ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်.. သူ့ချစ်သူ တောင်ပေါ်သူ
ချင်းမလေးဆီက စာကိုရတော့
ဝမ်းသားအားရ ဖြစ်ပြီး စာဖောက်ဖတ်တာပေါ့ ။ စာထဲမှာပါတဲ့
စာလုံးပေါင်းသတ်ပုံအမှားတွေ ၊
စကားဝဲတဲ့ လေသံအတိုင်းရေးထားတဲ့ စာကိုဖတ်မိပြီး စိတ်ညစ်ညစ်နဲ့ ရယ်ရမလို၊
ငိုရမလိုဖြစ်သွားလေရဲ့ ။ နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့
သူ့ရည်းစားရဲ့စာကိုပဲ ပြင်သင့်တာပြင်ပြီး ပြန်စာအဖြစ် အောက်ကအတိုင်း
ပြန်ထည့်ပေးလိုက်တော့တယ် ။

ကိုယ်လုံး ... (စတာနဲ့ မှားပြီ.. ယပက်လက်သတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်)

ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်က
ခေါင်းပြတ်နေလို့လား) ။ ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး (ဖာကို
ခေါင်းကြားညှပ်တာ..) မျိုသွားပြီ ဆိုတာ သိတော့ (မြို့သွားတာပါဟာ..ငါလဲ
ဘာအကောင်ကြီး ဖြစ်မှန်းမသိ) မီးလေ ဆိတ်ဆင်းရဲပြီး ဆားမရ အိမ်မရ ဖြစ်နေတာ
(ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ) ။
မီးအရင်လိုခြစ်နေတုန်းပါပဲ (ဂတ်စ်လည်း အတော်ကုန်လောက်ပြီ) ။ ကိုယ်လုံးလဲ
မီးမရှိရင် မနေတတ်တာ သိတယ် (အဲဒါကြောင့်မီးမပြတ်တဲ့
နိုင်ငံခြားတောင်သွားမလားလို့) ။ မီးကို အရင်လိုပဲ ဆွဲလန်နေတုန်းပဲလားဟင်
(အမ်!) ။ မီးလည်း တနေ့နဲ့တနေ့ မြက်ရေနဲ့မြက်ခွက်ပါပဲ။

ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလုပ်တယ်လေ။ အားပါး..အရမ်း ဆီကားပဲ
(ဆီတွေဒီမှာဈေးတက်နေလို့ ပို့လိုက်စမ်းပါ) ။ ကိုယ်လုံးမပါဘဲ
မီးသွားကြည့်တာ မပျော်ဘူး ဒကယ်.. (နင်က ခေါင်း ချည်းပဲ သွားကြည့်တာကိုး )
။ မီးမကြည့်ဘူးဒဲ့ စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော..။ မီးက
ရှိုးဆို ဖဲရိုက်တာပဲ သိတာကိုး.. (ဒါတော့သိတယ်..ဟွန်း) ။ ကျားပေါက်တွေ
ဆင်ပေါက်တွေ ဆိုတော့ မီးက တလိပ်ဆန်တွေ မြက်လှည့်ပြတာ ထင်တာပေါ့လေ့..
(မြက်လှည့်ပြတာတော့ ငါတောင်တတ်တယ်) ။ ဟိုရောက်တော် ကျားပေါက်ဆိုတာ.. လား
လား လူကောင်ကြီး ဖြစ်နေတာပေါဝေ့.. အဲဒီအကောင်ဟာလဲ အော်လိုက်ဒါ အတံက
ပြဲသကိုး တော်ရေ့ ( အသံ..အသံ!! အထင်လွဲစရာတွေဖြစ်တော့မယ်) ။ တို့ရွာက
သုတ်ကြီးဆိုရင် (တုတ်ကြီးလုပ်ပါဟာ.) မျိုကြီးဆိုတဲ့
အဆို့တော်ကိုအားကြလို့ အော်တာ အတံဝင်လို့တဲ့...တ အ..အား အော်နေတာလေ
(အော်..အတံဝင်လို့ အ အ လို့အော်နေတယ်..ငါနော်! ) ။

