာခဲ့တယ်။ လူတွေကြားထဲက သူမ
ထွက်ပြေးလာခဲ့မိတယ်။ အဲဒီနောက်မှာတော့ သူမနဲ့သူ ပထမဆုံးအကြိမ် အကြီးအကျယ်
စကားများကြတော့တယ်။ နှုတ်ခမ်းနီ တစ်ဗူးကြောင့် သူတို့ရဲ့ နွေးထွေးလှပတဲ့
အိမ်ထောင်ရေးဟာ လမ်းဆုံးကို ရောက်သွားခဲ့ရတယ်။

(ခ)
နှုတ်ခမ်းနီတွေကို သူမပိုင်ဆိုင်ခဲ့ပေမယ့် ပျော်ရွှင်မှုတွေကို
မပိုင်ဆိုင်နိုင်ခဲ့ဘူး........
.

ကွာရှင်းပြတ်စဲပြီး သိပ်မကြာဘူး..ကုန်သည်တစ်ဦးနဲ့ သူမလက်ထပ်ဖြစ်ခဲ့တယ်။
သူမ လက်ထပ်တဲ့နေ့က သူ့ဆီက ပါဆယ်ဗူး တစ်ခု လက်ခံရရှိခဲ့တယ်။ အဲဒီဘူးလေးကို
သူမ ဖောက်တောင်မကြည့်ဘဲ ဘီရိုရဲ့ ချောင်တစ်နေရာမှာ ထိုးထည့်ထားလိုက်တယ်။
သူမကို ၀မ်းနည်းအောင် လုပ်ခဲ့တဲ့ သူ့ကို သတိတောင် မရချင်တော့ဘူး။
ဒုတိယအကြိမ် အိမ်ထောင်ပြုခြင်းက သူမရဲ့ အလိုဆန္ဒအားလုံးကို
ဖြည့်ပေးနိုင်ခဲ့တယ်။ အ၀တ်အစားကအစ အလှပြင်ပစ္စ္စည်း၊ ဖိနပ်တွေကအဆုံး
အားလုံးဟာ နာမည်ကြီး တံဆိပ်တွေပဲဖြစ်တယ်။ သူမလိုချင်တဲ့ ဘ၀နဲ့
ပျော်ရွှင်မှုတွေကို ငွေကြေးတွေနဲ့ ခိုင်းစေခဲ့တယ်။

ခင်ပွန်းဖြစ်တဲ့ ကုန်သည်က မနက်စောစော အိမ်ကထွက်ပြီး ညနက်မှ ပြန်လာတတ်တယ်။
တစ်ခါတလေ အိမ်ပြန်မအိပ်တဲ့ ညတွေလည်း ရှိခဲ့တယ်။ သူမအတွက် သူ့ရဲ့
ဖြေရှင်းချက်တွေက အလုပ်များတယ်၊ အလုပ်ကြောင့်ဆိုတဲ့ စကားတွေပဲဖြစ်တယ်။
ခင်ပွန်းရဲ့ အင်္ကျီပေါ်မှာ နီရဲနေတဲ့ နှုတ်ခမ်းရာတစ်ခုကို တွေ့လိုက်မိမှ
အိမ်ပြန်နောက်ကျတာနဲ့ ပြန်မအိပ်ခဲ့တဲ့ အဖြစ်တွေကို သူမ
သဘောပေါက်လိုက်တယ်။ ခင်ပွန်းကို မေးတော့ စိတ်ပျက်တဲ့ လေသံနဲ့
"မိန်းမဆိုတာ မိန်းမလိုနေ..တခြားဘာမှ လိုက်ပတ်သက်နေစရာ မလိုဘူး... အခုလို
နေရာမျိုးမှာ နင်ကျေနပ်သင့်တယ်.. စိတ်ဆိုး စိတ်တိုဖို့ မစဉ်းစားနဲ့...
ငါ့ကိုနင် လက်ထပ်ခဲ့တာဟာ ငါ့စည်းစိမ်တွေကြောင့်ပဲ မဟုတ်လား...
ချမ်းချမ်းသာသာနဲ့ နေစမ်းပါ"
ကျိန်းခနဲ ဆောင့်ပိတ်သွားတဲ့ တံခါးနဲ့အတူ ခင်ပွန်းဟာ အိမ်ကနေ
ထွက်သွားခဲ့ပြီး ရက်အတော်ကြာ ပြန်မလာခဲ့ဘူး။ သူမ စိတ်ပျက်လက်ပျက်
အော်ရီမိတယ်... ခင်ပွန်းရဲ့ မျက်စိထဲမှာ သူမဟာ ကပ်ပါးကောင် တစ်ကောင်
ဖြစ်နေပါရော့လား...

အ၀တ်အစားတွေကို ထုတ်သိမ်းနေတုန်း ဘီရိုရဲ့ ချောင်ထဲမှာ ထိုးသိပ်ထားတဲ့
ဗူးတစ်ခုကို သူမ တွေ့လိုက် မိတယ်။ ဖောက်ကြည့် လိုက်တော့ ဟိုးအရင်တုန်းက
သူနဲ့ ဈေးဝယ်ထွက်တုန်းက တွေ့ခဲ့မိတဲ့ ပြင်သစ်လုပ်
နှုတ်ခမ်းနီလေး...နှုတ်ခမ်းနီဗူးရဲ့ ဘေးမှာ စာလေးတစ်စောင်.... "နှုတ်ခမ်းနီ
တစ်ဗူးကြောင့် ငါတို့လမ်းခွဲ ရမယ်လို့ တစ်ခါမှ မထင်ခဲ့မိဘူး...
ပြန်စဉ်းစားမိတိုင်း ရင်နာလို့ မဆုံးဘူး။ အရင်တုန်းက ထားခဲ့တဲ့
ဂတိသစ္စာတွေဟာ မျက်စိရှေ့မှာတင် မီးခိုအဖြစ်နဲ့ ပျောက်ဆုံးခဲ့ကြရပြီ။
နင့်ကို ဆုံးရှုံးလို့ ရခဲ့တဲ့ ငါ့ဒဏ်ရာ တွေဟာ ဒီနေ့အထိ အရှင်လတ်လတ်ပဲ
ရှိနေသေးတယ်။ ဒါတွေကို ပြောနေလို့လဲ အရာမရောက်တော့ပါဘူး...
အိမ်ထောင်သစ်နဲ့ နင်ပျော်နိုင်ပါစေ...ဒီနှုတ်ခမ်းနီလေးက နင့်အတွက်
ကံကောင်းခြင်းတွေ သယ်လာနိုင်ပါစေ"

နှုတ်ခမ်းနီကို အိတ်ထဲ ထိုးထည့်ပြီး "ပြီးဆုံးခြင်း" ဆိုတဲ့တံခါးကို
ဒုတိယအကြိမ် သူမ ပိတ်ခဲ့ပြန်တယ်။ အေးစက်တဲ့ အဲဒီလက်ထပ်ခြင်းမျိုးက
သူမအတွက် ဘာသံယောဇဉ်မှ ကျန်မနေခဲ့တော့ပါဘူး။

(ဂ)
တီဗွီအစီအစဉ်တစ်ခုမှ သူ့ရဲ့ အင်တာဗျူးကို သူမကြည့်လိုက်ရတယ်။ သူဟာ
ပြည်တွင်း အလှကုန်ပစ္စည်းတွေ ဖြန့်တဲ့ ကုမ္ပဏီတစ်ခုကိုတောင်
ပိုင်ဆိုင်ထားပါလား... သူ့ ကုမ္ပဏီရဲ့ အဓိက ဖြန့်ကုန်တွေဟာ
နှုတ်ခမ်းနီပါတဲ့။ ဘာကြောင့် နှုတ်ခမ်းနီတွေပဲ ဖြစ်ရတာလဲလို့
အင်တာဗျုးသူတွေက မေးတော့ သူက စိတ်ထိခိုက်စွာနဲ့ "နှုတ်ခမ်းနီ
တစ်ဗူးကြောင့် ကျွန်တော့် အိမ်ထောင်ရေး ဆုံးရှုံး သွားခဲ့ရဖူးတယ်။
အဲဒီနှုတ်ခမ်းနီက ဈေးအရမ်းမကြီးပေမယ့် သူ့အတွက်
ကျွန်တော်မ၀ယ်ပေးနိုင်ခဲ့ဘူး။

အဲဒီနှုတ်ခမ်းနီဟာ သူ့အတွက် ဘယ်လောက် အရေးပါသလဲဆိုတာ ကျွန်တော်မသိခဲ့ဘူး။
ဈေးပေါတဲ့ နှုတ်ခမ်းနီကို သုံးခဲ့လို့ ဖန်ခွက်ပေါ် ပေကျန်ခဲ့တဲ့
နှုတ်ခမ်းရာတွေဟာ သူ့စိတ်ကို တော်တော်လေး ထိခိုက်စေခဲ့တယ်။ မပေတတ်တဲ့၊
မကပ်ကျန် ခဲ့တတ်တဲ့ နှုတ်ခမ်းနီက သူ့အတွက် လိုအပ်ကြောင်း ကျွန်တော်
မသိခဲ့ဘူး။ နောက်မှ သူနောက်အိမ်ထောင် ပြုမယ့် နေ့ရောက်မှ
သူ့သူငယ်ချင်းဆီက အဖြစ်မှန်တွေကို ကျွန်တော်သိခဲ့ရတယ်။ အဲဒီနှုတ်ခမ်းနီကို
ကျွန်တော်ဝယ်ပေးခဲ့ပေမယ့် သူဟာ တစ်ခြားသူရဲ့ ဇနီးမယား ဖြစ်သွားခဲ့ပါပြီ..
အဲဒီနေ့ကစပြီး နှုတ်ခမ်းနီတွေကို ဖြန့်ဖို့၊ ဖန်ခွက်ပေါ် မပေကျန်ခဲ့တတ်တဲ့
နှုတ်ခမ်းနီတွေကို မိန်းကလေးတိုင်း ၀ယ်နိုင်ဖို့ လုပ်မယ်လို့ ကျွန်တော်
ဆုံးဖြတ်ခဲ့တယ်"

တီဗွီဖန်သားပြင်ကို သူမ ငေးစိုက်ကြည့်ရင်း မျက်ရည်တွေက ပါးပြင်ပေါ်ကို
အဆက်မပြတ် စီးကျလို့ လာခဲ့ တယ်။ သူမလက်ထဲမှာ တင်းတင်းဆုပ်ကိုင်ထားတဲ့
နှုတ်ခမ်းနီလေး တစ်ခုကတော့ ကျိုးပဲ့လို့ နေခဲ့ပြီလေ.....

"မှားယွင်း" ပြီးမှ "နောင်တ"ဆိုတဲ့အရာက အမြဲတံခါး လာခေါက်တတ်တယ် ဆိုတဲ့
အကြောင်း.. သေးငယ်တဲ့ ပြဿနာတစ်ခုနဲ့ ဆုံးဖြတ်ချက် ကြီးကြီး မချမိစေဖို့
ဒီဇာတ်လမ်းက ပြောပြသွား ခဲ့ပါတယ်။



အေဘီသွေးပိုင်ရှင်များ..

ရေးသားသူ - XyBo
July 02,
2008

အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်...
အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး မထူးခြားလှတဲ့ စရိုက်သဘာဝကို
ပိုင်ဆိုင်ထားပါတယ်တဲ့...

မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို
ကွက်ကျော်မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါတဲ့...
ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို လျင်လျင်မြန်မြန်
အကဲခတ်နိုင်စွမ်းရှိသူများလည်း ဖြစ်ပါတယ်... ဒါကြောင့်မို့ ပတ်ဝန်းကျင်က
လူတွေက အေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့
အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ
ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း
ကောင်းမွန်ပြေပြစ်လာပါတယ်တဲ့... အစပိုင်းမှာတော့ အလုပ်တစ်ခုကို
ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ
မြန်မြန် ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့... ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး
ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကို နှစ်သက်သူများ ဖြစ်လို့
ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး ကြိုးကြိုးစားစား
တက်တက်ကြွကြွနဲ့ လုပ်ဆောင်တတ်ပါတယ်တဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း
အပြောအဆိုကို အတတ်နိုင်ဆုံး သတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း
အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်... လူတစ်ယောက်နဲ့
တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့ ကိုယ့်ရဲ့ ကြားမှာ အတားအဆီး
တစ်ခုကို ထားပြီးဆက်ဆံတတ်သူများလည်းဖြစ်
ပါတယ်... ဒါကတော့ သူတပါးအပေါ်မှာ
အမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့
အသေးစိတ်လှတဲ့ အတွေများကြောင့်ဘဲ ဖြစ်ပါတယ်... ဒါ့ပြင်
အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့
အကျင့်လည်းမရှိပါဘူးတဲ့... အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း
လုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလို အရာအားလုံးကို လက်တွေ့ကျကျ
တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်... အလုပ်တစ်ခုကို
လုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ
ဖြစ်ပါတယ်တဲ့... မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ
လူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်း ဖြစ်ပါတယ်... ဒါပေမယ့်
တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့်
ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့...
အေဘီသွေးပိုင်ရှင်များက ကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ
မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံတန်ရုံနဲ့ ဒေါသလည်း
မထွက်တတ်ပါဘူးတဲ့... ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ
မှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်သူများ
ဖြစ်ပါတယ်... တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကို
အေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလို တခါတလေမှာတော့
ခက်ထန်မှုတွေကိုသာ မြင်ရတတ်ပါတယ်.... ဒါတွေအားလုံးကတော့
အေဘီသွေးပိုင်ရှင်များ အကြောင်းသာ ဖြစ်ပါတယ်...

ဆက်လက်ပြီး စိတ်ဝင်စားဖွယ်ရာ အကြောင်းများကို တင်ပြပေးသွားပါဦးမယ်....


အိုသွေးပိုင်ရှင်များ

ရေးသားသူ - XyBo
July 01,
2008

ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်...
အိုသွေးပိုင်ရှင်များကတော့ စရိုက်သဘာဝက ထူးခြားပါတယ်...

အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့်
သူငယ်ချင်းတွေနဲ့ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး
လူတကာနဲ့ လိုက်လျောညီထွေအောင် နေတတ်သူများဖြစ်ကြပါတယ်... အရာအားလုံးကို
တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများ ဖြစ်ကြပါတယ်...
အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား
ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်... လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း
သူတပါးကို စာနာထောက်ထားတတ်ကြပါသတဲ့... အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု
ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက်
မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့
အကျင့်လေးများလည်း ရှိပါတယ်တဲ့... အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း
မြင့်မားသလို အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့...
ရလဒ်ကိုဘဲ ဦးစားပေးသူများလို့လည်း ဆိုနိုင်ပါသတဲ့... အလုပ်တစ်ခုကို
လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့...
ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို
ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်... ဒီလို စရိုက်တွေကို
ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း
အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့.... ဒါပေမယ့် ကိုယ်ရဲ့
အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက
တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်...
အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့
သိပ်မနှစ်သက်လှပါဘူး... အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ
လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်... တခါတလေမှာတော့
Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့...

အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့
အရာတွေအတွက် အများကြီး သည်းခံတတ်ပေမယ့် ရေရှည်တော့
သည်းမခံနိုင်ပါဘူးတဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့
ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့
နွေးနွေးထွေးထွေး သဘောထား ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့...
ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ
စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်... အိုသွေးပိုင်ရှင်များက တခါတလေမှာ
စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို
ကြိုက်နှစ်သက်ကြပါသတဲ့... တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့
အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား
ပြောတတ်ပါသတဲ့... ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ
ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို
မေ့ပြီးနေနိုင်သူများပါ...

ကျန်နေသေးသော အေဘီသွေး အကြောင်းကိုလည်း ဆက်လက် တင်ပြသွားပါဦးမည်....


ဘီသွေးပိုင်ရှင်များ

ရေးသားသူ - XyBo
July 01,
2008

ဒီနေ့တော့ ဘီသွေးပိုင်ရှင်များရဲ့ စိတ်နေသဘောထားများကို တင်ပြမှာ ဖြစ်ပါတယ်

ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက်ဖျက်လတ်ပြီး
တက်တက်ကြွကြွနဲ့ လှုပ်ရှုားတတ်ပေမယ့် ကျောင်းစတတ်တဲ့ အရွယ်လောက်ကစပြီး
ပတ်ဝန်းကျင်က လူတွေနဲ့ လိုက်လျောညီထွေအောင် မနေတတ်ဘဲ
လေလွင့်နေတတ်ပြန်ပါသတဲ့... ဒါပေမယ့် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီ
ဆိုရင်တော့ အားလုံးထက် ပိုပြီး ကြိုးကြိုးစားစားနေတတ်ကြတဲ့
သူများဖြစ်လို့ ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ
ဆက်လက်ပြီး ကြိုးစားပါ... ကိုယ်သဘောကျတဲ့ အလုပ်တစ်ခုတည်းမှာဘဲ
အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ် ဖြစ်ပါတယ်... ဒါပေမယ့်
ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့
သိပ်မကြိုးစားတတ်ကြပါဘူးတဲ့... ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး
ပြောရမယ်ဆိုရင်တော့ ဘီသွေးပိုင်ရှင်များဟာ သတ်မှတ်ထားတဲ့ ပုံစံအတိုင်း
ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး... ကိုယ်နဲ့ သိပ် မခင်လှတဲ့
မိတ်ဆွေတွေနဲ့ အတူရှိတဲ့ အချိန်မှာတော့ ဟန်မပျက် အလိုက်တသင့်
နေတတ်ကြသူများလည်း ဖြစ်ပါတယ်... မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့
ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်း မနှစ်သက်တတ်ကြပါဘူး...
ဘီသွေးပိုင်ရှင်များဟာ ပုံစံခွက်ထဲမှာ ချုပ်နှောင်ခံရတာမျိုးကို
မုန်းပြီး လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့...
ဒါပေမယ့် သတိပြုစရာ တစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ်
တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်က လူတွေကို
ဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ...

ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ
တွေးခေါ်တတ်တဲ့အပြင် သူတပါးကို မှီခိုအားကိုနေရတာမျိုးကို
မနှစ်သက်ကြပါဘူး... ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကို
ဆောင်ရွက်ချင်ကြပါတယ်... အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင်
တခြားအလုပ်တစ်ခုကို တပြိုင်တည်း ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်...
စည်းမျဉ်းစည်းကမ်းတွေကို သိပ် ဂရုမစိုက်တတ်လို့ ကိုယ့်ထက် အငယ်တွေရဲ့
ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို
ခံရတတ်ပါတယ်... တခါ ဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း
မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့... ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို
ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့...
အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက်
တောင်းပန်ဘို့ ၀န်မလေးသူများလည်း ဖြစ်ပါတယ်... တနည်းအားဖြင့်
အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာတို့ ရန်ညှိးတို့
မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်

ကျန်ရှိနေသေးတဲ့ သွေးအမျိုးအစားများ အကြောင်းကိုလည်း ဆက်လက် ဖော်ပြသွားပါမည်..


သွေးအမျိုးအစားများနှင့်ပတ်သတ်၍ အေသွေးပိုင်ရှင်များ ၏ထူးခြားချက်

ရေးသားသူ - XyBo
June 30,
2008

သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို
ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့ သွေးအုပ်စု လေးမျိုးထဲက
အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်..

အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ..
ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ
ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကို နောက်ပြောင်ရတာကိုလဲ
ကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က
စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ
အံ့အားသင့်လောက်အောင် အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့...
အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ
လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့... တခါတလေ ပတ်ဝန်းကျင် အခြေအနေ
မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့... အသစ်အဆန်းတွေကို
စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း
ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို
လုပ်ပြီဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက်
တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ... သပ်သပ်ရပ်ရပ်
စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ...
နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို
မရှိဘူးလို့ အပြောခံရတာကိုလည်း ခံရတတ်ပါတယ်... ဒါ့အပြင် ဘယ်လို
အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ
ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်... ဘုကြတယ် ဆိုပြီး
အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်...

အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း
ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ် မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့်
စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို
နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို ပျော်ရွှင်မှုပေးချင်ကြသူများ
ဖြစ်ပါတယ်... တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့
ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့... ဒီလို
မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ
တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့... ဒီသဘာဝလေးကတော့ သူတို့ရဲ့
မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့... ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ
မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့... အားလပ်တဲ့ အခါမှာ
လျှောက်လည်ရတာကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း
မနှမျောပါဘူးတဲ့... တစ်ယောက်တည်း သီးသန့်

ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်... အထက်လူကြီးရဲ့
အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင် မေ့လို့ မရဘဲ စိတ်ထဲမှာ
သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်...
ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု
ပိုများတာ ဖြစ်ပါတယ်... စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့
နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့... ဒါကြောင့်မို့ စိတ်ထဲက
မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..

ဒီကနေ့ ဖော်ပြပေးလိုက်တာကတော့ အေသွေးပိုင်ရှင်များရဲ့ စရိုက်သဘာဝများဘဲ
ဖြစ်ပါတယ်... ကျွန်တော်နဲ့ ကျွန်မက စံ ဇာဏီဘို မဟုတ်ပေမယ့် စိတ်နှလုံး
အပန်းဖြေနိုင်ရန် အတွက် ဖော်ပြပေးလိုက်ပါတယ်... နောက်နေ့
နောက်နေ့တွေမှာတော့ ကျန်နေသေးတဲ့ သွေးအုပ်စုများ အကြောင်းကို ဆက်လက်
တင်ပြသွားပါဦးမည်...

အေဘီ သွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူ

ရေးသားသူ - XyBo
August 18,
2008

အေဘီ-အေ (၆၅%)
ဒီနှစ်ယောက်သာ တွေ့ကြပြီဆိုရင်တော့ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးဟာ
ခြောက်ကပ်သွားတော့တာပါပဲ။ စကားတွေအများကြီး လိုအပ်တယ်လို့ ထင်ရပြီး
အချင်းချင်း အပြိုင် ခေါင်းမာနေတတ်လို့ စိတ်အခန့်မသင့်မှုလေးတွေလည်း
များတတ်ပါတယ်။ အေဘီသွေးပိုင်ရှင် ယောင်္ကျားများရဲ့ ထူးခြားချက်ကို နားမလည်
နိုင်တာကြောင့် စိတ်ပင်ပန်းရတဲ့ အတွဲလည်း ဖြစ်ပါတယ်။ မေးတာကတခြား ဖြေတာက
တခြား ဖြစ်တဲ့ အခါတွေလည်း များပါတယ်။ ဒီစုံတွဲလေးက ပြီးပြည့်စုံတဲ့
အတွဲလေးလို့ ပြောလို့ မရနိုင်သလို လုံးဝ ပေါင်းစပ်လို့မရဘူးလို့လည်း
ပြောလို့ မရပါဘူး။ အေသွေး မိန်းကလေးနဲ့ အေဘီသွေးယောင်္ကျားလေးတွေကတော့
နှစ်ဦးနှစ်ဘက်လုံးက သေချာပိရိတဲ့အပြင် အချင်းချင်းရဲ့
အားသာချက်လေးတွေကိုလည်း လက်ခံအသိအမှတ်ပြုတတ်ကြတာမို့ အဆင်ပြေတဲ့
အခြေအနေလေးကို ဖန်တီးနိုင်ပါတယ်။ အေသွေးမိန်းကလေးတွေက
စိတ်ဝင်စားစရာကောင်းတဲ့ စကား၊ ဟာသလေးတွေ ပြောတတ်တဲ့ ယောင်္ကျားမျိုးကို
သဘောကျတတ်ကြပါတယ်။

အေဘီ-ဘီ (၉၀%)
အေဘီသွေးယောင်္ကျားလေးများရဲ့ ပညာရှိရှိပြုမူတတ်တဲ့ အကျင့်လေးတွေက
ဘီသွေးမိန်းကလေးများကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။
အေဘီသွေးယောင်္ကျားလေးများကလည်း ဘီသွေးမိန်းကလေးများရဲ့
စမ်းသပ်လုပ်ကိုင်ချင်စိတ်၊ တက်ကြွဖျတ်လတ်မှုကို နှစ်သက်ကြပါတယ်တဲ့။
ဘီသွေးမိန်းကလေးများက အေဘီသွေးယောင်္ကျားလေးများ ပွင့်ပွင့်လင်းလင်းနဲ့
ချစ်ခွင့်ပန်တဲ့ ပုံစံမျိုးကို သဘောကြသလို ညင်းလည်း မညင်းနိုင်ပါဘူး။
ပွင်းလင်းတဲ့ စတိုင်လ်ကို လိုလားတာဟာ ဘီသွေးတွေရဲ့ စတိုင်လ်မို့ပါ။
ယောင်္ကျားလေးဘက်ကတော့ နည်းနည်း တစ်ကိုယ်ကောင်းဆန်တဲ့ အခါလေးတွေလည်း
ရှိတတ်ကြပြီး ရင်ထဲမှာ ခံစားရတဲ့အတိုင်း ဖော်ပြတတ်ပေမယ့်
ဘီသွေးမိန်းကလေးများရဲ့ ခံစားချက်ကို သိုဝှက်တတ်တဲ့ အကျင့်လေးတွေကို
နှစ်သက်ကြပါတယ်တဲ့။

အေဘီ-အို (၃၀%)
အချင်းချင်း လုံးဝ စရိုက်သဘာဝကို ပိုင်ဆိုင်ထားတာတောင်မှ တော်တော်
လိုက်ဖက်ညီတဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။ ချစ်သူအဖြစ်အနေထက်
အစ်ကိုတစ်ယောက်လို ခင်မင်တွယ်တာတာမျိုးက ပိုများပါတယ်။ အေဘီသွေး
ယောင်္ကျားလေးများရဲ့ ပွင့်လင်းတဲ့ စရိုက်ဟာ
အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ မျက်စိမှာတော့ တော်တော်
ဆွဲဆောင်မှုရှိနေတတ်ပါတယ်တဲ့။ အေးစက်ပြီး တရားကျကျ စဉ်းစားတတ်တဲ့
အေဘီသွေးပိုင်ရှင် ယောင်္ကျားလေးများကို အိုသွေးမိန်းကလေးများက
တောင့်တင်းခိုင်မာတဲ့ မှီခိုအားထားရာတစ်ခုလို့လည်း ထင်တတ်ကြပါတယ်။
ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်ညီမှုကတော့ ၃၀%ပါ။

အေဘီ-အေဘီ (၉၀%)
အချင်းချင်း ကောင်းကောင်းနားလည်နိုင်တဲ့အပြင် တဘက်သားကိုလည်း
အလေးအနက်ထားတတ်ကြပါတယ်။ အဆင်ပြေတဲ့ အတွဲလေးတစ်တွဲဖြစ်ပေမယ့်
သူများတွေအမြင်မှာတော့ သိပ်ပြီး မထူးခြားလှတဲ့ အတွဲလေး တစ်တွဲပါ။
တပူးကပ်ကပ်နေတတ်တဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။ နှစ်ယောက်စလုံးက
စဉ်းစားဥာဏ်ရှိတဲ့အတွက် တဘက်သားရဲ့ စရိုက်သဘာဝတွေအားလုံးကို
နားလည်ပေးနိုင်သလို မကြိုက်တဲ့ အပြုအမူကို ရှောင်ကျဉ်ကြပါတယ်။
တခါတလေမှာတော့ အတွေးအခေါ်တွေ မတိုက်ဆိုင်တဲ့အခါလေးတွေလည်းရှိပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှတဲ့ အတွဲဖြစ်တာကြောင့် ပျော်စရာကောင်းတဲ့
အတွဲလေးလည်း ဖြစ်ပါတယ်။



အိုသွေးပိုင်ရှင်များနဲ့ လိုက်ဖက်မယ့်သူ

ရေးသားသူ - XyBo
August 18,
2008

အို-အေ (၁၀၀%)
အိုသွေး ယောင်္ကျားလေးများရဲ့ လွတ်လွတ်လပ်လပ် နေတတ်တဲ့ သဘောနဲ့
အေသွေးပိုင်ရှင် မိန်းကလေးများရဲ့ အလေးနက်ထားတတ်တဲ့ အကျင့်တွေကို
ပေါင်းစပ်လိုက်ရင်တော့ သဘာဝကျတဲ့ အတွဲကို ဖြစ်စေပါတယ်။
အေသွေးပိုင်ရှင်မိန်းကလေးများကတော့ အိုသွေးပိုင်ရှင် ယောင်္ကျားလေးများကို
အိုအေစစ်လို အေးမြစေချင်ကြပါတယ်တဲ့။ အမြဲတမ်း ကံကောင်းမှုကို
ဖြစ်စေပါတယ်တဲ့။ မိတ်ဆွေအဆင့်ဆိုရင်တော့ အကျိုးရှိစေမယ့် စကားများကို
ဖလှယ်ရင်းနဲ့ ခင်မင်မှုကို ပိုမို ဖြစ်စေပါတယ်။ အချင်းချင်း
နောက်ပြောင်ပြောဆိုတဲ့ အခါမှာလည်း အပြန်အလှန် ဖလှယ်နိုင်တာကြောင့်
လိုက်ဖက်ညီတဲ့ အတွဲလေးလည်း ဖြစ်နိုင်ပါတယ်တဲ့။

အို-ဘီ (၇၅%)
မိန်းကလေးဘက်က လိုက်ကပ်နေတတ်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်တဲ့။ အမြဲတမ်း
ဘီသွေးမိန်းကလေးများရဲ့ စိတ်အသွားအလာကိုလည်း
မခန့်မှန်းနိုင်လောက်အောင်ပါတဲ့။ စိတ်ကတော့ ကြင်ကြင်နာနာ ဆက်ဆံချင်ပေမယ့်
လုပ်လိုက်တဲ့ အလုပ်တိုင်းကတော့ အဆင်မပြေတာချည်းပါပဲ။ ဒါပေမယ့်
မိန်းကလေးဘက်ကတော့ သင့်ကို ကောင်းကောင်း ဆုံးဖြတ်နိုင်စွမ်းရှိတဲ့
ယောင်္ကျားတစ်ယောက်လို့ ယုံကြည်နေတတ်ပါတယ်။ ဒီအချက်ကို သတိထားပြီး သူမကို
ဆွဲဆောင်ပါတဲ့။ ဒီလိုသာ လုပ်မယ်ဆိုရင်တော့ ပိုပြီးချစ်လာနိုင်ပါတယ်တဲ့။
အချင်းချင်း အလေးထားတာရော ကတိကိုတည်ချင်တဲ့ စိတ်ဓါတ်တွေအားလုံးကြောင့်
အချင်းချင်း သစ္စာဖောက်တာမျိုး လုံးဝမရှိပါဘူး။ တကယ်တော့
အိုသွေးပိုင်ရှင်ယောင်္ကျားလေးများက ကလေးဆန်ပြီး ချွဲတတ်တဲ့
မိန်းကလေးမျိုးကို လိုလားသလို အိုသွေးမိန်းကလေးများကလည်း ကြင်နာပြီး
နွေးထွေးတဲ့ ယောင်္ကျားမျိုးကို လိုလားပါတယ်တဲ့။ ဒီအချက်မှာတော့ နည်းနည်း
အဆင်မသင့်တာမျိုးတော့ ရှိတတ်ပါတယ်။

အို-အို (၄၀%)
အချင်းချင်း အရမ်းကို လိုက်ဖက်ညီတယ်လို့ ထင်ရပါတယ်။ သာမန် ယောင်္ကျားလေးနဲ့
မိန်းကလေးကြားမှာ မပြောနိုင်လောက်တဲ့ အကြောင်းတွေကိုတောင်
ပြောနိုင်လောက်အောင် ရင်းနှီးနိုင်ပါတယ်တဲ့။ အချင်းချင်း
ယောင်္ကျားမိန်းမရယ်လို့ မတွေးပဲ သူငယ်ချင်းအနေနဲ့ ဆက်ဆံတတ်ကြပါတယ်။
လမ်းမှာ သူတောင်းစားများ တွေ့ရင် ဒီတိုင်းမသွားနိုင်ပါဘူး။
စိတ်ထားကောင်းတယ်လို့ ဆိုလိုလို့ရပါတယ်။ အိုသွေးအချင်းချင်း အားလုံး
အိုကေမှာပဲလို့ ထင်နိုင်ကြပေမယ့် တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။
လိုက်ဖက်မှု ရာခိုင်နှုန်းက ၄၀%ပါ။

အို-အေဘီ (၉၅%)

အချင်းချင်း သိပ်အဆင်မပြေဘူးလို့ ထင်ရတဲ့ အတွဲပါ။
တစ်ကိုယ်ကောင်းဆန်တတ်တဲ့ အကျင့်လေးတွေကြောင့် စိတ်အခန့်မသင့်တာလေးတွေ
ရှိတတ်ပါတယ်။ ရန်ဖြစ်ရာကနေ သံယောစဉ်တွယ်တတ်တဲ့ အတွဲတွေလည်း
ရှိနိုင်ပါတယ်။ အချင်းချင်း လက်တွေ့ကျကျ စဉ်းစား ကပ်သပ်နေတတ်တဲ့ အတွက်
သူများတွေ အမြင်မှာတော့ နည်းနည်း စိတ်ပင်ပန်းနေရတတ်ပါတယ်။ ဒါပေမယ့်
လိုက်ဖက်ညီမယ့် ရာခိုင်နှုန်းကတော့ ၉၅% ပါ။



ဘီသွေးပိုင်ရှင်နဲ့ လိုက်ဖက်မယ့်သူ

ရေးသားသူ - XyBo
August 17,
2008

ဘီ-အေ (၂၀%)
ရှက်တတ်တဲ့ မိန်းကလေးမျိုးတွေကို ဘီသွေးယောင်္ကျားလေးများက
နှစ်သက်ကြပါတယ်တဲ့။ ဘီသွေး ယောင်္ကျားလေးများရဲ့ သွက်လက်ဖျတ်လတ်မှုနဲ့
အေသွေးမိန်းကလေးများရဲ့ နူးညံ့မှုကို ပေါင်းစပ်လိုက်ရင်တော့
အရောင်လင်းလက်တဲ့ ချစ်သူတွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် နှစ်ယောက်တည်း
ရှိနေမယ်ဆိုရင်တော့ ပိုပြီး ရင်းနှီးနိုင်ပါတယ်။ ဒါပေမယ့်
လိုက်ဖက်မှုကတော့ ၂၀%ပါ။

ဘီ-ဘီ (၆၅%)
ဘီသွေးယောင်္ကျားလေးနဲ့ ဘီသွေးမိန်းကလေး တွေ့ကြပြီ ဆိုရင်တော့ အချင်းချင်း
နားလည်မှုရှိပြီး လိုက်ဖက်ပါတယ်တဲ့။ ဒီစုံတွဲကတော့ အချင်းချင်း
ပျော်ရွှင်တဲ့ သူငယ်ချင်းအနေနဲ့ သော်လည်းကောင်း၊ လိုက်ဖက်ညီတဲ့ စုံတွဲ
ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချစ်သူအချင်းချင်း မပြောလောက်ဘူးလို့
ထင်နိုင်တဲ့ စကားကြမ်းကြမ်းတွေကို ပြောနေတတ်တဲ့ စုံတွဲတွေကို တွေ့ရင်
ဘီသွေးစုံတွဲ ဖြစ်တာက များပါတယ်တဲ့။ ဘေးမှာရှိနေတဲ့ လူတွေက ဒီစုံတွဲကို
ကြည့်ပြီး ရန်ဖြစ်တော့မယ်လို့ စိုးရိမ်ရလောက်တဲ့ အထိပါပဲ။
ဘီသွေးပိုင်ရှင်များက လွတ်လပ်မှုကို နှစ်သက်ပြီး ကိုယ်လုပ်ချင်တာကို
လုပ်နေတတ်တဲ့ အတွက် ဒီအတွဲ အဆင်ပြေဘို့ကတော့ တော်တော်ခက်ပါတယ်။
ရန်ဖြစ်ရင်းနဲ့ သံယောစဉ် ဖြစ်သွားနိုင်သလို အချင်းချင်း စိတ်ဆင်းရဲမှုတွေ
ပေးပြီး ပြီးသွားတတ်တဲ့ အခါတွေလည်း ရှိပါတယ်တဲ့။

ဘီ-အို (၈၀%)
တခါတလေတော့ ပြဿနာ အကြီးကြီး ဖြစ်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ ပြဿနာ
ဖြေရှင်းမှုလည်း သိပ်မရှိပါဘူး။ ဒါပေမယ့် ဘီသွေးယောင်္ကျားလေးများရဲ့
တက်ကြွမှုနဲ့ အိုသွေးမိန်းကလေးများရဲ့ လှုပ်ရှားမှုကို
ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချိန်လေးတွေကို
ပိုင်ဆိုင်နိုင်ပါတယ်။ ဒါပေမယ့် အမြဲတမ်း တစ်ခုခုကို စိတ်ပူနေရတတ်ပါတယ်။
ဒီစုံတွဲရဲ့ တူညီချက်ကတော့ အမြဲတမ်း ပွဲလမ်းသဘင်ကို သွားဘို့
စိတ်လှုပ်ရှားနေသလိုမျိုး အမြဲတမ်း စိတ်လှုပ်ရှားနေတယ်ဆိုတာပါပဲ။ ဒါကြောင့်
ဒီစုံတွဲ တွေ့ကြပြီဆိုရင်တော့ ကမ္ဘာမြေကြီး ပေါ်မှာ ရှိတဲ့
ပူပင်သောကမှန်သမျှကို မေ့ပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ အခြေအနေကို
ဖန်တီးတတ်ကြပါတယ်။ တစ်ယောက်ကများ အကြံတစ်ခုလောက် ပေးလိုက်ပြီဆိုရင်
နောက်တစ်ယောက်က လက်ဝါးရိုက် လက်ခံတတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။