နောက်ပြီး မီးကို နမချင်းမစာနာ (နင်ကိုယ်တိုင်လည်း နွားမဖြစ်တော့မယ်)
အတေပိုးခဲ့တဲ့ ဖိုးဇန်ကို သိတယ်ဟုတ်..။ မီး ဘကြီးအောင်းနေတဲ့
(ဘကြီးအောင်..ဘကြီးအောင်..တစ်မျ
ိုးလုံး တိရိစ္ဆာန်ဇာတ်သွင်းနေသလားမှတ်တယ်)
ယက်ကွက်က တာဇန်လေ။ (သာစံပါဟာ..သူကြည့်ဖူးတဲ့ ဗီဒီယိုကားတွေပါလာပြန်ပြီ)
ဒင်းက ခု မိန်းမရလို့ ရှေ့အင်္ဂါဆို သူ့မိန်းမ ကလေးမွေးမယ်တော်ရေ့ ..
နံမယ်ပေး ကင်ပွန်းချဉ်ဟင်းချက် လုပ်မလို့ ကျံနေပီလေ
(ကင်ပွန်းတပ်တာ..သူ့အလှည့်မှ ကင်ပွန်းချဉ်ဟင်းချက်တယ်လို့ပဲ) ။
စနေမောင်မောင်တို့ ၊ နိုင်နိုင်းစနေတို့ ၊ ဖိုးသောကြာတို့ကို
အားကျလို့တဲ့အေ... သားလေး မြွေရင် နံမယ်မှာ နေ့နံပါအောင် ဖိုအင်္ဂါ
လို့ပေးမတဲ့ ။
(ဖိုးအင်္ဂါလုပ်ပါဟ ။ ခုမှ ၀တ်စနှစ်လုံးပေါက်က ကျန်ခဲ့ရသလား ။ တကတဲ.
ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါ လုပ်မလားမသိဘူး..နာမည်ကို
အပေါက်ရှာရှာ..အဲလေ ပေါက်ပေါက်ရှာရှာ ပေးတယ်) ။ မီးတို့လည်း အဲလို
ဘယ်ဒေါ့ အတူတူနေရမလဲမသိဘူးနော်... ။

ုကိုယ်ရယ်..မီး အရန်လွမ်းတာပဲ (လွမ်းတာပဲ အရန်တွေ line-up တွေ
လွမ်းချင်သေးတယ်) ။ မီးလည်း မျိုလိုက်ချင်ပေမယ့် (မျိုသာချလိုက်တော့)
..ဆီးပွားရေက အဆင်မပြေဘူးလေး..။ မီးလည်း ချီးစားနေရတော့ (အေးပါ စားစား)
အကြွေးတွေလည်း အလီလီ (တန်းပြင်ပေးလိုက်တယ်) ပဲ ။ မျိုသူတွေနဲ့ တွေ့ပီး
တောင်းပေါ်က ခြင်မကို မေ့မတွားပါနဲ့ (တောင်ပေါ်က
ချင်းမကိုမမေ့ဘူးဟေ့..တသက်လုံး) ။ ကိုယ်လုံး ပျံလာပါနော်
(တောင်ပံပေါက်တဲ့နေ့ထိစောင့်ပေတော့) ။
မီးဆောင့်နေမယ်.. မီး ဆောင့်ပြီးရင်း ဆောင့်နေမှာပါ
(အေး..တိုင်နဲ့ခေါင်းနဲ့သာ သေအောင်ဆောင့်ပေတော့)။
မီးစာ ရှည်သွားပီမို့ တော်သေပီ (မီးစာကုန်ပြီး မီးသေမှပဲ)

ခြစ်တဲ့မီး (မီးခြစ်ပေါ့)