ဘီ-အေဘီ (၉၀%)
ဆန့်ကျင်ဘက် အဆုံးစွန် နှစ်ခု တွေ့ကြတာပါပဲ။ အချင်းချင်း လုံးဝကို မတူတဲ့
အတွက် ပတ်ဝန်းကျင်ကလူတွေက အဆင်မပြေလောက်ဘူးလို့ ထင်ကြပေမယ့် တကယ်တော့
အရမ်းကို အဆင်ပြေပြီး အချင်းချင်း နားလည်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။
အချင်းချင်း ပေါင်းစပ်လုပ်ကိုင်နိုင်တဲ့ စွမ်းရည်လည်း မြင့်မားပြီး
သူများတွေအမြင်မှာ ကြက်သီးထလောက်အောင် ကဲကြသဲကြတဲ့ အတွဲလည်း ဖြစ်ပါတယ်။
မြေအောက်ရထားစီတဲ့အခါမှာပဲ ဖြစ်ဖြစ် ဘတ်စ် စီးတဲ့အခါမှာပဲ ဖြစ်ဖြစ်
တပူးကပ်ကပ်နဲ့ နေတဲ့ အတွဲတွေက ဒီလို ဘီ-အေဘီသွေးပိုင်ရှင်များ
ဖြစ်တတ်ကြပါတယ်။ ဘီသွေး ယောင်္ကျားလေးများကတော့ အေဘီသွေးပိုင်ရှင်
မိန်းကလေးများနဲ့ အတူတူ ရှိတဲ့အခါမှာ အမြဲတမ်း ပျော်ရွှင်နေတတ်ပါတယ်။
ကိုယ်ကိုယ်တိုင်က ကြင်ကြင်နာနာနဲ့ မဆက်ဆံတတ်ပေမယ့် ချစ်သူလုပ်တဲ့
မိန်းကလေးက ချွဲနွဲ့လိုက်ရင်တော့ ကြင်ကြင်နာနာပြန် ဆက်ဆံတတ်ကြတယ်။
အေဘီသွေးပိုင်ရှင် မိန်းကလေးတွေကတော့ အရမ်း ကြင်နာဖွဲ့နွဲ့ လွန်းတဲ့
ယောင်္ကျားများ၊ မနားမနေ စကားပြောတတ်တဲ့ ယောင်္ကျားများကို
သိပ်မကြိုက်လှပါဘူး။ ကိုယ်တိုင်ကသာ ယောင်္ကျားလုပ်သူကို စကား
အဆက်မပြတ်ပြောချင်တတ်ပေမယ့် တဘက်သားက ပူညံပူညံ လုပ်တာကိုတော့
မကြိုက်ကြပါဘူးတဲ့။ ဒါပေမယ့် ဒီအတွဲက ဖြစ်နိုင်စွမ်း အများဆုံးပါပဲ။



အေသွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူ

ရေးသားသူ - XyBo
August 16,
2008

အရင့်အရင် အပတ်တွေက သွေးအုပ်စုများ အကြောင်း ဖော်ပြပြီးခဲ့လို့
ဒီကနေ့တော့ ဘယ်သွေးအမျိုးအစားဟာ ဘယ်သွေးအမျိုးအစားနဲ့
လိုက်ဖက်ညီသလဲဆိုတာကို ဆက်လက် ဖော်ပြပေးလိုက်ပါတယ်။ ဒီနေ့တော့
အေသွေးအတွက် ပေါ့နော်။

အေ-အေ (၇၀%)

အေသွေးယောင်္ကျားနဲ့ အေသွေးမိန်းမရဲ့ လိုက်ဖက်ညီ သဘောတွေ့နိုင်တဲ့
ရာခိုင်နှုန်းကတော့ ၇၀% ဖြစ်ပါတယ်။ ပထမဆုံး စတွေ့တဲ့ အခါမှာတော့
တစ်ယောက်နဲ့ တစ်ယောက် သဘော မတွေ့မှုလေးတွေ ရှိနေတတ်ပါတယ်။ ဒါပေမယ့်
တစ်ယောက်ကို တစ်ယောက် နားလည်မှု ရသွားပြီဆိုရင်တော့ ခွဲထားလို့ကို
မရလောက်အောင် ရင်းနှီးသွားတတ်ပါတယ်။ အကြိုက်ကလည်း တူသလို
သူများတွေအမြင်မှာလည်း အဆင်ပြေတဲ့ အတွဲလို့ မြင်စေပါတယ်။ အကယ်၍
ချစ်ခင်စုံမက်လို့ လက်ထပ်ချင်တာကို မိဘတွေက သဘောမတူတာမျိုး
ရှိခဲ့မယ်ဆိုရင် တောထဲ တောင်ထဲက ဘုန်းကြီးကျောင်းသွားပြီး နှစ်ယောက်ထဲ
လက်ထပ်ရဲတဲ့ စိတ်ဓါတ်လည်း ရှိကြပါတယ်။ အေသွေးအချင်းချင်းရဲ့
တွေ့ဆုံခြင်းကတော့ စိတ်အချရဆုံးနဲ့ နှစ်ဦးခြားမှာ ရှိတဲ့
ချစ်ခြင်းမေတ္တာကိုလည်း ကြာရှည် ထိမ်းထားနိုင်ပါတယ်။ တစ်ခုပဲ သတိထားစရာ
လိုပါတယ်။ တစ်ယောက်ရဲ့ အကြောင်းကို တစ်ယောက်က စပ်စုလွန်းလို့
မကြေနပ်မှုလေးတွေ ဖြစ်နိုင်လို့ပါပဲ။ အေးသွေးပိုင်ရှင် မိန်းကလေးတွေကတော့
တစ်ခါ ချစ်ပြီဆိုရင် ဘယ်တော့မှ မပြောင်းလဲတတ်တဲ့ စတိုင်လ်မျိုးလည်း
ဖြစ်ပါတယ်။ ဒီလို အေသွေးပိုင်ရှင် အချင်းချင်း ချစ်မိပြီဆိုရင်တော့
သန့်ရှင်းဖြူစင်တဲ့ အချစ်ကို ရမှာ အသေချာပါဘဲ။

အေ-ဘီ (၂၅%)

အေးသွေးနဲ့ ဘီသွေးတွေ့ပြီဆိုရင်တော့ တစ်ဘက်သတ် အချစ်က ပိုများပါတယ်။
အကယ်၍ အေသွေး ယောင်္ကျားက ဘီသွေးမိန်းမကို ဇနီးအနေရဲ့ ရထားတယ်ဆိုရင်တော့
အဲဒီ့ ယောင်္ကျားဟာ အမြဲတမ်း စိတ်အပူအပင်မရှိဘဲ နေထိုင်သွားလို့ ရပါတယ်။
အကယ်၍ ယောင်္ကျားက ဘီသွေးဆိုရင်တော့ ဇနီးသည်ကို ချစ်ချစ်ခင်ခင်
ကြင်ကြင်နာနာနဲ့ ဆက်ဆံတတ်ပြီး အားလုံးကို နားလည်ပေးနိုင်ပါတယ်။ အေသွေး
ယောင်္ကျားများကို ကြည့်ရင် အမြဲတမ်းလိုလို တွေ့နိုင်တဲ့ အေးစက်တည်ငြိမ်မှု
အတွေးနက်နဲတဲ့ ပုံစံတွေက အမြဲတမ်း ပျာယာခတ်နေတတ်တဲ့ ဘီသွေး
မိန်းကလေးများရဲ့ စိတ်ကို ညှို့ယူနိုင်ပါတယ်။ ဒါပေမယ့် လိုက်ဖက်ညီမှုကတော့
၂၅%ပဲ ရှိပါတယ်။

အေ-အို (၉၀%)

အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ ပွင့်လင်းတဲ့ အကျင့်နဲ့
အေသွေးပိုင်ရှင်အမျိုးသားများရဲ့ စေ့စပ်သေချာတဲ့ အကျင့်ကို
ပေါင်းစပ်လိုက်ရင်တော့ တော်တော်ကို လိုက်ဖက်ညီတဲ့ အတွဲလေး
ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် တခါတလေမှာတော့ အိုသွေးများရင့်
ပွင့်လင်းမှု၊ တက်ကြွမှုတွေက အေသွေးများရဲ့ အရောင်ကို ဖုံးသွားတတ်တဲ့
အခါလည်း ရှိပါတယ်။ အေသွေးများ ပိုပြီး သဘောထားကြီးဘို့တော့ လိုပါတယ်။
တခါတလေမှာ အေသွေးပိုင်ရှင်များက အိုသွေးပိုင်ရှင် လက်တွဲဖော်ကို အရမ်း
သွက်လက်လွန်းတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံး
အေးစက်နေတာထက်စာရင် ဒီလို အတွဲလေးက ပိုပြီး သင့်တော်ပါတယ်တဲ့။

အေ-အေဘီ (၅၀%)

အမြဲတမ်း အံ့သြစရာတွေနဲ့ ထူးဆန်းစရာတွေနဲ့ ပြည့်နေတတ်တဲ့
အေဘီသွေးပိုင်ရှင်မိန်းကလေးတွေက အေသွေးပိုင်ရှင် ယောင်္ကျားလေးများရဲ့
စိတ်ကို ပိုပြီးလွယ်လွယ်နဲ့ ချဉ်းကပ်နိုင်သူများ ဖြစ်ပါတယ်။
အကြောင်းရင်းကတော့ အေဘီသွေးပိုင်ရှင် မိန်းကလေးများရဲ့ အမြင်မှာ အေသွေး
ယောင်္ကျားလေးများဟာ ယုံကြည်စရာကောင်းပြီး သဘောကောင်းတယ်လို့
မြင်နေလို့ပါပဲ။ အေဘီသွေးရဲ့ ထူးခြား ဆန်းကြယ်မှုကို အေသွေးပိုင်ရှင်များက
နားလည် လက်ခံနိုင်တာကြောင့် အချင်းချင်း ရင်းနှီးမှု ပိုများတတ်ပါတယ်။
တခါတလေမှာတော့ မီးနဲ့ တူတဲ့ အချစ်နဲ့ တွေ့ရတတ်ပါတယ်။ အေဘီသွေးပိုင်ရှင်
မိန်းကလေးများက အေးဆေးပြီး ပုံမှန်နေတတ်တဲ့ ယောင်္ကျားများထက် ခေတ်ဆန်ပြီး
သတ်သတ်ရပ်ရပ် ထက်ထက်မျက်မျက် ရှိတဲ့ ယောင်္ကျားမျိုးကို ပိုပြီး
နှစ်သက်ကြပါတယ်။ ဒါကြောင့်မို့လည်း ဒီလို အချက်တွေကို ပိုင်ဆိုင်ထားတဲ့
အေသွေးပိုင်ရှင်များနဲ့ ပိုပြီး ရင်းနှီးနိုင်တဲ့ အခြေအနေကများတာပါတဲ့။
ဒါပေမယ့်လည်း လိုက်ဖက်မှု ရာခိုင်နှုန်းကတော့ ၅၀%ပါ။
*~ ~ ~ ~ ~*
*သူ့အချစ်က ဘယ်လိုလဲ... သင်ကရော...*
*
အခုဟာက ရာသီခွင် နဲ့ သူ့တို့ရဲ့အချစ်အကြောင်းတွေပါ ။
ဆရာစံ ဇာဏီဘို ရဲ့ ဆယ့်နှစ်ရာသီအချစ်ထဲက ရေးပေးလိုက်ပါတယ် ။ *

*Aries* - March 21 - April 20
*Taurus* - April 21 - May 21
*Gemini * - May 22 - June 21
*Cancer* - June 22 - July 22
*Leo* - July 23 -August 21
*Virgo* - August 22 - September 23
*Libra* - September 24 - October 23
*Scorpio* - October 24 - November 22
*Sagittarius* - November 23 - December 22
*Capricorn* - December 23 - January 20
*Aquarius* - January 21 - February 19
*Pisces* - February 20- March 20

*မိဿအချစ်ဒဿန **(ARIES)*

မိဿရာသီဖွားတို့၏ နှလုံးသားသည် အလွန်မြင့်မြတ်သိမ်မွေ့သည်ဟု
ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်။
"နှလုံးသားစစ်ပွဲများ။ဒဏ်ရာဒဏ်ချက်များ၊မီးတောက်၊မီးလျှံများကြားမှ
အလွန်ချစ်တတ်သော နှလုံးသားပိုင်ရှင်၊ မြင့်မြတ်သော အချစ်ရှိသူ"ဟု
ဖော်ကျူးထားသည်။
အပြင်သဏ္ဌာန်တွင် ကြမ်းတမ်းသည်ဟု ထင်ရလင့်ကစား အတွင်းစိတ်မှာနုညံ့သည်။
မေတ္တာရေးတွင် အပေးသမားဖြစ်သည်။ရယူခြင်းထက် ပေးဆပ်ခြင်းကို ဦးစားပေးမည်။
လူတစ်ဦးတစ်ယောက်ကိုချစ်မိလျှင် မျက်စိအောက်ကအပျောက်မခံ။ မုန်းမိလျှင်လည်း
မမေ့နိုင်။ သံယောဇဉ်တနွယ်နွယ် ဖြစ်တတ်သည်။ သဘောထားကြီးမြတ်မည်။
သည်းခံခွင့်လွှတ်တတ်သော အချစ်နှင့် နှလုံးသားကို ပိုင်ဆိုင်သည်။
"အလွန်အချစ်ခံလိုသော အချစ်ကို ပိုင်ဆိုင်ထားသည်။အချစ်အားလိုလားသည်။
မိမိအပေါ် အေးအေးချမ်းချမ်း သိမ်သိမ်မွေ့မွေ့ နူးနူး ညံ့ညံ့ အလေးပေး၍ ဆက်ဆံသူအား
လိုလားသည်။ ထို့အပြင် သနားချစ်၊အားနာချစ်ကိုလည်း ဦးစားပေးတတ်သည်"
အချစ်ရေးကိစ္စ၊အိမ်ထောင်ရေးကိစ္စ အားလုံးစုံတွင် ဦးနှောက်ကို ဦးစားမပေး၊
နှလုံးသားနှင့် ဆုံးဖြတ်တတ်သည်။ အချစ်အတွက် ဘာမဆိုပေးဆပ်ရဲသော သတ္တိရှိသည်။
တဇွတ်ထိုး လုပ်ခြင်း ၊စိတ်ဒေါသကြီးခြင်းများ ရှိလင့်ကစား
မေတ္တာဘဝလမ်းကြေားင်းတွင် အနှောက်အယှက်ဖြစ်လောက်အောင်အထိ မကျရောက်နိုင်ပါ။
ဤရာသီဖွားများသည် မျက်နှာများလိမ့်မည်။အပြိုင်ရည်းစားထားလိမ့်မည်။
နောက်ဆုံးအိမ်ထောင်ပြုသောအခါတွင် နီးစပ်မုအရှိဆုံးသောသူနှင့် အိမ်ထောင်ကျမည်။
အချစ်ဦးနှင့် ဆုံစည်းကိန်းမရှိ။သို့သော် အိမ်ထောင်ပြုသောအခါ
အိမ်ထောင်တဆက်တည်းနှင့် မြဲစေရန် အမြဲထိန်းသိမ်းကြိုးစားမည်။
မိမိသည် နာမည်ပျက်ရှိသူ (သို့) တစ်စုံတစ်ရာဘဝတွင် အချစ်ကံခေခဲ့သူအား ပို၍
တိမ်းညွတ်ချစ်တတ်သော နှလုံးသားကို ပိုင်ဆိုင်သည်။ အချစ်ကို ဦးစားပေးမည်။
ချစ်သူကြောင့် မိမိဝန်းကျင် အသိုင်းအဝိုင်းအတွင်း အပြောအဆို ခံရမည်။ သို့သော်
ထိုအချစ်သည်ပင် မိမိအား ပျော်ရွှင် ချမ်းမြေ့မှု့ကို ပေးလိမ့်မည်။
ဤရာသီဖွားများ၏ အချစ်ဒဿနမှာ အသက်အရွယ်ကိုလိုက်၍ ကွာခြားသွားမည်။ အသက် ၁၅
နှစ်မှ ၁၉နှစ်ကြား လူငယ်များသည် အချစ်ကို ရင်ခုန်စရာ စိတ်လှုပ်ရှားစရာတစ်ခုဟု
သတ်မှတ်မည်။အသက် ၂၀နှစ်မှ ၂၅ ကြားအရွယ်သည် အချစ်ကို
ကြေကွဲစေခြင်း၊ဝမ်းနည်းစေခြင်း နှလုံးသားအား နာကျင်စေသော အရာဟု သတ်မှတ်မည်။
အသက်၂၅ နှစ်မှ ၃၀ နှစ်ကြားအရွယ်သည် အချစ်ကို ပေးဆပ်ခြင်းဟု ယူဆသော ဒဿနရှိသည်။
အသက်၃၀ နှစ်အထက်တွင်မူ ချစ်ခြင်းမေတ္တာသည် မိမိက ပေးမှသာလျှင် တစ်ပါးသူထံမှ
ပြန်လည်ရရှိမည်ဟူသော ဒဿနကိုရင်ဝယ်ထားရှိမည်။ အသက်၄၀ အထက်တွင်မူ တစ်ပါးသူက
မိမိအား သံယောဇဉ်ထားခြင်း၊ အလိုလိုက်ခြင်း၊ ဂရုစိုက်ခြင်းနှင့်
ချစ်မြတ်နိုးမှုကို အလွန်တောင့်တသည်။
ဤကား မိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။
*
ပြိဿအချစ်ဒဿန **(TAURUS)*

ပြိဿရာသီဖွားတို့၏နှလုံးသား ချစ်ခြင်းမေတ္တာသည် အလွန်သစ္စာတရားကြီးမားပြီး
ပေးဆပ်ခြင်းကို ဦးစားပေးသော မေတ္တာတရားကြီးမားသူများဟုကမ္ဘာ့နက္ခတ်ပညာရှင်များက
သတ်မှတ်ထားသည်။
၅၂၈ နှင့်၁၅၀၀ မေတ္တာလွန်ပွဲများ ဘဝကွာခြားမှုများအကြား ကျောက်ဆစ်၊
ကျောက်တောင်ကဲ့သို့ မာကျောသော နှလုံးသားအလယ်မှ ထူးခြားစွာ ပွင့်လန်းသော
နတ်ပန်းကဲ့သို့ ပွင့်ခဲ၊ ချစ်ခဲသော၊ မွန်မြတ်သောအချစ်၊ တည်တဲ့သောမေတ္တာ
အချစ်နှလုံးသားအားပိုင်ဆိုင်သူဟု ဖော်ကျူးထားသည်။
မေတ္တာတရားအား ဆုံးဖြတ်သောအခါတွင် သေချာစွာ အချိန်ယူဆုံးဖြတ်ပြီးမှ ချစ်တတ်
တွယ်တာတတ်သည်။ ပြောခဲ့သောစကား၊ ဆုံးဖြတ်ထားသော အရာအား ဘယ်တော့မှ ပြန်မပြင် ၊
သစ္စာတရားအား ရင်ဝယ်ပိုက်ထားသူဖြစ်သည်။
ငယ်ချစ်ကို ဦးစားပေးတတ်သည်။ ခိုင်မာသော မေတ္တာ ကိုပိုင်ဆိုင်သည်။ မိမိက
ချစ်ရသူအပေါ် အမြဲ စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမည် ဟူသော ဒဿန ကို
ပိုင်ဆိုင်သည်။
သံယောဇဉ်ကြီးသည်။ အချော့ကြိုက် အပျော့ကြိုက်ဖြစ်သည်။ ချစ်ခဲသည်။
အချစ်မြဲသည်။ အချစ်အတွက်ဆိုလျှင် ပတ်ဝန်းကျင်နှင့် ဆန့်ကျင်ရန်လည်းကောင်း၊
မိသားစုနှင့်ဆန့်ကျင်ရန်လည်းကောင်း ဝန်မလေး။ ကိုယ်တိုင်ဆုံးဖြတ်မည်။
မေတ္တာလမ်းကြောင်းသည် မချောမွေ့ အခက်အခဲများမည်။ ချစ်သူနှင့်ပေါင်းဖက်ရန်
ဆုံစည်း ရန်သာအဓိကထားသည်။ အပျော်ချစ်သူ လုံးဝမထားတတ်။
အချစ်ကို ဦးစားပေးသည်။ မိမိကိုယ်တိုင်လည်း အယုအယကြိုက်မည်။
သစ္စာရှိသူကိုလည်းလိုလားမည်။ ချစ်ခြင်းမေတ္တာဆိုသည်မှာ သစ္စာတရားရှိမှ
ခိုင်မြဲသည်။ ပြီးပြည့်စုံသည်ဟု ခံယူထားသည်။
နှလုံးသားမှ အချစ်သည် သံယောဇဉ်အတွယ်အတာမှ တစ်စစ မြင့်မားလာသော
တိုးပွားလာသော ချစ်တတ်လာသော မေတ္တာအမျိုးအစားဖြစ်သည်။
ဤရာသီဖွားများသည် မိမိ ကသူတစ်ပါးအပေါ် ကောင်းသလောက် ပေးဆပ်သလောက် မိမိကို
ထပ်တူ ပြန်ကောင်းသူရရန် ခဲယဉ်းသည်။ မိသားစု ညီအကို မောင်နှမများအား ၅၂၈ မေတ္တာ
ဦးစားပေးရမှုကြောင့် ၁၅၀၀ မေတ္တာတွင်အညံ့ရှိမည်။
တခါတည်းထား တစ်ကြိမ်တည်းမြဲလိုသော ချစ်သူကိုလိုလားသည်။ သို့သော် ဤရာသီဖွား
၈၀% သည် အချစ်ဦးနှင့်ဆုံစည်းကိန်းမရှိတတ်ပါ။
အချစ်အပေါ် ထားရှိသော ဒဿနအမြင်သည် အသက် ၁၆ နှစ်မှ ၂၂ နှစ်အတွင်း မိမိကို
တစိုက်မတ်မတ် စိတ်ဝင်စားသော နီးစပ်သူနှင့် သံယောဇဉ် တွယ်ပြီး နီးစပ်မှုကြောင့်
မေတ္တာတရားပေါ်ပေါက်သည်ဟုသတ်မှတ်သည်။ အသက်၂၃ မှ ၂၈ နှစ်ကြားတွင် ချစ်သူထက်မိဘကို
ပိုချစ်သင့်သည်ဟူသော စိတ်ရှိသည်။ အသက် ၂၈နှစ်မှ ၃၅ နှစ်ကြားတွင် မေတ္တာတရားသည်
ဘဝအတွက် ထာဝရလက်တွဲရန်အဖော်ရှာခြင်းဟု သတ်မှတ်သည်။ အသက်၃၆နှစ်အထက်တွင်မူ
မေတ္တာတရားသည် သူတစ်ပါးအားပေးဆပ်ရန် အကောင်းဆုံးသော လက်ဆောင်မွန်ဟု သတ်မှတ်သည်။
ဤကား ပြိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။
*
မေထုန် အချစ်ဒဿန **(GEMINI)*

မေထုန်ရာသီဖွားတို့၏နှလုံးသားချစ်ခြင်းမေတ္တာသည် တစ်ပါးသူက မိမိအား မည်မျှ
တားဆီးစေ ၊ မိမိ နှလုံးသားကလက်ခံပါက ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ချစ်တတ်သော
နှလုံးသားရှိသည်။
ကောင်းကင်မိုးမြင့် တိမ်တိုက်ကြားမှ လေဟုန်စီး ပျံသန်းနေသော ငြိမ်းချမ်းရေး
ချိုးဖြူငှက်ငယ်၏ တေးသံကြောင့် နိုးထရှင်သန်လာသည့် နှလုံးသားနှင့်
အမြဲချစ်တတ်သောသူ ဟု ဖော်ကျူးထားသည်။ပေးဆပ်တတ်သော မြင့်မြတ်သည့်နှလုံးသား ကို
ပိုင်ဆိုင်သည်။ မိမိ၏ဘဝကို လည်းကောင်း မိမိ၏ အတွေအမြင်ကိုလည်းကောင်း
တစ်ခုခုပေါ်တွင် အထောက်အကူပြုနိုင်သူအား ချစ်ခြင်းမေတ္တာသက်ရောက်မည်။ ပညာရှိပြီး
ဥာဏ်ရည်ထက်မြက်သောသူကို နှစ်သက်မည်။ မိမိနှင့် တိုင်ပင်ဖော် တိုင်ပင်ဖက်အဖြစ်
ရပ်တည်နိုင်သောသူကို ဘဝအဖော်အဖြစ် ဦးစားပေး၍ ရွေးချယ်တတ်သော
သဘောရှိသည်။အမြဲရွေးရခက်အောင် အခွင့်အရေးနှစ်မျိုးကြုံမည်။
ထိုကဲ့သို့ရွေးချယ်ရန်ကြုံလာပါက ဦးဏှောက်ကို ဦးစားမပေးပဲ နှလုံးသားမှ
တောင်းဆို လာသည့်အပေါ် ရဲရင့်ပြတ်သားစွာ ဆုံးဖြတ်မည့်သူဖြစ်သည်။
တွေဝေ ဒွိဟဖြစ်တတ်သော သဘာဝရှိသော်ငြားလည်း ဤရာသီဖွားများ၏ နှလုံးသာမှာ
အလွန်မာသည်။အလွယ်တကူ မျက်စိမှိတ်၍ လုပ်တတ်သော သဘာဝမရှိ ။မိမိအပေါ်
လေးစားခြင်းတန်ဖိုးထားခြင်း နှင့် မိမိက လေးစားရသောသူ အပေါ်ကိုသာ ချစ်တတ်သော
သဘာဝရှိသည်။
ဤရာသိဖွားများသည် မိမိထက် အသက်အရွယ် အနေအထား ဆက်ဆံရသော ဝန်းကျင်
မတူခြားနားသောသူကို ရွေးချယ်၍ မေတ္တာမျှ အိမ်ထောင်ပြုတတ်သည်။ ပတ်ဝန်းကျင်
သားချင်း ဓလေ့များနှင့် ဆန့်ကျင်ပြီး နှလုံးသားကို ဦးစားပေး၍
ချစ်တတ်သောသူဖြစ်သည်။ ချစ်သူအတွက်ဆိုပါက မိမိကိုယ်ရေးကိုယ်တာကို မငဲ့ကွက်
ပေးဆပ်ရန် ဝန်မလေးသော သဘာဝရှိသည်။
ပင်ကို စရိုက်တွင် တစ်ပါးသူက အခက်အခဲများ အချစ်ပြဿနာများကို မိမိက ဦးဆောင်
ဖြေရှင်းနိုင်သလောက် မိမိကိုယ်တိုင်အတွက်မူ အကြံပေးနိုင်သူ ဖြေရှင်းနိုင်သူ
နည်းပါးတတ်သည်။ မကြာခဏ ချစ်သူနှင့်ဝေးကွာ ခွဲခွာနေရသော အနေအထားသို့ ရောက်လေ
အချစ်စိတ်များပိုမိုပြင်းထန်လေ၊ သံယောဇဉ် ပိုကြီးလေဖြစ်သည်။
အလွန်စိတ်ကူးယဉ်တတ်သော နှလုံးသားအား ပိုင်ဆိုင်သည်။ တေးဂီတတစ်ပုဒ်
ကဗျာတစ်ကြောင်းကပင်လျှင် မိမိချစ်သူကို တမ်တ လွမ်းဆွတ်စေ နိုင်သော
နှလုံးသားအားပိုင်ဆိုင်သည်။
ဤရာသီဖွားများ၏ ၇၅%သည် အသက် လူမျိုး မိမိနှင့် မိရိုးဖလာ ကွဲပြားသောသူနှင့်
မေတ္တာမျှတတ်သော သဘာဝရှိသည်။ အသက် ၁၆ နှစ် မှ ၂၃ နှစ်ကြား ဤရာသီဖွားများ၏
ချစ်ခြင်းမေတ္တာမှာ အလွန်ရှုပ်ထွေး၍ ကိုယ်လွတ်လပ်မှုကို ပျက်စီးစေတတ်သော
အရာဟုသတ်မှတ်မည်။ မိမိကိုယ်မိမိသာအချစ်ဆုံးဟု သတ်မှတ်မည်။ အသက် ၂၄နှစ်မှ အသက်၃၀
နှစ်ကြားအရွယ်တွင် ချစ်ခြင်းမေတ္တာဟူသည်မှာ စိတ်တူ သဘောတူနှင့်
ဘဝအားရင်ဆိုင်မည့်အပေါ်ထားရှိရမည့်ခံစားချက်ဟု သတ်မှတ်သည်။ အသက်၃၀
နှစ်အထက်တွင်မူ ချစ်ခြင်းမေတ္တာ တရားသည် ကျယ်ပြန့်စွာ နှင့်
လူတိုင်းအပေါ်ထားရှိအပ်သော အရာဟု သတ်မှတ်မည်။
ဤကား မေထုန်ရာသီဖွားတို့၏ ချစ်ခြင်းမေတ္တာအပေါ်အမြင်ပင်ဖြစ်သည်။
*
ကရကဋ် အချစ်ဒဿန **(CANCER)*

ကရကဋ် ရာသီဖွားများသည် အလွန်စိတ်ကူးယဉ်ဆန်သော အချစ်ကိုလိုလားသောသူဟု
ကမ္ဘာ့နတ်က္ခတ်ပညာရှင်များက သတ်မှတ်သည်။
အလွန်လှပဆန်းကြယ်တင့်တယ်သော ရေကန်၏အလယ်တွင် လရောင်ဖျန်းသောအခါ
လန်းဆန်းဖူးပွင့်သည့် ကြာဖြူပွင့်ကဲ့သို့ နှလုံးသားကို ပိုင်ဆိုင်သူအဖြစ်
ဤရာသီဖွားများ၏ နှလုံးသားချစ်မေတ္တာအားဖော်ကျူးထားသည်။အချစ်မေတ္တာအား
စိတ်ကူးယဉ်စရာတစ်ခုဟု
သတ်မှတ်ထားသည်။လက်တွေ့ဘဝနှင့်ကင်းကွာသောအချစ်ကိုလိုလားသည်။ချစ်ခြင်းမေတ္တာသည်
ရင်ခုန်ချင်စရာ၊ စိတ်ကူးယဉ်စရာအဖြစ်သတ်မှတ်ပြီး ဒဏ္ဍာရီပုံပြင်သမိုင်းထဲမှ
အချစ်သူရဲကောင်းများအား သဘောကျ အားကျတတ်သော နှလုံးသားကိုပိုင်ဆိုင်ထားသည်။
အလွန်ချစ်တတ်သလို အလွန်အငြိုးအတေး ကြီးတတ်သည်။ ဤရာသီဖွားများအဖို့
ချစ်ခြင်းနှင့်မုန်းခြင်းအကြားနယ်နိမိတ်သည် မျဉ်းကြောင်းငယ်လေးမျှသာဖြစ်သည်
တစ်ပါးသူအပေါ် သံယောဇဉ်ထားမိ၊ ချစ်မိ ၊တွယ်တာမိလျှင် အရာရာပေးဆပ်တတ်သလောက်
မုန်းပြီဆိုက လုံးဝလှည့်မကြည့်တတ်။
မိမိ၏နှလုံးသားသည် အငြိုးကြီးသည်၊အမှတ်သည်းခြေကြီးသည်။မိမိကို
ဒုက္ခပေးထား၊နှိမ့်ချဆက်ဆံထားသော သူများအပေါ် အခါသင့်လျှင် ပြန်လည်လက်တုန့်ပြန်
လက်စားချေတတ်သည်။စိတ်ကြီးသည် ။ဆတ်ဆတ်ထိမခံတတ်။ တစ်စုံတစ်ရာ
မိမိနှလုံးသားကိုနာကျင်ထိခိုက်အောင် တဖက်သူမှပြုလျှင်
ချက်ချင်းမုန်းတီးအရွဲ့တိုက်တတ်သော အချစ် နှလုံးသားဒဿန ရှိသည်။
ချစ်ခြင်းမေတ္တာအပေါ် အထိမခံ၊ အလွန်တန်ဖိုးထားတတ်သော သူဖြစ်သည်။ သို့သော်
မေတ္တာရေးတွင် မချောမွေ့၊ကံခေတတ်သော သဘာဝကို ပိုင်ဆိုင်သည်။ အချစ်ဦးနှင့်
ဆုံစည်းခြင်းမရှိ။ကွေကွင်းခြင်းအပေါ်လည်း ဝမ်းနည်းကိန်းမရှိ။ ထူးခြားချက်မှာ
အချစ်ဆုံးသူနှင့် အိမ်ထောင်ကျမည်။ မိမိ၏ အချစ်နှင့်နှလုံးသားခံယူချက်သည်
ဆက်ဆံသော အသိုင်းအဝိုင်းအလိုက် စိတ်ပြောင်းလဲတတ်သော သဘာဝရှိသည်။ ပတ်ဝန်းကျင်၏
ပြောဆိုမှုကို ဦးစားပေးခြင်းသည် နှလုံးသားထက် ဦးဏှောက်၏ ဆုံးဖြတ်ချက်ကို
အလေးထားသလိုဖြစ်မည်။
ဘဝတွင် အသိုင်းအဝိုင်းက နှစ်သက်သူတစ်ဦး၊ နှလုံးသားကလက်ခံသူတစ်ဦးအကြား
ရွေးချယ်ရန် အခက်ကြုံလိမ့်မည်။ထိုအခါတွင် ရုပ်ဝတ္ထုပိုင်းထက် မိမိက မေတ္တာထားသလို
ထားနိုင်သောသူကိုသာ ဦးစားပေး၍ ရွေးချယ်သင့်သည်။ ဆုံးဖြတ်ချက်ချသောအခါတစ်ပါးသူက
နားယောင်မှုထက် ကိုယ်ပိုင်နှလုံသား ခံယူချက်အပေါ် အခြေပြုပါ။ အသက် ၁၆ နှစ်မှ ၂၀
၂၅ နှစ်များတွင် တစ်ပါးသူပေးသော ကတိအပေါ် ယုံစားတတ်၍ စိတ်အနှောက်အယှက်များကြုံကာ
မေတ္တာရေးတွင် အညံ့ရှိသည်။ အသက် ၂၅ နှစ်မှ ၂၉ နှစ်ကြားတွင် မိမိအား
သံယောဇဉ်ကြီးသူအား ပယ်ခွာ၍ နောက်မှပေါက်သည့် ရွှေကြာကို အလွန်ဦးစားပေးမည်။
မိမိက မေတ္တာတရားနှင့် ချစ်ခြင်းကို လေးနက်စွာထား၍ ဘဝအဖော် ရွေးချယ်လင့်ကစား
မိမိအား အများက ဂုဏ်နောက် ငွေနောက် လိုက်သည်ဟု သတ်မှတ်မည်။ ဤရာသီဖွားများသည်
ချစ်ခြင်းမေတ္တာကို မုန်းခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်ဟု ဘဝတစ်လျှောက်
တွေးခေါ်ထားသော သဘာဝအားပိုင်ဆိုင်သည်။
ဤကား ကရကဋ် ရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။
*
သိဟ်အချစ်ဒဿန **(LEO)*

သိဟ်ရာသီဖွားများကို ဂုဏ်သိက္ခာရှိသော စိတ်ဓာတ် အကျင်သီလနှင့် ကြီးမြတ်သော
သဘောထား။မြင့်မြတ်သော နှလုံးသားများကို ပိုင်ဆိုင်စေလျက် လူ့ဘုံလောကသို့
ဖန်ဆင်းရှင်မှ မွေးဖွားစေလွှတ်လိုက်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။
တိုက်ပွဲများ မိးလျှံများ ကြားမှ အလွန်ရဲရင့်သော ကေသရာဇာ ခြင်္သေ့မင်း၏
နှလုံးသားနှင့် ဤရာသီဖွားများ၏ နှလုံးသားကိုထပ်တူပြု၍ ဖော်ကျူးထားသည်။
အလွန်တည်ငြိမ်မြင့်မြတ်သော နှလုံးသားပိုင်ရှင်များ ဖြစ်သည်။ အချစ်မေတ္တာအပေါ်
လေးနက်စွာ ခံယူကျင့်သုံးသည်။ တစ်ပါးသူတို့ အဆင်ပြေအောင်မြင်ရေးအတွက် မိမိ၏အချစ်
မိမိ၏ဘဝကို ပေးဆပ်ရန်ဝန်မလေး။ပေးဆပ်ခွင့်လွှတ်တတ်သော သဘောထားကြီးသော
နှလုံးသားကို ပိုင်ဆိုင်လင့်ကစား ခေါင်းမာခြင်း မာနရှိခြင်းများကြောင့်
ဘဝအဖော်ကောင်းများ ဆုံးရှုံးတတ်သည်။မိမိ၏ နှလုံးသားမှ အချစ်နှင့်
ဦးဏှောက်မှစေစားလာသော မာနတရားတို့ အမြဲ လွန်ဆွဲနေသော အနေအထားကို ဘဝတစ်လျှောက်
ကြုံတွေ့မည်။ မာနကို လျှော့လိုက်ပါ။ ဤရာသီဖွားအမျိုးသမီးများသည် နှလုံးသားကို
ဦးစားပေး၍ အမျိုးသားများသည် ဦးဏှောက်ကို ဦးစားပေးမည့် သဘောရှိသည်။
ဘဝအဖော် ချစ်သူရွေးသောအခါတွင် နှလုံးသားသာမက ဦးဏှောက်၏ ဆုံးဖြတ်ချက်ကိုပါ
ထည့်သွင်းတတ်သည်။ အချစ်မေတ္တာဟူသော အရာသည် နှလုံးသားနှင့် ဦးဏှောက် ပေါင်းစပ်
ဆုံးဖြတ်ရသော အခြင်းအရာဖြစ်သည်ဟူသော ဒဿနအားပိုင်ဆိုင်သည်။
အလွန်သံယောဇဉ်ကြီးတတ်သည်။ ငယ်ချစ်ကို ဦးစားပေးတတ်သည်။ သတိပေးလိုသည်မှာ
မိမိသည် အလွန်မျက်နှာပွင့် စန်းပွင့်သော သူဖြစ်မည်။တစ်ဦးထက်ပိုသော
ချစ်သူရည်းစားများ ထားရလိမ့်မည်။ချစ်သူများခြင်း သည် လည်းကောင်း၊
အချစ်များခြင်းသည်လည်းကောင်း ဘဝ၏ အနှောက်အယှက် ဖြစ်ပေလိမ့်မည်။
မိမိအပေါ် နားလည်း ခွင့်လွှတ်ခြင်း၊ပံ့ပိုးကူညီခြင်း၊အဖော်အဖြစ်ရပ်တည်ခြင်း၊
ပြုမည့်သူကို ဘဝကြင်ဖော်အဖြစ် ရွေးချယ်လိမ့်မည်။ကံခေသည်မှာ ဤရာသီဖွားများသည်
အချစ်ဆုံးသူနှင့် ကွေကွင်းရတတ်သည်။ မာနကြောင့် အချစ်စစ်ချစ်သူနှင့်
ပဋိပက္ခဖြစ်နေဆဲ၊ အားနာ သနားခွင့်လွှတ်တတ်သော မိမိသဘာဝကို အခြားသောသူက
အခွင့်အရေးယူ၍ အညှာကိုင်ကာ လက်ထပ်ရန် တိုက်တွန်းခံရတတ်တသည်။ အချစ်ဆုံးသူ
တစ်ယောက် ၊ လက်ထပ်ဆုံစည်းသူကတစ်ယောက် ဖြစ်တတ်သည်။
အသက် ၁၆နှစ်မှ ၂၂ နှစ်ကြားမေတ္တာ ကံခေတတ်သည်။ အသက်၂၂နှစ်ကျော်မှ
မိမိနှလုံးသားသည် ရင့်ကျက်လာမည်။ အသက်၂၄ နှစ်အထက်တွင်မူ လေးနက်သော အားမာန်ဖြင့်
သူတစ်ပါးကို ချစ်ခြင်းမေတ္တာထားရှိ လိမ့်မည်။မိမိ သံယောဇဉ်ကြီးသောသူ၏စကားနှင့်
ပြောသမျှအလုံးစုံအား မျက်စိမှိတ် ယုံတတ်သော
သဘာဝရှိသည်။ချစ်ခြင်းမေတ္တာတရားသည်မိမိဘဝတစ်ခုလုံးကိုတစ်စုံတရာတိုးတက်စေရန်
ဖန်တီးနိုင်သည့် စွမ်းအား တစ်ရပ်ဖြစ်သည် ဟူသော သဘောထားအား ရင်မှာ ထာဝရ
ပိုက်ထွေးထားသောများဖြစ်သည်။
ဤကား သိဟ်ရာသီဖွားများ၏ အချစ်ဒဿနပေတည်း။
*
ကန် အချစ်ဒဿန **(VIRGO)*