*စပလင်မှားရင်ခွင်လွှတ်ပါ*
(စာလုံးပေါင်းသာမတတ်တယ် ဘိုလိုမှုတ်ချင်သေးတယ်။ နောက်ဆို စပလင်တင်မကဘူး..
ငရုပ်ကောင်းတွေပါ ပါလာနိုင်တယ်) :'(
Saturday, May 30, 2009

SimpleHelp.net

အင်တာနက်ဂျာနယ်ထဲ ပါလာတာနဲ့ ၀င်ကြည့်မိတယ်။ အတော်လေး ကောင်းပါတယ်။ Step by Step လေးတွေနဲ့ ရှင်းပြထားတယ်။ လုပ်နည်းတွေကတော့ အစုံပါပဲ။ အောက်မှာ သူရဲ့ recent posts လေးတွေကို ပြထားပါတယ်။

အဲဒီလို အဲဒီလိုမျိုးတွေ အများကြီးပါပဲ။
ကဲ Let's Go to www.simplehelp.net

ဒီနေရာမှကလစ်နှိပ်ပြီးသွားနိုင်ပါသည်..........
Wednesday, May 27, 2009

How to Block Spam Mails

Spam တွေ ရန်ကနေ ကြိုတင်ကာကွယ်ဖို့အတွက်

(၁) Forum တွေ Website တွေပေါ်မှာ မိမိရဲ့ email လိပ်စာ ရိုက်ထည့်ခြင်းမျိုးကို ရှောင်ပါ။ မဖြစ်မနေဆိုပါက ဥပမာ kyawkyaw at gmail dot com ဟုသာ ရိုက်ပါ။ format အမှန်အတိုင်းသာ ရိုက်မယ်ဆိုရင်တော့ Google မှာ @gmail.com ဆိုပြီး ရိုက်ထည့် ရှာလိုက်တာနဲ့ ကိုယ့်လိပ်စာကြီးကို တန်းခနဲ တွေ့ကောင်း တွေ့နိုင်ပါလိမ့်မယ်။
(၂) ဖြစ်နိုင်ရင် အီးမေးလ်လိပ်စာကို နှစ်ခုသုံးပါ။ Website တွေမှာ Registration လုပ်ဖို့အတွက်တစ်ခုသုံး၊ personal အတွက် တစ်ခုသုံးပေါ့။ ကိုယ့်အီးမေးလ်လိပ်စာကို spammer တွေကို ရောင်းစားတဲ့ Site တွေ အင်တာနက်မှာ အများကြီး ရှိနေပါတယ်။ အီးမေးလ်လိပ်စာ တစ်ခုတည်းပဲ သုံးချင်ရင်တော့ Registration လုပ်တဲ့အခါမှာ gmail ရဲ့ plus addressing ကို သုံးပါ။ ဒါမှ Gmail ရဲ့ Filter နဲ့ ပိတ်ပစ်လို့ ရမှာကိုး။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ Plus addressing ကို လက်မခံတဲ့ site တွေကို တွေ့လာပါတယ်။ ကျွန်တော်ကတော့ အဲဒီလို site ဆိုရင် ဘာပဲပေးပေး register မလုပ်တော့ပါ။
(၃) File sharing site တွေကို သုံးသူတွေ သတိထားပါ။ File sharing မှာ ပေးပို့တဲ့သူရဲ့ mail ကို တောင်းတဲ့အခါ မိမိရဲ့ personal mail လိပ်စာကို လုံးဝမပေးမိပါစေနဲ့။
(၄) Spam တော်တော်များများကို Gmail ကသိပေမဲ့ Invitation mail တွေကို Gmail က မတားတော့ပါ။ ကိုယ့်ရဲ့ Inbox ထဲသာ ရောက်လာပါလိမ့်မယ်။ ဥပမာ Tagged ရဲ့ invitation mail ကို လက်မခံချင်တော့ဘူးဆိုရင် အဲဒီမေးလ်ရဲ့ အောက်ဆုံးနားမှာ Unsubscribe သို့မဟုတ် block လုပ်တဲ့ link တွေပါပါတယ်။ အဲဒါတွေကို အသုံးချပြီး ကိုယ့်ဆီကို နောက်ထပ် invitation mail တွေ ရောက်လာတဲ့ရန်ကနေ ကာကွယ်ပါ။
(၅) Forward တွေကို ပြန် Forward လုပ်တဲ့သူတွေ သတိထားပါ။ Forward mail တစ်ခုကို ပြန် Forward လုပ်လိုက်တာနဲ့ ကိုယ့်မေးလ် လိပ်စာက အဲဒီ Forward စာရင်းအတွဲကြီးထဲမှာ ပါသွားပြီဆိုတာ သတိရပါ။ မယုံရင် Forward မေးလ်တစ်စောင်လောက်ကို ဖွင့်ကြည့်ပါ။ Show Details ကို နှိပ်လိုက်တာနဲ့ မေးလ်လိပ်စာတွေ တစ်သီကြီးကို တွေ့ရပါလိမ့်မယ်။ တကယ်လို့များ အဲဒီမေးလ်သာ Spammer တစ်ယောက်ဆီရောက်သွားရင်...ကဲ ဘယ်လိုလုပ်မလဲ။