ကန်ရာသီဖွားများသည် အလွန်ထိခိုက်ခံစားလွယ်သည့် သဲသဲလှုပ် နှလုံးသား အချစ်ကို
ပိုင်ဆိုင်ထားသူများဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။
အလွန်သန့်စင်လှပသော ကညာစင်တစ်ဦးက သူမ ဦးခေါင်းထက် ပန်ဆင်ရန်
ရွေးချယ်ထားသည့် ဖြူလွလွပန်းပွင့်နှင့်တူသော နှလုံးသားနှင့် အချစ်ကို
ပိုင်ဆိုင်သူများဟု ဖော်ကျူးထားသည်။ခွဲခြမ်းစိတ်ဖြာလေ့လာပြီးမှ စနစ်တကျ
ချစ်တတ်သည်။စိတ်ထိခိုက်ခံစားလွယ်သည်။ နူးညံ့သိမ်မွေ့လွန်းသော နှလုံးသားကို
ပိုင်ဆိုင်သည်။မာမာပြောဆိုဆက်ဆံလျှင် မိမိအတွက် အကျိုးရှိသော
စကားပင်ဖြစ်လင့်ကစားလက်မခံ။ အချော့ကြိုက် ၊ အပျော့ကြိုက် မိမိအား
ဦးစားပေးဆက်ဆံမှုကို လိုလားသော အချစ်ပိုင်ရှင်ဖြစ်သည်။
တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ မိမိအား ဝေဖန်လာပါက တစ်ပါးသူထက်ပို၍
ခံစားတုံ့ပြန်တတ်သည်။ ဝေဖန်လာသူကို မုန်းတီးပစ်မည်။ မိမိအားနည်းချက်ကို မိမိသိ၍
ပြင်မည်။ တစ်ပါးသူက ထောက်ပြလာ၍ ပြင်ရသည် ဟူသော အနေအထားကို လုံးဝလက်မခံတတ်ပေ။
ဘဝရည်မှန်းချက် ကြီးမားစွာရှိသည်။ ရည်မှန်းချက် အောင်မြင်ရန်အတွက်
မိမိနှလုံးသားကို မိမိကိုယ်တိုင် ခုတုံးလုပ် ချနင်းပစ်ရန် ဝန်မလေး။ မိမိဘဝ
တိုးတက်မှုကို ပံ့ပိုပေးသူများအပေါ် အချစ်မေတ္တာထားမည်။ ချစ်သူပင်ဖြစ်လင့်ကစား
ဘဝရည်မှန်းချက်တိုးတက်မှုကို ဆန့်ကျင်တားဆီးလာပါက မုန်းတီးဆန့်ကျင်
တိုက်ခိုက်ဖယ်ရှားပစ်ရန် ဝန်မလေးသောသူဖြစ်သည်။
လူချစ်လူခင်ပေါပြီး သူတစ်ပါး၏ အမူအရာစကားတို့အပေါ် အကျကောက်တတ်သောကြောင့်
ပဋိပက္ခများတွေ့ရတတ်သည်။စိတ်ကြည်သာနေချိန် ပြုံးရွှင်၍ တစ်ပါးသူကို
သဘောထားကြီးခွင့်လွှတ်တတ်သလောက် အငြိုးထားမိသောကာလတွင် သဲကြီးမဲကြီး အပြစ်ရှာ၍
တိုက်ခိုက်တတ်သည်။ ဆတ်ဆတ်ထိမခံ စကားကုန်သုံး တိုက်ခိုက်ရမှ
ကျေနပ်သည်။အမျိုးသမီးများ အချစ်ရေးတွင် ရုတ်တရက် ဆုံးဖြတ်လိမ့်မည်။
နီးစပ်မှုကြောင့် အချစ်ပေါ်ပေါက်မည်။ နောက်ဆုံးအထိ အရွေးရခက်အောင် ဒွဟဖြစ်မည်။
ပတ်ဝန်းကျင်မှ အနှောက်အယှက်ပြုခြင်းကို မိမိနှင့် ချစ်သူကြားကြုံမည်။ ဘဝကို
အနစ်နာခံ စွန့်လွှတ်၍ ချစ်တတ်သည်။ အသိုင်းအဝိုင်း ဘဝမတူ​သောသူနှင့် ချစ်မည်။
ယုံစားလွယ်၍ မေတ္တာလှည့်စားခံရမည်။
အမျိုးသားများသည် ဘဝတိုးတက်ရန်အတွက် တစ်စုံတစ်ယောက်ကို ခုတုံးလုပ်ရန်
ဝန်မလေး။တစ်ပါးသူအသည်းခွဲရန်
ဝန်မလေး။ကိုယ်တိုင်အသည်းကွဲရမည်ကိုလည်းဂရုမစိုက်တတ်။
ချစ်ခြင်းမေတ္တာဟူသည်ကား မိမိက ထားရှိရန်မလို။ မိမိကို ချစ်လာသောသူအား
အခြေအနေကိုလိုက်၍ လိုအပ်သလို တုံ့ပြန်ရန်သာဖြစ်သည် ဟူသော နှလုံးသား ဒဿနနှင့်
စိတ်ဓာတ်ရှိသည်။
ထို့ကြောင့် ဤရာသီဖွားများသည် အချစ်ရေးတွင် မတည်ငြိမ်သောလည်း
အိမ်ထောင်ရေးတွင် ဦးဏှောက်၏ဆုံးဖြတ်မှုကြောင့် ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝပြီး
ငွေပုံပေါ် ထိုင်ရမည်။ ဘဝတွင် အသက်လတ်ပိုင်းရောက်မှ နှလုံးသားသည် နိုးကြားလာကာ
အချစ်စစ်ကို တောင့်တလာမည်။ ရွှေပုံ ငွေပုံ ဓနဂုဏ်ဖြင့် စံနေရာမှ
အထီးကျန်စွာနှင့် မချစ်တတ်သော နှလုံးအပေါ် အပြစ်ဖို့ နောင်တ ရင်မှာ
ပိုက်နေရသာဘဝကို ပိုင်ဆိုင်မည်။
ဤကား ကန်ရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်သည်။
*
တူရာသီ အချစ်ဒဿန **(LIBRA)*

တူရာသီဖွားများသည် အသည်းမာ၍ တစ်ပါးသူအပေါ် ချစ်ရန်အလွန်ခက်ခဲသော အေးတိအေးစက်
နှလုံးသားအချစ်ကို ပိုင်ဆိုင်ထားသည်ဟု
ကမ္ဘာ့နက္ခတ်ပညာရှင်ကြီးများက ဆိုရိုးရှိသည်။
ပေးဆပ်ခြင်းနှင့် ရယူခြင်းတို့ကို ချိန်ခွင်တစ်ဖက်တစ်ချက်တွင်တင်၍ အရာရာကို
တွက်ချက်နေသော နှလုံးသားအချစ်ရှင်ဟူ၍လည်း ဖော်ကျူးထားပြန်သည်။ဤရာသီဖွားများသည်
မျှတသော သဘာဝ နှစ်လိုသော အနေအထားရှိလင့်ကစား နှလုံးသားမာလွန်း၍ မိမိကိုယ်သာ
မိမိ အချစ်ဆုံးဖြစ်မည်။သီးသန့်နေလိုစိတ်ပြင်းထန်မည်။ချစ်ခဲပြီး အချစ်မြဲသည်။
ထူးခြားချက်မှာ ဥာဏ်မြင့်သော ပညာအတတ်ထူးချွန်သောသူတို့ကို ဦးစားပေး၍
ချစ်တတ်သည်။
အလွန်သိမ်မွေ့ အေးချမ်းမည်။ မေတ္တာတရားတွင် အလွန်မျှတစွာ တွေးခေါ်တတ်သည်။
ချင့်ချိန်တတ်သည်။ နှလုံးသားသည် ကောင်းပြီဆိုက သူတစ်ပါးထက်ပိုကောင်းတတ်သလို
ဆိုးပြီဆိုကလည်း အလွန်ပရိယာယ်မာယာများစွာ သူတစ်ပါးထက် သာလွန်ဆိုး​ပြတတ်သည်။
တစ်ပါးသူကို ဦးစားပေးတတ်သော်လည်း မိမိကအနစ်နာခံရမည်ဆိုပါက
ဘာကိုမျှမလုပ်။သားချင်းအတွင်း ကျန်းမာ​ရေးမကောင်းသူ ဆိုးသွမ်းသူများကြောင့်
မိမိအချစ်ရေး နှလုံးသားရေးတွင် အနှောက်အယှက် အနည်းငယ်ရှိသည်။
ပင်ကို နှလုံးသားသည် နီးစပ်မှုအား အခြေတည်၍ အချစ် သံယောဇဉ်ဖြစ်တတ်သည်။
အချစ်အပေါ် အမြင်သည် မိမိနှင့် အပေးအယူ ညီမျှ၍ မိမိအား
အထောက်အကူပြုနိုင်သောသူအပေါ် ချစ်သင့်သည်။သဘောထားမတိုက်ဆိုင်သောသူများကို
ဥပက္ခာ​ပြုတတ်သည်။ ချစ်ခြင်းမေတ္တာနှင့်ဥပက္ခ္ခာနှစ်မျိုးရှိ၍
အမှန်တရားလုံးဝမရှိသော နှလုံးသားကို ပိုင်ဆိုင်သည်။
ပင်ကိုအားဖြင့် မိမိကိုယ်မိမိသာ အချစ်ဆုံးဖြစ်၍ မိမိ
ဘဝနှင့်ထပ်တူနီးပါးတူညီပြီး အကျိုးပြုသော သူကို ဦးစားပေးချစ်တတ်သည်။
ကာလအတန်ကြာ ပိုးပန်းနေသူကိုကျော်၍ နောက်လူကို ချစ်တတ်သော သဘာဝရှိသည်။
ချစ်သင့်သည်က တစ်ယောက်၊ ချစ်မိသူက တစ်ဦး ဖြစ်တတ်သည်။
ဤရာသီဖွား အမျိုးသမီးများသည် အလွန်သံယောဇဉ်ကြီးတတ်သည်။ မိမိအား သဘောကျသောသူ
အလွန်ပေါသဖြင့် ရွေးချယ်ရာ​၌ တွေဝေဒွိဟ ဖြစ်ရတတ်သည်။ အဆုံးတွင် နှလုံးသားကို
ဦးစားပေးလိမ့်မည်။ မြောက်မြားစွာသော ရွေးစရာထဲမှ စိတ်ကြိုက်
ရွေးမည်။ နီးစပ်မှုအရှိဆုံးသူကို ရွေးမည်။ အစပိုင်းတွင် တစ်ပါးသူတို့က
မိမိလူရွေးမှားပြီဟု ဝေဖန်ကြလိမ့်မည်။ ရွေးလိုက်သောသူသည် မိမိလက်ထဲရောက်လာမှ
ထက်မြက်လာမည်။ ထိုအခါ အများဝန်းကျင်က် အရွေးကောင်းလေစွဟု ပြောကြ​လိမ့်ဦးမည်။
ဤရာသီဖွား အမျိုးသားများသည် ပညာအတတ်ရှိသူကို သံယောဇဉ်
တွယ်တာမည်။ချစ်ခြင်းမေတ္တာသည် အထင်ကြီးမှု လေးစားမှု​အပေါ် အခြေခံ ပေါ်ပေါက်မည်။
ဘဝလမ်းကြောင်းတွင် ၅၂၈ နှင့် ၁၅၀၀ မေတ္တာနှစ်ခုအကြားလွန်ဆွဲနေရမည်။ အဆုံးသတ်တွင်
မိမိ အကြိုက် မိဘဝန်းကျင်နှစ်သက်မှု နှစ်ခုလုံးရှိသူကို နှလုံးသားမှ ဆုံးဖြတ်၍
ဘဝအဖော်အဖြစ် ရွေးမည်။
မည်သို့ဆိုစေ ဤရာသီဖွားများအားလုံး၏ အချစ်၊မေတ္တာအပေါ်
ထားရှိသောဒဿနသည်"ပေးဆပ်ခြင်း၊ရယူခြင်း၊တုံ့ပြန်ခြင်း၊
ခွင့်လွှတ်ခြင်းတို့ပေါင်းစည်းထားသည့် အလွန်တန်ဖိုးရှိသော အရာသည် အချစ်ဖြစ်သည်
"ဟူ၍ဖြစ်သည်။

*ဗြိစ္ဆာအချစ်ဒဿန **(SCORPIO)*

ဤရာသီဖွားများသည် အလွန်ချစ်တတ်သော၊ အလွန်မုန်းတတ်သော
အချစ်ကိုပိုင်ဆိုင်ထားပြီး တစ်ပါးသူမဆိုထားနှင့်မိမိကိုယ်မိမိ
ပင်နားမလည်​နိုင်သော ထူးခြားသည့် နှလုံးသားပိုင်ရှင်ဖြစ်သည်ဟု
ကမ္ဘာ့​နက္ခတ်ပညာရှင်ကြီးများက တညီတညွတ်တည်း အဆိုပြုသည်။
ကန္တာရအလယ် ပတ်ကြားအက်နေသည့် ကျောက်မြေကြားရှိ အလွန်အဆိပ်ပြင်းသော
ကင်းမြီးကောက်တစ်ကောင်၏ ရင်ထဲမှ မွတ်သိပ်နေသော၊ နူးညံ့လွန်းသော၊ အချစ်ကြီးသော
၊အမျက်ကြီးသော နှလုံးသားမျိုးကိုပိုင်ဆိုင်သူဟု ဖော်ကျူးပြန်သည်။
အကောင်းဆုံးနှင့်အဆိုးဆုံးကိုသာ လုပ်လိုသော
သဘာဝရှိသည်။ကောင်း၊ဆိုး၊မှန်၊မှား လုပ်သင့် မလုပ်သင့်စသည့် အစဉ်အလာအရ
သတ်မှတ်ထားချက်များကို လုံးဝလက်မခံခြင်းမရှိ။ မိမိရင်ထဲမှ ကောင်းသည်၊
မှန်သည်ဟုထင်လျှင် ခေါင်းအေးအေးနှင့် တဇွတ်ထိုး လုပ်တတ်သည်။ မိမိခံစားချက်
ခံယူချက်ကို ဦးစားပေးမည်။ ကိုယ်ပိုင်အဘိဓမ္မာနှင့် မဖြစ်မနေ လုပ်တတ်သည်။
မိမိစိတ်ထဲ၌ရှိသော အရာများကို တစ်ပါးသူအား ဖွင့်ပြောတိုင်ပင်ခြင်းမရှိ
လျှို့ဝှက်စွာ သိုသိပ်၍ မဖြစ်မနေ လုပ်တတ်သော သဘောရှိသည်။
တစ်စုံတစ်ယောက်သောသူကို ချစ်မိပြီဟု ဆုံဖြတ်ချက်ချရန်အတွက်
အလွန်အချိန်ယူတတ်သောလည်း ဆုံးဖြတ်ပြီးပါက လုံးဝ ပြန်မပြင်တတ်ပေ။ဝေဖန်မှုကို
လုံးဝဂရုမစိုက် ဥပေက္ခာပြုတတ်သည်။ဥပေက္ခာနှလုံးသား ပိုင်ရှင်ဟုလည်း
သတ်မှတ်နိုင်သည်။
မိမိချစ်သူက အမှာအယွင်းတစ်စုံတစ်ရာ ပြုလုပ်ပါကလည်း ဒေါသအမျက်ပြင်းစွာဖြင့်
လုံးဝခွင့်မလွှတ်။နှလုံးသားထဲမှ အပြီးအပိုင် ထုတ်ပစ်ပြီးဥပေက္ခာပြုလိုက်မည်။
ပင်ကိုသဘာဝတွင် အလွန်ထူးခြားသည်။ ပြန်မပြော၊ နားမထောင်၊ တစ်ပါးသူတားဆီးသည့်
ကိစ္စကိုမှ လုပ်လိုသည်။ အားနည်းသောသူဘက်မှ ရပ်တည်မည်။
အလွန်ကြောက်မက်ဖွယ်ကောင်းသည်မှာ မေတ္တာစိတ်ပြောင်းလဲလွယ်သည်။ ခံစားချက်ကို
မျိုသိပ်တတ်သည်။ မိမိ ဘက်မှ တတ်အားသရွေ့ပေးဆပ်သည်။ သည်းခံသည်။
ခံနိုင်စွမ်းကုန်သောအခါ အရွဲ့တိုက်မည်။ အလွန်ချစ်ခဲ့သူကိုပင် စွန့်ပစ်မည်။
ခွဲခွါသောအခါတွင်လည်း သံယောဇဉ် လုံးဝမရှိသလောက်အောင်ပင် ဖြစ်မည်။
နောက်တစ်ယောက်တွေ့ပြီဆိုကလည်း အလွန်လေးနက်သော မေတ္တာနှင့်ချစ်မည်။
အချစ်ဦးနှင့် ဆုံစည်းကိန်းမရှိ ။ သို့သော် အချစ်ဆုံးသူနှင့် ပေါင်းရမည်။
ချစ်သူခင်သူပေါများမည်။ အခိုက်မသင့်ပါက အိမ်ထောင်ဆက်ပင်များသွားနိုင်သည်။
သူတစ်ဦးတစ်ယောက်အား မေတ္တာရှိ ချစ်မိပြီဆိုကလည်း အခြားသော သူများကဲ့သို့
မိတ်ဆွေ အပေါင်းအသင်များကို ဖွင့်ပြောလေ့မရှိ။ တစ်ဦးတည်း လျှို့ဝှက်စွာ
ကြိတ်ကြံတတ်သည်။ မိမိ အချစ်ကို နှုတ်မှ မပြောခင် ချစ်သူရှိရာသို့
အချိန်ရှိသရွေ့တရစ်ဝဲဝဲလုပ်နေတတ်သည်။ ချစ်သူဘဝရောက်ပြန်လျှင်လည်း
နှစ်ဦးတွေ့ကြသောအခါ ဖွယ်ဖွယ်ရာရာ၊ကြင်ကြင်နာနာပြောဆိုခြင်းမရှိ။
ခေါင်းကြီးငုံ့ ဘေးချင်းယှဉ်ထိုင်ကာ စကားမပြောဘဲ ဂွတိဂွကျ မပွင့်မလင်းနေတတ်သော
သဘာဝအားပိုင်ဆိုင်သည်။ မိမိကို တကယ်ချစ်ရဲ့လားဟုပင် ချစ်သူက ထင်လောက်သည်။
စကားပြောပြီဆိုပါကလည်း ချစ်သူက စိတ်ဝင်စားသည် မဝင်စားသည်ကို
ဂရုမစိုက်၊။အခ်ျစနှင့် မပတ်သက်သည့် အရာများကို ကရားရေလွှတ်ပြောတတ်သည်။
မည်သို့ဆိုစေကာမူ ဗြိစ္ဆာရာသီဖွားများ၏ ချစ်ခြင်းမေတ္တာအပေါ်အမြင်တွင် မတူသော
ဆန့်ကျင်ဘက် နှစ်ဦးကို ပေါင်းကူးဆက်ဆံပေးနိုင်သော တစ်သားတည်းဖြစ်အောင်
လုပ်ပေးနိုင်သောအရာသည် အချစ်ဖြစ်သည်ဟု သတ်မှတ်လိမ့်မည်။

*ဓနု အချစ်ဒဿန **(SAGITTARIUS)*

ဓနုရာသီဖွားတို့၏ နှလုံးသည် သနားလွယ်၊ ယုံလွယ်၊စိတ်ညွတ်လွယ်တတ်သည်ဟု
ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားကြသည်။
မီးတောက်မီးလျှံများ။ တိုက်ပွဲများကြားတွင် အောင်ပွဲခံသော
လေးညှို့ကိုင်ဆွဲသည့် လေးသည်တော်၏ ရှုံးနိမ့်သော ရန်သူအပေါ် ခွင့်လွှတ်ညှာတာ
ချမ်းသာပေးသည့် စိတ်ဓာတ်နှလုံးသားနှင့် ထပ်တူသည့် အချစ်မေတ္တာရှိ​သူဟု
ဖော်ကျူးထားသည်။
ဘဝတွင် အရာရာအောင်ပွဲခံနိုင်သလောက် အချစ်စစ်မျက်နှာတွင်မူ အမြဲအလံဖြူ
ဝှေ့ရမ်း အရှုံးပေးရမည်။ ချစ်သူများတတ်သည်။ ဤရာသီဖွား အမျိုးသားများသည်
သုံးကြိမ်အနည်းဆုံး အသည်းကွဲပြီးမှ အချစ်ရေး အဆင်ပြေသွားမည်။အရာရာတွင်
ရဲရင့်ခြင်းရှိသလောက် အချစ်နှင့်ပတ်သက်လျှင် အမြဲခွင့်လွှတ် အရှုံးပေး
အနစ်နာခံရတတ်သည်။ မူလချစ်သူအပြင် နောက်ထပ်ချစ်သူအသစ်ပေါ်၍ ဒွိဟဖြစ်ကာသူ့ထက်သူ
ပိုသာ သယောင် ထင်ပြီး မိမိ၏ ပြောင်းလဲမှုများတတ်သော အာားနည်းမှုကြောင့်
စိတ်အနှောက်အယှက် များကြုံတတ်သည်။
ဤရာသီဖွား အမျိုးသမီးများသည် သူတစ်ပါးအပေါ် အနိုင်ရမှ ကျေနပ်မည်။
ထို့ကြောင့် အချစ်စိတ်ဓာတ် နှင့် ခံယူမှုမှာ မိမိဆိုးနွဲ့သမျှကို
ခွင့်လွှတ်နားလည်နိုင်သောသူ အနိုင်ယူနိုင်သောသူကိုသာ ချစ်မေတ္တာ ထားတတ်သည်။
မျက်နှာပွင့်လန်းပြီး လူချစ်လူခင်ပေါများသည်။ ချစ်သူရည်းစားများမည်။
နှလုံးသားကို ဦးစားပေး၍ ဆုံးဖြတ်မည်။ ဆုံးဖြတ်ချက်ချမှတ်ပြီးမှ
မိမိဆုံးဖြတ်သည့်အပေါ် မှားယွင်းသလိုခံစားရမည်။ နောက်ဆုံးတွင် အရင်ဆုံးချစ်သူထံ
စိတ်ပြန်လည်သွားမည့် သဘာဝရှိသည်။
ထူးခြားချက်မှာ ဤရာသီဖွားများအားလုံးသည် အလွန်ခွင့်လွှတ်တတ်သည်။ မိမိကို
တစ်စုံတစ်ရာ စိတ်ဒုက္ခပေးသွားသောသူများအား ခွင့်လွှတ်ချစ်ခင်ရန် ဝန်မလေးတတ်ပေ။
ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်။ အချစ်ကြောင့် ဇွတ်မိုက်ရမည်ကိုလည်း
မနှောင့်နှေး။တစ်စုံတစ်ယောက်ကို မေတ္တာထားရမည်ဆိုက လေးညှို့မှ ပစ်သည့်မြားအလား
တစ်ဟုတ်ထိုး စူးစူးစိုက်စိုက်ချစ်တတ်သည်။
တစ်စုံတစ်ယောက်သောသူကို အသည်းနှလုံးပုံပေး၍ ချစ်ခဲ့ပြီး
နောက်တစ်ဦးတစ်ယောက်အား အလားတူ ထပ်တူထပ်မျှ တစ်ပြိုင်တည်းချစ်နိုင်စွမ်း
ချစ်တတ်စွမ်းရှိသော နှလုံးသားကို ပိုင်ဆိုင်သည်။ လုပ်ပြီးသော ဆုံးဖြတ်ပြီးသော
အရာတစ်ခုအား ချီတုံ ချတုံ တစ်ဖန်ပြန်ဖြစ်တတ်သော သဘာဝရှိသည်။ နှလုံးသားကို
ဦးစားပေးလွန်းသူဖြစ်သည်။
မည်သို့ဆိုစေ ဤရာသီဖွားများ၏ မေတ္တာအပေါ် အမြင်သည် နှလုံးသား
သွေးကလပ်စည်းတို့မှ ဦးနှောက်၏ အလွန်နက်ရှိုင်းသော ကလပ်စည်းများဆီသို့
ပို့ဆောင်ကာ ဦးနှောက်၏ဆုံးဖြတ်ချက်ကို နှလုံးသားမှ ပြန်လည်လက်ခံ၍
သေချာစွာဆုံးဖြတ်တတ်သည့်သဘောသဘာဝရှိသည်။ မေတ္တာတရားအား ရုတ်ခြည်းဆုံးဖြတ်မည်။
အချိန်ယူ၍ စဉ်းစားသော်လည်း ဆုံးဖြတ်ချက်ချရာ၌ မြန်ဆန်မည်။
ချစ်သူများမည်။အိမ်ထောင် တစ်ဆက်တည်းမြဲရန်အတွက် အထူးအားစိုက် ဂရုထားရမည်။
အောင်မြင်သော အိမ်ထောင်ရေးကို ရရှိမည်။ လေးနက်သော နှလုံးနှင့် ချစ်မည်။
ခွင့်လွှတ်တတ်သည်။

*မကာရ အချစ်ဒဿန **(CAPRICORN)*

မကာရရာသီဖွားတို့ကို တစ်ပါးသူကောင်းစားရေးအတွက် မိမိနှလုံးသား
ဘဝတစ်ခုလုံးအား အနစ်နာခံပေးဆပ်ရန်ဝန်မလေးသော အချစ်ပိုင်ရှင်များဟု
ကမ္ဘာတစ်ဝှမ်းလုံးရှိ နက္ခတတ်ပညာရှင်များက တစ်ညီတညွတ်တည်း သတ်မှတ်ထားသည်။
ယစ်ပလ္လင်အထက်တွင် တဆတ်ဆတ် တုန်ခါလျက် ချစ်သူအမည်ကို တမ်းတနေသည့်
သွေးဖုံးလွှမ်းနေသော နှလုံးသားနှင့် နိမိတ်ဖော်ကျူးထားသည်။ မေတ္တာရေးတွင်
အပေးသမားဖြစ်သည်။ ကိုယ်ချစ်ကို ဦးစားပေးသည်။ နှလုံးသားကို အခြေပြု၍
ဆုံးဖြတ်ချက်ချတတ်သည်။အလွန်သီးသန့် နေလိုသည်။ မိမိ သီးသန့်ကမ္ဘာလေးအတွင်း၌
ထာဝရအဖော်မွန်တစ်ဦးကို တောင့်တနေသော သဘာဝရှိသည်။
မိမိကိုယ်မိမိ အထီးကျန်ဆန်ကာ အားငယ်နေတတ်သည်။ အထင်လွဲမှားမှုများအပေါ်၌လည်း
အမြဲဖြေရှင်းနေရတတ်သည်။ သူတစ်ပါးက စိတ်မဝင်စား ပစ်ပယ်ထားသော အထီးကျန်သမားကို
ပို၍ မေတ္တာထားတတ်၊ စာနာ ချစ်တတ်သည်။တစ်ပါးသူကဆိုးသည်။ မကောင်းဟု ဆိုသော
သူများအပေါ် ရွေးချယ်မေတ္တာမျှတတ်သည်။ ချစ်သူကို အလုံးစုံ တိုးတက်စေရန် မိမိဘဝအား
ငြမ်းသဖွယ် ၊လှေကားသဖွယ်ခင်း၍ မြှင့်တင်ပေးမည်။ ချစ်သူကို
အလိုလိုက်လွန်၍လည်းကောင်း၊ အသာစီးပေးလွန်း၍လည်းကောင်း တစ်စုံတစ်ရာ
မြင့်မားလာသောအခါ သူကပင် မိမိအား ပစ်ခွာသွား၍ နောက်တစ်ယောက်ရှာတတ်သည်။
ဘဝတစ်လျှောက်တွင် မိမိကသာလျှင် ပေးဆပ်ရသော သဘာဝရှိသည်။
နှလုံးသားမှ လေးလေးနက်နက်ရှိသော်လည်း နှုတ်မှဝေဝေဆာဆာလှလှ ပပ သကာဖုံး၍
မပြောတတ်ခြင်းကြောင့် မိမိဘဝတွင် အပြောကောင်းသူများ မုသားမာယာရှင်များနှင့်
ထိပ်တိုက်တွေ့သောအခါ အမြဲအရှုံးပေးရ​တတ်သော သဘာဝရှိသည်။ အချစ်လွန်ကဲခြင်း
နားလည်ခွင့်လွှတ်မှုလွန်ကဲခြင်းတိုကို လျှော့သင့်သည်။တစ်ပါးသူက တစ်စုံတစ်ရာ
တိုးတက်သွားအောင် အကြံအစည်နှင့် မိမိနှလုံးသားကို ခုတုံးလုပ်သွားခြင်းခံရမည်။
အရာရာကို ထိန်းချုပ်နိုင်သော စိတ်ရှိသလောက် မေတ္တာတရားတွင်
ထိန်းချုပ်နိုင်သော အင်အားမရှိပေ။လူတစ်ဦးတစ်ယောက်ကို ဆက်ဆံသောအခါ
မယုံသင်္ကာစိတ်ဖြင့် စတင်ဆက်ဆံတတ်သည်။ တစ်စစ ယုံစားလာသည်ဆိုကလည်း သူတစ်ပါး
လိမ်လည်ပြောဆိုသည်ကိုပင် ယုံကြည်တတ်သောစိတ်ရှိသည်။ မနာလိုဝန်တိုခြင်းကင်းသော
ကြီးမြတ်သည့် နှလုံးသားအား ပိုင်ဆိုင်သည်။မိမိကိုချစ်သည်က တစ်ယောက်
မိမိချစ်သူကတစ်ယောက် ဖြစ်တတ်သည်။သီးသန့်နေလေ တစ်ပါးသူက မိမိအား
စိတ်ဝင်စားလေဖြစ်ပြီး မိမိအပေါ် သံယောဇဉ်ကြီးသူနှင့်တွေ့ကာ ပျော်ရွှင်သော ဘဝကို
ပိုင်ဆိုင်မည်။
မိမိတွင်လိုအပ်နေသောအရာများနှင့် ခံစားနေသော အဆိုးများကို
အခြားသူတစ်ဦးတစ်ယောက်အပေါ်တွင် မဖြစ်စေလိုပေ။ လိုအပ်နေသော ကွက်လပ်များကိုလည်း
မပြည့်စုံသော မိမိဘဝ ကလေးတစ်ခုဖြင့် ဖြည့်စွက်ပေးလိုက်ပြီး ထိုသူ၏ ဘဝကို
ပြည့်စုံစေလိုသည်။ချစ်သူကို အရာရာပြည့်စုံစေလိုသည်။ မိမိဘဝ
သုညအဖြစ်ရှိနေသည့်တိုင်အောင် ချစ်သူအတွက် ပေးဆပ်သင့်သည်ဟု
သတ်မှတ်မည်။အနိုင်ယူသွားခြင်းအပေါ် ခွင့်လွှတ်ရန် အမြဲရှင်သန်နေသော
အချစ်နှလုံးသား ဒဿနကိုပိုင်ဆိုင်သည်။

*ကုမ်အချစ်ဒဿန **(AQUARIUS)*

ကုမ်ရာသီဖွားများသည် အစွဲအလမ်းကြီးပြီးပေးဆပ်မှုကို ဦးစားပေးတတ်သော
နှလုံးသားကို ပိုင်ဆိုင်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း
သတ်မှတ်ထားသည်။
ရေအိုးထဲမှ ရေကို သွန်လောင်းပြီး ရေငတ်သူများအားပေးသလကဲ့သို့ နှလုံးသားမှ
အေးချမ်းမြင့်မြတ်သည့် အချစ်ရေစင်အား ပက်ဖျန်းနေသော
ပုံနိမိတ်ဖြင့်ဤရာသီဖွားများ၏အချစ်ကို ဖော်ကျူးထားသည်။ ပကတိရိုးသားတည်ကြည်သည်။
သစ္စာကြီးသည်။ ဖြောင့်မှတ်မှန်ကန်ရိုးသား၍ အမှန်တရားဘက်မှ ရပ်တည်သော
နှလုံးသားပိုင်ရှင်ဖြစ်သည်။ တစ်ပါးသူအပေါ် မာယာများရန်၊စဉ်းလဲ
လိမ်ညာကောက်ကျစ်ရန် ဝန်လေးသည်။ သန့်စင်သော နှလုံးသားနှင့် ချစ်တတ်သည်။
ရိုးရိုးဖြေင့်ဖြောင့်သမားဖြစ်သည်။
အစွဲအလမ်းကြီးခြင်း တစ်ဖက်စွန်းကျလွန်းခြင်းများကြောင့် နှလုံးသားရေးရာ
ချစ်ဒုက္ခတို့ ကြုံတတ်သည်။ သန့်စင်သော နှလုံးသားနှင့် တစ်ပါးသူအပေါ်
မေတ္တာထားလင့်ကစား ကံဇာတ်ဆရာမှ မိမိအား အလွမ်း၊ အဆွေးသမားဖြစ်အောင် ဖန်တီးမည်။
အဆင်ပြေချောမွေ့နေသော အချစ်ရေးလမ်းကြောင်းတွင် မှန်းဆမထားသောအဆိုးများ
ဝင်ရောက်မည်။ကာလအတန်ကြာ လွမ်းမော၍ ချစ်ရမည့်ကိစ္စကို ကြောက်လန့်နေမည်။ ပြီးမှ
တည်ငြိမ် အေးချမ်းသော မေတ္တာရှင်နှင့်တွေ့ပြီး
ဘဝတွင်အေးချမ်းသွားမည်။မေတ္တာရေးတွင် လေးလေးနက်နက် သစ္စာရှိရှိနေတတ်သည်။
ချစ်သူအပေါ် အခွင့်အရေးမယူ။အနိုင်မယူတတ်။ မိမိကသာ အနစ်နာခံတတ်သည်။ ရံဖန်ရံခါတွင်
လက်တွေ့ထက် စိတ်ကူးယဉ်ဘက်ရောက်သွားတတ်သည်။
မိမိအရည်အချင်းများရှိလျှက် မိမိထက်နိမ့်သောသူကို အမြဲဦးစားပေးတတ်သော
သဘာဝရှိသည်။ဂုဏ်အနိမ့်အမြင့် မတူသော ချစ်သူနှစ်ဦးမှ နိမ့်သောသူကိုပို၍
ဦးစားပေး ရွေးတတ်သည်။ ထို့အပြင် ချစ်သူကို မိမိထက် မြှင့်တင်ပေးမည်။ အလိုလိုက်
အကြိုက်ဆောင်ထားသော မိမိတင်သည့် ရွှေမင်းသမီးမှ မိမိကို အသည်းခွဲသွားတတ်သော
အနေအထားကြုံအားတွေ့မည်။
ဤရာသီဖွား အမျိုးသမီးများသည် မေတ္တာရေးတွင် လေးလေးနက်နက်ရှိမည်။
အမြင်ကျယ်မည်။ သဘောထားကြီးမည်။နူးညံ့သိမ်မွေ့သော နှလုံးသားကို ပိုင်ဆိုင်မည်။
မေတ္တာရေးတွင် နက်နက်နဲနဲ တွေးခေါ်တတ်၍ ဘဝကို ပေးဆပ်ထားမည်။ မေတ္တာကို စာမဖွဲ့တတ်၊
နူးညံ့ပျော့ပျောင်းစွာ နှုတ်ခမ်းဖျား လျှာဖျားမှ မပြောတတ်။ ရိုရိုးကြီး
လက်တွေ့ကျကျ လုပ်ဆောင်ပြီး အချစ်ကို ဖော်ညွန်းတတ်သော သဘာဝရှိသည်။ ချစ်သူအပေါ်
အလေးထားမည်။ ရံဖန်ရံခါတွင် ချစ်သူဘက်မှ သွေးသားဆွေမျိုးများက မိမိအပေါ်
နှိမ့်ချခြင်း စကားတင်းပြောခံရခြင်းမျာကြုံမည်။ သို့ရာတွင် အံဩလောက်အောင် မိမိ၏
သဘောထားကို ပြသနိုင်မည်။
ဤရာသီဖွား အမျိုးသားများသည် စိတ်လှုပ်ရှားမှုနှင့် ဆန်းသစ်သည့် အတွေ့အကြုံကို
လိုလားသော နှလုံးသာကို ပိုင်ဆိုင်သည်။ သို့သော် ဦးနှောက်နှင့်နှလုံးသားကြား
အမြဲဒွဟဖြစ်တတ်၊ တွေဝေတတ်သည်။ မေတ္တာ တရားနှင့် ပတ်သက်၍ စိတ်ဓာတ် တက်လွယ်
ကျလွယ်သည်။ မိမိနှလုံးသားသည် သူတစ်ပါးအပေါ် အဆင်ပြေ ချမ်းမြေ့ အေးချမ်းခြင်းကို
ပေးလိုသည်။
ဤရာသီဖွားများ၏ မေတ္တာအပေါ် ထားရှိသော ဒဿနသည် အလွန်တရာ တန်ဖိုးကြီးသော
ပေးဆပ်ခြင်းနှင့် လိုက်လျောခြင်း၊ တစ်ပါးသူအပေါ် လေးနက်စွာ ဆက်ဆံခြင်း သစ္စာ
တည်မြဲခြင်းတို့ပေါင်းစည်းသောအရာ တစ်ခုဖြစ်သည်ဟု ယူဆကြသည်။