ကွန်ပျူတာနဲ့တော့ မဆိုင်ပါဘူး။ ဒါပေမဲ့ စာဖတ်သူတိုင်း စိတ်ဝင်စားလောက်ပါတယ်။ ဘာလဲသိလား။ စက္ကူခေါက်နည်းလေ။ စပယ်ရှယ် လုပ်နည်းတွေတင်ထားတဲ့ site နှစ်ခုရှိတယ်။
http://www.origami-instructions.com/ နဲ့ http://www.origami.com/ ပါ။ ဖတ်ပြီး လိုက်ခေါက်ကြည့်လိုက်။ ပျော်စရာကောင်းတယ်နော်။
မလိမ်နဲ့ ။မှန်မှန်ဖြေ။ အမှန်တရားကိုပြောလိမ့်မယ်။ စာရွက် ပေါ်မှာအဖြေကိုရေးပါ။မလိမ်ပါနဲ့။
အဖြေကိုအောက်မှာပေးထားတယ်


မေခွန်း

၁။ မင်းရဲ့ အကြိုက်ဆုံးအရောင် က အနီ၊အနက်၊အပြာ၊အစိမ်း၊အ၀ါ ? (တခုရွေးပါ )
၂။မင်းနာမည်ရဲ အစစာလုံးကဘာလဲ?
၃။မင်းမွေးတဲ့လ?
၎၊ မင်း အဖြူရောင် ။အနက်ရောင် ဘယ်အရောင်ကိုပိုကြိုက်သလဲ?
၅၊ မင်းအချစ်ဆုံးလူရဲ့နာမည် (မိမိနှင့်အမျိုးတူသောသူ တွက်သူသည်မိန်ကလေးဖြစ်ရင်မိန်းကလေးနာမည်ဖြစ်ရမည် တွက်သူသည်ယောင်္ကျားလေးဖြစ်ရင်ယောင်္ကျားလေးနာမည်ဖြစ်ရမည်)
၆၊မင်းအကြိုက်နှစ်သက်ဆုံး NO ?
၇။ မင်းလေယာဉ်မောင်းရတာကိုကြိုက်လား ။ကားမောင်းရတာကိုကြိုက်လား?
၈။မင်း ရေကန် ကိုကြိုက်လား ။ ပင်လယ်ကိုကြိုက်လား?
၉၊ မင်းဖြစ်ချင်တဲ့ဆန္ဒကိုရေးပါ?