*မိန်အချစ်ဒဿန**(PISCES)*

* *မိန်ရာသီဖွားများသည် အခိုင်အမာ ဆုံးဖြတ်၍ လေးလေးနက်နက်ရှိသည့်
အချစ်တတ်ဆုံး မေတ္တာနှလုံးသားကို ပိုင်ဆိုင်ထားသည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက
အဆိုပြုသည်။
နက်ရှိုင်းသော ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်ပေါ်တွင် သဲများ ဖုံးလွှမ်းနေသည့်
ကမာခွံအကြားရှိ ပုလဲရတနာ နှင့်တူသော နှလုံးသားဟု ဖော်ကျူးထားသည်။ မေတ္တာရေးတွင်
ပေးဆပ်မှုကို ဦးစားပေးမည်။ အလွန်အေးချမ်း မြင့်မြတ်သော အချစ်ပိုင်ရှင် ဖြစ်သည်။
လွန်လွန်ကဲကဲ သံယောဇဉ်ကြီး၍ တစ်ပါးသူအပေါ် အလွန်နားလည် ခွင့်လွှတ်တတ်သော မေတ္တာ
ရှင်ဖြစ်သည်။
အခိုင်အမာဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သော သဘာဝရှိသည်။ ဘဝတွင်
တစ်ပါးသူအတွက် မိမိဘဝရှင်သန်ခြင်းဖြစ်မည်။ အချစ်အတွက်ဆိုပါက
အရာရာရင်ဆိုင်ဝံ့သော နှလုံးသားပိုင်ရှင်ဖြစ်သည်။အရှက် အကြောက်ကြီးခြင်း
တစ်ပါးသူက ဝေဖန်မည်ကို စိုးရွံခြင်းကြောင့် အမှန်တကယ် ချစ်သူအပေါ်ဖွင့်ဟမပြောရဲ
လက်မတွဲရဲတတ်ခြင်းသည်မိမိ၏ ပကတိအားနည်းချက်ဖြစ်၏။
ထို့အပြင် မိမိအချစ်ကို ပြောဆိုရန် ဝန်ခံရန် အလွန်ရှက်တတ်သဖြင့် ချစ်သူ၏
အထင်လွဲမှုကို အမြဲခံရမည်။ အေးချမ်းစွာ သီးသန့်နေတတ်၍ မသိသူများက မိမိအား
မချစ်တတ်သောသူ ဟူ၍ ထင်ယောင်ထင်မှား အဖြစ်ခံ ရမည်။ အမြဲအရွေးရခက်အောင်
အခွင့်အလမ်းနှစ်မျိုး ပေါ်ပေါက်တတ်သည်။အတ္တကို ဦးစားပေး၍ မရွေးသင့်။ မိမိအား
အလွန်နားလည်သောသူနှင့် လက်တွဲသင့်ပေသည်။
ဤရာသီဖွားများသည် မေတ္တာရေး အချစ်ရေးအပေါ်တွင် အလွန်နက်နက်နဲနဲ ခံယူတတ်သည်။
မေတ္တာတရားကို နားလည်ခြင်း ခွင့်လွှတ်ခြင်း သဏ္ဍန်နှင့် ပိုင်ဆိုင်ထားသည်။
လူတစ်ဦးတစ်ယောက်အပေါ် မိမိအချစ်သက်ရောက်ပါက ထိုသူအတွက် မိမိတတ်စွမ်းသမျှ
အရာရာပေးဆပ်ရမည် ဟူသော သဘောထားကို လက်ကိုင်ထားသူ ဖြစ်သည်။
ဤရာသီဖွားများသည် အလွန်စန်းပွင့်သော်လည်း ချစ်သူများရန် ဝန်လေးသည်။
ဘဝလမ်းကြောင်းတွင် မိမိနှင့် မွေးရပ် ဘာသာ ဓလေ့ဝန်းကျင်
မတူခြားနားသောသူများနှင့် အချစ်ဆုံစည်းတတ်သည်။ မတူသောအရာတို့ ပေါင်းစည်းသော
အချစ်အနေအထားရှိပေသည်။
ကမ္ဘာပေါ်တွင်ဤရာသီဖွားများကို အချစ်တတ်ဆုံးသူများဟု
ကမ္ဘာ့နက္ခတ်ဗေဒပညာရှင်များက ယနေ့တိုင် လက်ခံသတ်မှတ်ထားသည်။ ဤရာသီဖွားများနှင့်
မေတ္တာသက်ဝင် အချစ်ရေးကြုံသူများသည် အလွန်ကံကောင်းသောများဖြစ်သည်ဟူ၍လည်း အများက
သတ်မှတ်ထားသည်။
နှုတ်မှ ချစ်ခြင်းမေတ္တာစကား စာဖွဲ့ခြင်းမရှိ လက်တွေ့ကျကျ
ဆောင်ရွက်မှုများနှင့် အနုစိတ် မိမိအချစ်ကို ပုံဖော်တတ်သည့် အချစ်အနုပညာများ
ဖြစ်သည်။ သူတစ်ပါးပြောလာသည် ဝေဖန်လာသည်ကို လုံးဝဂရုမစိုက် ။ မှန်သည်ထင်သည်ကို
လုပ်၍ ချစ်သူဘက်မှ ထာဝရတည်သော နှလုံးသားဒဿနပိုင်ရှင်များဖြစ်သည်။
ဤကားမိန်အချစ်ဒဿနပင်ဖြစ်သည်။
ယနေ့ အင်တာနက် ခေတ်ကြီးတွင် ချက်ခြင်းသည် အတော့်ကို ရေပန်းစားလေသည်။
ချက်သည်ဟု ဆိုရာတွင် ချက်ပြုတ်ခြင်း cooking နှင့်
မမှားလိုက်ကြပါနှင့်ဦး။ သိုးဆောင်းစကားဖြင့်ဆိုရသော် chat ၊
မြန်မာစကားကို အသံဖလှယ်၍ ချက် ဟုသုံးနှုံးထားသော မွေးစားစကားလုံး
ဖြစ်ပေသည်။ ယေဘုယျ အဓိပ္ပါယ်မှာ စကားစမည်ပြောဆိုခြင်း
ဟုဘာသာပြန်နိုင်ပေမည်။ ပို၍တိတိကျကျ ဆိုရသော် အင်တာနက်လှိုင်းမှ တဆင့်
ကွန်ပြူတာတစ်လုံးနှင့် တစ်လုံးအကြား တမဟုတ်ချင်း စာရေးဆက်သွယ်
စကားပြောကြခြင်းပင်။ အီးမေးလ် ကဲ့သို့ အချိန်စောင့်စရာမလိုပဲ ချက်ချင်း
တုန့်ပြန် ရေးသားနိုင်ခြင်းသည် ကား ချက်ြခင်း၏ အားသာချက်ပါပေ။ အချို့က
ရပ်ဝေး ရောက်နေသော ဆွေမျိုး မိတ်ဆွေများနှင့် ချက်ကြသည်။ အချို့က
မည်သူမည်ဝါရယ်မဟုတ် မိတ်ဆွေရှာ သူငယ်ချင်းရှာ ချင်သဖြင့် ချက်ကြသည်။
အချို့က ကြူကြူ လုပ်ချင်သဖြင့်ချက်ကြသည်။ ချက်သူကို ချက်တာ (chatter)
ဟုခေါ်သည်။ ချက်သူများ စုဝေးရာ အရပ်ကို ချက်ရွမ်း (chat room) ဟုခေါ်သည်။
မယုံမရှိနှင့်မိတ်ဆွေ။ ချက်ရွမ်းထဲတွင် သင်သည် ဘာမဆို ဖြစ်နိုင်သည်။
အမေရိကားရောက်နေသူ ဆယ့်ခြောက်နှစ် တစ်ရက်လျော့ ဆတ်ကော့လတ်ကော့ ကောင်မလေး
ဖြစ်နိုင်သည်။ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ဆိုလား ရုရှားပညာတော်သင်
သွားနေသူ စစ်ဗိုလ်ကလေး ဖြစ်နိုင်သည်။ စင်္ကာပူ ပိုလီကျောင်းတက်နေသူ
စတိုင်ထွားထွား သူဌေးသားကလေး ဖြစ်နိုင်သည်။ သို့ကလို မည်သူများ
မည်သို့ပင် ချက်ကြစေကာမူ ကျွန်ုပ်အဖို့ကား ချက်ခြင်း၏ နောက်ကွယ်မှ
မှတ်သားဖွယ်များကိုသာ ဤသို့ လေ့လာမိခဲ့ပါသတည်း။
မည်သူက စထွင်ခဲ့သည်တော့ မသိပါ။ အချို့အချို့သော ဥာဏ်ကြီးရှင်တို့မှာ
ချက်ရွမ်းတွင် မြန်မာစာကိုလည်း မရိုက်တတ် အင်္ဂလိပ်စာကိုလည်း ရေရေလည်လည်
မတတ်သည်လား ပျင်းသည်လား မပြောနိုင်။ အင်္ဂလိပ် စာလုံးဖြင့် မြန်မာ
အသံထွက်တို့ကို အောက်ပါအတိုင်း ရေးလေ့ရှိကြရာ မြင်းဂလိရှ် (Myenglish)
သို့မဟုတ် ဘားဂလိရှ် (Burglish) ဟု ခေါ်တွင်လာသော ဘာသာစကား တစ်မျိုး
ပေါ်ထွက်လာလေ၏။
"hey.. kaung lay, nay kaung lar?"
"kaung ba byar, ma tway tar taung kyar bee pot"
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ြ
ပမှု
၇၆
"hote te lay. Ah lote shote nay de."
ကြာလျှင် မလေး အင်ဒို ဘဟာစာ ကဲ့သို့ မြန်မာ ဘဟာစာ စကားဟု ပေါ်လာနိုင်စရာ
အကြောင်းရှိ၏။ မြန်မာဘာသာ အတတ်ဆန်း အဲလေ.. တစ်ခေတ်ဆန်းချိန်တည်း။
ထို့အပြင် ချက်ြခင်းနှင့် ဆက်နွယ်သော အောက်ပါဝေါဟာရများလည်း
ရေပန်းစားလာစရာ အကြောင်းရှိသည် ဟုတွေးမိပါသည်။
ချက်ကြသည် ဆိုရာဝယ် ကောင်လေး ကောင်မလေးများသာ မဟုတ်၊ လုကြီးလူငယ် ၊
မကြီးမငယ်များပါ မကျန် အင်တာနက်ရှိက ကွန်ပြူတာရှိက ချက်နိုင်လေသည်။
ကိုယ်ပိုင်နာမည် အစစ်နဲ့ ချက်စရာမှမလိုပဲ။ ဘယ်သူသိတာ လိုက်လို့နော။
ဤသို့ဆိုလျှင် လူရှေ့သူရှေ့တွင် ဟန်ကလေးနှင့်နေကာ ကွယ်ရာကျမှ
သူများမသိအောင် တိတ်တိတ်ပုန်း ချက်သော သူများကို - ချက်ပုန်း- သို့မဟုတ်
- ချက်ပုန်းခုတ်သူ - ချက်ပုန်းသီး- ဟုခေါ်လျှင် သင့်ပေမည်။ ….. အဟိ…
တို့ရုံးက အန်ကယ်ကြီးက လက်စသတ်တော့ ချက်ပုန်းကြီးပဲ။ ဟိုနေ့က ကွန်ပြူတာ
လော့ဂ်အောက်လုပ်မသွားလို့ သွားပိတ်ပေးတော့မှ သူ ကြူနေတဲ့ ကောင်မလေးဆီက
မက်ဆေ့ခ်ျတွေ ၀င်လာတယ်ဆရာ… စသည်ဖြင့် စာရေးမကလေးများက သူတို့ဆရာကို
စကားတင်းဆိုရာတွင် ဤဝေါဟာရကို တော်သလို သုံးနိုင်သည်။
တညလုံး အပီအပြင် ချက်ထား၍ နောက်တနေ့တွင် ကျောင်း၌ ရုံး၌ အိပ်ငိုက်ကာ
ဒေါင်းနေခြင်းမျိုးကို - ချက်နာကျခြင်း - ဟုခေါ်နိုင်မည်။ ဤသို့
ချက်နာကျလျှင် နံနက်စောစော အင်တာနက် ၀င်ကာ မိမိ အလွမ်းသင့်သူနှင့်
တစ်ကြောင်းနှစ်ကြောင်းလောက် ချက်လိုက်မှ အနည်းငယ် လန်းလန်းဆန်းဆန်း
ရှိသွားနိုင်လျှင် - ချက်မီအပ်- လုပ်ခြင်းဟုခေါ်နိုင်မည်လား မသိပါ။
မိမိ အမြဲ အစဉ်တစိုက် ချက်လေ့ရှိသော ချက်ဖော်ချက်ဖက်ကို - အချက်တော်-
ဟုခေါ်နိုင်သည်။ ချက်ရာတွင် ဟိုအကြောင်းဒီအကြောင်း သူများမကောင်းကြောင်း
ကိုယ်ကောင်းကြောင်း ပြောကြခြင်းကို - ချက်တင်းနှော - ကြသည်ဟု ဆိုလျှင်
ဟုတ်သလိုလိုရှိသည်။ သို့သော် ဤဝေါဟာရများ ကို နားလေးသော အမေရှေ့တွင် - ညက
အချက်တော်နဲ့ တညလုံး ချက်တင်းနှောထားတာ ဒီမနက်တော့ ချက်နာကျနေပြီ -
ဟုပြောမိလျှင် နားကြားလွဲပါက ပေါင်တွင်းကြော ကောင်းကောင်း
လိမ်ဆွဲခံရကိန်းရှိသည်။
တန်ဆေးလွန်ဘေးဟု ဆိုသည်မဟုတ်ပါလော။ ချက်စ ရှိလျှင် ဆက်ချက်ချင်သည်။
အချက်ကြီးသူတို့သည် စာဖတ်ချိန် အလုပ်လုပ်ချိန် များမှ အချိန်ကိုပင်
ဖဲ့ယူ၍ ချက်တတ်ကြသည်။ အွန်လိုင်းဝင်တိုင်း ချက်ရွမ်းသွားကာ ချက်သူကို
ရှာဖွေတတ်ကြသည်။ ဤအခြေအနေသို့ ဆိုက်ရောက်နေလျှင် -ချက်စွဲခြင်း -
ဟုခေါ်နိုင်သည်။ အချိန်တန်လို့မှ မချက်ရလျှင် မနေနိုင် - ချက်ပိုးထိုး -
လာတတ်သည်။ အချက်ရောဂါ အချက်နာကား ကုစရာနတ္ထိ ဆေးမရှိပြီလော။
ထို့အပြင် မြန်မာ့ အနုပညာ နယ်ပယ်၌လည်း - ချက်လူမိုက်၊ ချက်ပင် ချက်မိုး
ချက်လိုက်ပါတဲ့မေ၊ ချက်တာလောကများ၏ ဟိုမှာဘက်၊ ချက်လောက၏ စိန်ခေါ်သံ၊
မရှိမဖြစ်ချက်၊ ချက်တဗလ၊ ချက်နည်းကြူနည်း- စသည့် ခေါင်းစဉ်များ ဖြင့်
ချက်ခြင်းနှင့် ပါတ်သက်သည့် သီချင်း၊ ၀တ္ထု ၊ တက်ကျမ်း များလည်း
အများအပြား ပေါ်ထွက်လာစရာ အကြောင်း ရှိလေသည်။
ဤသို့လျှင် ရောက်တတ်ရာရာ တွေးတောမိပါသတည်း။
ရေပြင်တစ်နေရာရှိ သင်္ဘောတစ်စင်းတွင် သင်္ဘောသားနှင့် ကက်ပတိန် ၂ ယောက်သာရှိသည်။ ၂ ယောက်တည်းရှိသောကြောင့် သင်္ဘော၏ တစ်နေ့တာဖြစ်စဉ်များကို မှတ်တမ်းရေးရန် တစ်ယောက်တစ်လှည့်တာဝန်ယူရသည်။
ကက်ပတိန်အလှည့်တွင် သင်္ဘောသားအရက်မူးနေသောကြောင့် "ယနေ့ သင်္ဘောသားအရက်မူးသည်" ဟုရေးလိုက်သည်။
သင်္ဘောသားအမူးပြေသောအခါ ကျနော်အရက်တစ်ခါပဲ သောက်မိသောကြောင့် အရက်သမားအဖြစ်မခံနိုင်ပါ။ ထိုမှတ်ချက်ကိုပြန်ဖျက်ပေးပါ ဟုပြောသောအခါ ကက်ပတိန်က အမှန်ကိုအမှန်အတိုင်းရေးတာကွ ဟုဆိုကာ မဖျက်ပေးဘဲနေသည်။ သင်္ဘောသားစိတ်ဆိုးပြီး မှတ်ထားသည်။ နောက်နေ့ သင်္ဘောသားအလှည့်ကျသောအခါ အမှန်အတိုင်းဤသို့ရေးလိုက်သည်။
"ယနေ့ကက်ပတိန် အရက်မမူးပါ။"

+ + + + +

လူတွေ့စာမေးပွဲတစ်ခုတွင်….
ကျောင်းသား။ ။ ကျွန်တော်တချိန်လုံး အိပ်မက်ထဲမှာ ပရော်ဖက်ဆာ ဖြစ်ပြီလို့ဘဲမက်နေတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ပရော်ဖက်ဆာ အရမ်းဖြစ်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါဦးခင်ဗျာ။
ပရော်ဖက်ဆာ။ ။ အအိပ်လျှော့ ငါ့တပည့်။

+ + + + +

* သေနည်းကောင်း*

ဤသို့ ပြောနေသံကို တစ်နေရာတွင် ကြားခဲ့ရသည် ။
*"ငါသေတဲ့အခါမှာ ငါ့အဘိုးလိုပဲ အိပ်ပျော်နေတုန်း ငြိမ်းငြိမ်းချမ်းချမ်း သေသွားချင်တယ်ကွာ၊ သူ့ကားထဲက ခရီးသည်တွေလိုတော့ စူးစူးဝါးဝါး ငယ်သံပါအောင် အော်ဟစ်ပြီး မသေချင်ဘူး"

+ + + + +

မောင်ချစ် ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား ?
ဇနီးဖြစ်သူ ။ ဟင့်အင်း .. ကျွန်မညီမနဲ့ပဲ နေမှာ .. ဒါနဲ့ ရှင်ကော ..
ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား ?
မောင်ချစ် ။ ဟင့်အင်း .. ငါလဲ မင်းလိုပဲ .. မင်းညီမနဲ့ပဲနေမှာပေါ့

+ + + + +

မင်္ဂလာဆောင်တခု၌ဖြစ်သည်

မိန်းမဘက်မှပါသောကလေးများသည်အဖွားဖြစ်သူနှင့်နေနေသည်
ကလေးများကဆိုးသဖြင့်အဖွားဖြစ်သူသည်စိတ်မရှည်တော့ပဲ
" ဟဲ့ ကလေးတွေငြိမ်ငြိမ်နေကြ၊ဒီလိုဆိုးနေရင်နောက်တခါနင်အမေမင်္ဂလာဆောင်ရင်မလိုက်ရတော့ဘူး"

+ + + + +

အဖေ့အပေါ် မူတည်တယ်

" မေမေ အပြင်သွားရင် သား အိမ်မှာ ဘာလုပ် ကျန်ရစ် မလဲကွဲ့ "
" အိမ်ဖော် မခင်ပု နဲ့ ဖြစ်ဖြစ် ၊ မော်တော်ကားနဲ့ ဖြစ်ဖြစ် ကစားမှာပေါ့။ ဒါပေမယ့် အဲဒီ နှစ်ခုအနက် ဖေဖေဘာကို ရွေးမယ်ဆိုတာ မူတည်ပါတယ် "

+ + + + +

*မဖြစ်ဘူး*

" ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ၊ ဘာလုပ်ရမယ်ဆိုတာ အကြံပေးပါအုန်း "
" လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့ဗျာ "
"ဟာ....ဒါတော့ မဖြစ်ဘူး ဆရာ ၊ ကျွန်တော်က ဘိလပ်မြေ ဖျော်တဲ့သူ ။"

+ + + + +

*ရွေးချယ်မှု*

ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။
" ရွှေ နဲ့ အသိဥာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ "
" ရွှေကို ယူမှာပေါ့ "
" ဆရာကတော့ အသိဥာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား "
" သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ "

+ + + + +

တနေ့ သောအခါ မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို့ ပြန်ရာ လမ်းခုလပ်တွင် အိမ်မွေး တိရစ္ဆာန်ဆိုင်ကို ဖြတ်ကျော်ရပေသည်။ ထိုဆိုင်သို့  ဖြတ်ကျော်နေစဉ်အတွင်း ကြက်တူရွေး တစ်ကောင်သည် ထိုမိန်းမကြီးအား ((((အင်မတန်ရုပ်ဆိုးလိုက်တာဗျာ))))

မိန်းမကြီးခမျာ ဒေါသတွေထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ဖြတ်ကျော်သွားလေသည်။ နောက်နေ့တစ်ခါထပ်မံဖြတ်ကျော်ရပြန်သည် ထုံးစံအတိုင်းပင် ကြက်တူရေးသည် ((((ရုပ်ဆိုးလိုက်တဲ့ မိန်းမကြီး ဗျာ...))))

ထိုမိန်းမကြီးအကြီးအကျယ် ဒေါသထွက်လေတော့သည်။ ထိုအခါ ထိုမိန်းမကြီးသည် ဆိုင်ရှင် အား အကြိုးအကြောင်းပြောပြပြီး နောက်တစ်ခါ ထပ်မံပြောနေဦးမည်ဆိုပါက ကြက်တူရွေး ကိုလည်းသတ်ပစ်မည် ဆိုင်ရှင်ကိုလည်းတရားဆွဲမည် ဖြစ်ကြောင်းပြောပြပြီး ဆိုင်မှထွက်ခွာသွားလေသည်။

နောက်နေ့  တွင် ထိုမိန်းမကြီးဆိုင်ရှေ့ မှ ဖြတ်ကျော်မည် အပြုတွင်
ကြက်တူရွေးက ။ ။ ဟိုအမကြီး
အမျိုးသမီး။ ။ ဘာတုန်း
ကြက်တူရွေး။ ။ဟဲ.....ဟဲ ခင်ဗျား ကို ကျူပ်ဘာပြောမယ်ဆိုတာ ခင်ဗျားသိပြီးသားပါ......

ရည်းစားရှိသူတွေ မရှိသူတွေရဲ့ အားသာချက်တွေ

လူငယ်များ၏ ရည်းစား မရှိခြင်းကောင်းကျိုး (၁၁) ချက်



(၁) Online ဖိုးပိုက်ဆံ အကုန်အကျသက်သာခြင်း

(၂) အပို့အကြိုကိစ္စ ဖြစ်သော ဖယ်ရီ မရှိခြင်း

(၃) အချော့ရသက်သာခြင်း စိတ်ပင်ပန်းဆင်းရဲမှုမှ ကင်းဝေးစေခြင်း

(၄) မုန့်ဖိုးအား လောက်ငှစွာ သုံးစွဲလို့ရခြင်း

(၅) အချိန်မရွေးနေရာမရွေး လွတ်လပ်စွာနေထိုင်နိင်ခြင်း

(၆) အစားမှန် အအိပ်မှန် အထမှန်ခြင်း နှင့် ကျန်းမာရေးကောင်းနေခြင်း

(၇) အိမ်မှ ဖုန်းဘေ ငွေနှုန်းများ သက်သာလာခြင်း

(၈) ပါးစပ်အားနံစေသော ဆေးလိပ် ၊ ကွမ်းယာ ၊ သေရည် ၊ ဒညင်းသီးများအား
အချိန်မရွေး စားသုံးလို့ရခြင်း

(၉) ရည်းစာမရှိ၍ သူငယ်ချင်းအား ရင်မဖွင့်ရသဖြင့် သူငယ်ချင်းဖြစ်သူက
နားညီးသက်သာသောကြောင့် သင့်အား အလိုက်အသင့် ဆက်ဆံခြင်း

(၁၀) ရည်းစားမရှိပါက ဘီယာတိုက်တဲ့ ပိုက်ပိုက် သက်သာစေခြင်း
(ဘီယာတိုက်ပြီး ရင်ဖွင့်တဲ့သူရှိလို့ပါ)

(၁၁) ရည်းစား၏ နားပူနားစာ ၊ အမိန့်များ ကင်းဝေးခြင်း တို့ဖြစ်ပါသည်။





လူငယ်များ၏ ရည်းစား ရှိခြင်းကောင်းကျိုး (၁၁) ချက်



(၁) လူအများကြား၌ ကြွားကြွားဝါ၀ါ နေနိုင်ခြင်း

(၂) ကိုယ်မရှိရင် သူပေး သူမရှိရင် ကိုယ်ပေး စွာနေနိုင်ခြင်း

(၃) ငှက်ပျောတုန်းဖက်သေစရာ မလိုခြင်း

(၄) ဟုတ်ဟုတ် မဟုတ်ဟုတ် လူရှိန်နေခြင်း

(၅) ကိုကို ၊ မောင် ၊ ချစ် ၊ မ ၊ မေ လို့ ယုယစွာ
စကားလုံးများအကန့်အသက်မရှိ ပိုင်ဆိုင်စေခြင်း

(၆) Web site ပေါ်တွင်ကဗျာ များသစ်လွင်နေခြင်း နှင့် လန်းဆန်းတက်ကြွနေခြင်း

(၇) လက်သည်းခြေသည်း ရှည်ခြင်းမှကင်းဝေးစေခြင်း နှင့် တစ်ကိုယ်ရေ
သန့်ရှင်းမှု ရှိခြင်း

(၈) ရည်းစားမရှိသူအား နှိမ်၍ မင်းမှာရောရည်းစားရှိလို့လားလို
့ မေးလို့ရခြင်း

(၉) ဆောင်းတွင်းဖြစ်သည့်တိုင်အောင် အနွေးထည် ၀ယ်ရသည့် ပိုက်ပိုက် သက်သာစေခြင်း

(၁၀) ပိုက်ဆံချေးလို့ရခြင်း နှင့်

(၁၁) နောက်ဆုံးရုံတင် ရုပ်ရှင်ကားများ အဆက်မပြက် ကြည့်ရခြင်း တို့ပဲ ဖြစ်ပါသည်။
တစ်ခါက လင်မယားနှစ်ယောက် စကားအချေအတင်ပြောကြသတဲ့။ အဲ ယောက်ျား ဖြစ်သူက
computer crazy၊ မိန်းမဖြစ်တဲ့သူကတော့ ဒီယောက်ျား ငါ့ကိုတော့
ကွန်ပျူတာလောက် အလေးမထားဘူးဆိုပြီး စကားနာထိုးတဲ့ စကားစစ်ပွဲတစ်ခု
ဖန်တီးတဲ့အကြောင်းအရာလေး ဖြစ်ပါတယ်။
ကဲ... သူတို့ နှစ်ယောက်ပြောတဲ့ စကား တွေကို ကြည့်ကြပါဦးနော်။

မိန်းမ။ ။ ရှင်က ကျွန်မကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ဘူး။
ယောက်ျား။ ။ Set Default

မိန်းမ။ ။ ကျွန်မကို crazy အင်္ကျီလှလှလေးဝယ်ပေးမယ်ဆိုပြီး အခု မမှတ်မိတော့ဘူးလား။
ယောက်ျား။ ။ Bad command or file name

မိန်းမ။ ။ ရှင်နဲ့ ကျွန်မ ရုပ်ရှင်အတူတူ သွားမကြည့်တာလည်း ကြာပြီ။
ဒီကွန်ပျူတာ ရှေ့မှာပဲ အချိန်ဖြုန်းနေတာပဲ။ ဒါပဲနော် နောက်တစ်ပတ်ကျရင်
ရုပ်ရှင်သွားကြည့် ကြမယ်။
ယောက်ျား။ ။ Drive not ready

မိန်းမ။ ။ ထမင်းလက်ဆုံမစားရတာလဲ ကြာပြီ။ လင်မယားဆိုတာ ထမင်း အတူတူစားတော့
ပိုစားဝင်တာပေါ့။
ယောက်ျား။ ။ Access denied

မိန်းမ။ ။ ကျွန်မအမေကတောင် ယောက်ျားအပေါ်မှာ ဒီလောက် အလျှော့
ပေးရမလားဆိုပြီး ကျွန်မကို ဆူနေပြီ။
ယောက်ျား။ ။ Divide Over Flow

မိန်းမ။ ။ ရှင်စဉ်းစားကြည့်စမ်း။ ကျွန်မတို့ အိမ်ထောင်သက် ဘယ်လောက် ရှိပြီလဲဆိုတာ။
ယောက်ျား။ ။ Not enough memory

မိန်းမ။ ။ ကဲ အခုဆိုရင် ကျွန်မအမေ၊ ရှင့်ယောက္ခမက ရှင့်ကို အနိုင်ယူတဲ့
နည်းလမ်း တွေသင်ပေးဖို့ ကျွန်မတို့အိမ်ကို ၂ လ ၃ လ လောက် လာနေမယ်တဲ့။
ယောက်ျား။ ။ Insufficient disk space
အဲဒီအချိန်မှာ မိန်းမက အရမ်းစိတ်ဆိုးသွားပြီး အနားမှာရှိတဲ့ ပန်းကန်နဲ့
ယောက်ျားကို လှမ်းပစ်လိုက်ရာ နဖူးသို့ တိုက်ရိုက်ထိလေတော့သည်။
ဒီအချိန်မှာ ယောက်ျားက Now Save to turn off your computer လို့
အားရပါးရအော်ပြီး လဲကျသွားပါလေတော့သည်။

မှတ်ချက်။ ။ကိုယ်ပိုင်ရေးသားချင်းမဟုတ်ပါ.
...

စိတ္ကဇဆေးရုံမှာ အရူးနှစ်ယောက်စကားပြောနေကြတယ်
နှစ်ယောက်လုံးက ပညာတတ်တွေပါဘဲ..အတွေးလွန်ရင်း..လေ့လာလွန်းရင်း..နဲ့
ဒီကိုရောက်လာသူတွေပေါ့..ဆရာဝန်လည်းသူတို့စကားကို နားထောင်နေမိတယ်
စကားပြောကြရင်းနဲ့
တစ်ယောက်က "မင်းကိုတစ်ခုမေးရဦးမယ်ကွ ငါမသိလို့"
နောက်တစ်ယောက်က "အေးမေးလေ" ဆိုတော့
"ကွန်ပျြုတာသမားတွေ ပြောပြောနေတဲ့ virus(ဗိုင်းရပ်စ်) ဆိုတာဘာလဲကွ"
"အော်ဒါလား ဘာမှမဟုတ်ပါဘူးကွာ ကွန်ပြူတာထဲကို ပိုးကောင်လေးတွေ တန်းစီပြီး
ဝင်သွားတာပါ "
ဆိုပြီး အေးဆေးဘဲ ပြန်ဖြေလိုက်တယ် တဲ့
ဆရာဝန်တောင်ေ၀၀ါးဝါးဖြစ်သွားတယ်....


ဖုံး ဆက် တက် သော ဗိုင်းရပ် ။~~

" ဟဲလို" ကျနော် ပြောလိုက်တော.
ဟို ဖက် က "လို ဟဲ" လို.တော.မပြောပါ
'' ကွန် ပြူ တာ ဗိုင်း ရပ်စ် ကိုက် နေ လို. ပါ ''
"AVG သုံး တယ် ။ အဲ UpDate တော. လုပ်ထား တယ်" တဲ.
" ဟုတ်ကဲ. ။ ဦး က AVG နဲ. Virus Scan လုပ် ပြီး ပြီလားခင် ဗျ'' လို. မေး တော.
ဆို တော. သူ က
" အေး စစ် ပြီး ဘီ ။ ဘာ မှ မတွေ. ဘူး ဒါပေ မယ်. Screen Saver တတ် တတ် နေ
တုန်း ပဲ " တဲ.
" ဗိုင်း ရပ်စ် ကိုက် တယ် ဆို တာ နဲ. ကွန်ပြူ တာ ဘာ တွေ ဖြစ် သေးလဲ မသိ
ဘူး ခင်ဗျာ " ဆို တော.
သူ က " ကွန် ပြူ တာ မှာ ဒီတိုင်း ထား လိုက် ရင် Screen Saver က တက် တက်
လာ တယ် " တဲ.
ကျနော် က " ဟုတ် ကျနော် ပြော တာ က Screen Saver တက် တိုင်း Virus လို.
ပြော လို. မရပါ ဘူး "လို. ပြောတော.
သူ က " မင်း က costumer လား ငါ က costumer လား ။ costumer alway right
တဲ. မကြား ဘူး ဘူး လား" တဲ.
ကျနော် နဲ နဲ တော. အငွေ. ထွက် နေ ဘီ။ ဒါပေ မယ် အကောင် ဆုံး နေ ထား နဲ.
'' ဟုတ်ကဲ. ။ အန်ကယ် Screen Saver Setting ပြင် လိုက် ပါ လား လို." အကြံ ပေး တော.
သူ က '' အေး ။ မင်း လုပ်တက် ရင် လာ လုပ် ကွာ'' တဲ.
'' ဟုတ်ကဲ. ပါ " ဆို ပြီးဆက် ဖုန်း မပြော ချင် တော. တာ နဲ. သူ ဆီ က လိပ်
စာ နဲ. ဖုန်းနံပတ် ယူ ပြီး သူ ဆီ သွား လိုက် တယ် ။
ဟို ရောက် တော. ထင် တဲ. တိုင်း ပါ Screen Saver တက် နေ ခြင်း ပါ ။
ဘာ မှ Virus မဟုတ်ပါ ဘူး ။
~~~~
Virus နဲ. တူ တာ ဆို လို. နှတ်ခမ်း မွေး ကား ကား နှင်. လူ ကြီး သာ တွေ.
ခဲ. ရ တော. တယ် ။ ။ ။


Grand ပုလင်းမှဆရာကြီးနာမည်ကြီးသဖြင့်မြ၀တီမှလာရောက်မေးမြန်းလေရာ.....
" grand ပုလင်းဆရာကြီးခင်ဗျာ.....NTFS အကြောင်းလေးပြောပြပါခင်ဗျား..."
" အန်တီအက်ဖက်လား.....ငါ့ငယ်ရည်းစားပေါ့...ခုတော့သူဋ္ဌေးကြီးတစ်ယောက်နဲ့
အိမ်ထောင်ကျလို့အေးဆေးဖြစ်သွားပြီ................."
" linux လည်းလူသိများလာတယ်နော်...."
" နောနော် လောက်တော့မဟုတ်သေးပါဘူး"
" Java ကိုရောဘယ်လို သုံးပါသလဲ...ခင်ဗျာ.."
" ရေ နွေးထည့်..ဖျော်သောက်ရတယ်ကွ......ကြီးလာရင်ငါယူမလို့ချိန်ထားတဲ
ကောင်မလေးကြော်ငြာတာလေကွာ......."
" C+ ကိုရော....ဆရာကြီး...ဘယ်လိုမြင်ပါသလဲ...."
" ဘယ်လိုမှမမြင်ဘူး.......သောက်လို့တော့ကောင်းတယ်...
Grand ပုလင်းနဲ့ရောပြီး....ကိုင်လိုက်ရရင်တော့...ဟင်း.ရှလွတ်"
Gmail မှာ Exe ဖိုင်ကို attach လုပ်ပြီး ပို့မရတာ အားလုံးသိပြီးကြမှာပါ။ ဗိုင်းရပ်စ်တွေဟာ exe ဖိုင်တွေကနေ အများဆုံးဝင်နိုင်တာမို့ Google က ကန့်သတ်ထားခြင်းဖြစ်ပါတယ်။ ခက်တာကဗျာ..ကျွန်တော်တို့က ဘယ်ဗိုင်းရပ်စ် မှလည်း သူများဆီကို ပို့မှာမဟုတ်ဘူး။ ဟိုဟိုဒီဒီ ကောင်းနိုးကောင်းရာ Program လေးတွေကို သူငယ်ချင်းတွေဆီ attach လုပ်ပို့မယ်ဆိုတော့ ပြဿနာတက်ရော။ အဲဒါနဲ့ ကျွန်တော်လည်း ကလိန်ကကျစ်နည်းလေးတစ်ခုကို စတွေ့ပါတော့တယ်။
ပထမဆုံး ကိုယ်ပို့ချင်တဲ့ Exe ဖိုင်ကို File Extension ပြောင်းပေးရပါမယ်။ File extension ဆိုတာက ဖိုင်တစ်ဖိုင်ရဲ့ နာမည်နောက်မှာရှိတဲ့ letter သုံးလုံးကို ပြောတာပါ။ ဥပမာ File name က ultrasurf.jpg ဆိုရင် အဲဒီဖိုင်ရဲ့ Extension ဟာ jpg ဖြစ်ပါတယ်။ ultrasurf.exe ဆိုရင်တော့ သူ့ extension က exe ပေါ့။ Exe ဆိုတာက Executable ရဲ့အတိုကောက်ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်ပို့မယ့် exe ဖိုင်ကို တခြား extension ပြောင်းပါ။ ultrasurf.exe ဆိုရင် ultrasurf.abc လို့ပြောင်းလိုက်ပေါ့။ အဲဒါဆို အဲဒီဖိုင်ကို attach လုပ်လို့ ရသွားပါပြီ။ ကိုယ် မေးလ်ပို့တဲ့သူကိုတော့ မေးလ်ထဲမှာ Extension ကို ပြန်ပြောင်းပြီး ဖွင့်ပါလို့တော့ ရေးပေးရမှာပေါ့။
File extension ကို ပြောင်းလဲနည်းကတော့
၁။ သင့်ဖိုင်နာမည်ကို ကြည့်လိုက်ပါ။ File extension မပါဘူးဆိုရင် Tools> Folder Option ကိုသွားပြီး View tab ကိုနှိပ်ပါ။
၂။ ပြီးရင် Hide extensions for known file type ရှေ့က အမှန်ခြစ်ကို ဖြုတ်ပေးပါ။ OK နှိပ်ပါ။
၃။ File ကို rename လုပ်ပါ။ (a.exe ဆိုရင် a.abc ပေါ့) Enter ခေါက်ပြီး အတည်ပြုပေးလိုက်ပါ။
၎။ ပြီးသွားပါပြီ။ ကဲ ပို့ကြည့်လိုက်ပေါ့။
 
Hello Kitty Girl Lay © 2008. Template Design By: SkinCorner