အဖြေ


၁ နံပါတ်၁ မှာရွေးသောမေးခွန်းများ၏အဖြေ

အနီ - မင်းဟာတက်ကြွတယ် ။ မင်းရဲ့ဘ၀ဟာ အချစ်တွေနဲ့ပြည့်နေမယ်

အနက် - မင်းဟာလွတ်လွတ်လပ်လပ်နေရတာကြိုက်တယ် ။မင်းဟာရန်လိုတယ်

အစိမ်း- မင်းဟာအေးအေးဆေးဆေးနေတတ်တယ်။ ဘယ်တော့မှမပူပင်ဘူး

အပြာ -မင်းဟာသဘာဝဆန်တယ် ။မင်းဟာမင်းချစ်တဲ့သှူဆီကအနှမ်းကိုနှစ်သက်တယ်

အ၀ါ-မင်းဟာပျော်ရွင်တတ်တယ်။သူများတွေအကူအညီတောင်းရင်ကောင်းတဲ့အကြံအညဏ် တွေပေးနိင်တယ်




၂ မေးခွန်းရဲ့အဖြေများ

မင်းရဲ့နာမည်က A _ K အတွင်းဆိုရင် မင်းရဲ့ဘ၀မှာ ချစ်သူတေ။ွသူငယ်ချင်းတွေ အများကြီးရှိမယ်
မင်းရဲ့နာမည်က L _ R အတွင်းဆိုရင် မင်းရဲ့ဘ၀မှာပျော်ရွှင်ဖို့မင်းကိုယ်တိုင်လုပ်ရမယ် ၊ မင်းဖြစ်ချင်တဲ့ဘ၀မကြာ ခင်ဖြစ်လာမယ်
မင်းရဲ့နာမည်က S _ Z အတွင်းဆိုရင် မင်းကသူများကိုကူညီရတာကြိုက်တယ် ၊ မင်းရဲ့အနာဂတ်အချစ်ခရီးလမ်းက အရမ်းကောင်း တယ်


၃ “မေးခွန်းရဲ့ အဖြေများ ”

Jan _ Mar ဒီနှစ်ဟာမင်းအတွက်အားလုံးကောင်းတယ် ။မင်းအရမ်းချစ်တဲ့သူကိုမမျော်လင့်ဘဲ တွေ့လိမ့်မယ်

April _June: မင်းအ၇ူအမူးအချစ်နဲ့တွေ့လိမ့်မယ် ဒါပေမယ့် အချိန်ကြာကြာတော မဟုတ်ဘူး ၊ ဒါပေမယ့် မင်းတဘ၀လုံအမှတ်ရနေမယ်

July_Sep : ဒီနှစ်ဟာမင်းအတွက်အလွန်ကောင်းတယ် ၊ မင်း ဘ၀မှာကောင်း တဲ့ပြောင်းလဲမှူတွေကိုတွေရလိမ့်မယ်

Oct _ Dec : မင်းကြိုက်တဲ့ဘ၀ က သိတ်အကောင်းကြီးတော့မဟုတ်ဘူး ၊ဒါပေမယ့်မင်းလို့ချင်တဲ့ဘ၀မျိုးကိုမင်းရမယ်


၎ မေးခွန်းအဖြေများ

အနက် - မင်းဘ၀မှာ မတူညီတဲ့လမ်းတွေ ကိုသွားရမယ် ၊ အဲ့ဒီလမ်းတွေ ကိုသွှားတဲ့အချိန် မှာမင်းအတွက်အခက်အခဲတွေတွေ့မယ် ဒါပေမဲ့ဒါတွေဟာမင်းအတွက်ကောင်းတယ် ၊မင်းဟာပြောင်းလဲမူတွေကိုလက်ခံလာနိုင်မယ်


အဖြူ - မင်းသူငယ်ချင်ကသူလိုဝှက်ချက်တွေကိုထုပ်ပြောရလောက်အောင်မင်းကိုယုံကြည်မယ် ။မင်အတွက်ဘာအဆိုလုပ်ပေးလိမ့်မယ်၊ မင်းကဒါကိုမယုံနိုင်ဘူးဖြစ်နေမယ်


၅ ရဲ့အဖြေများ

ဒီလူဟာမင်းရဲ အချစ်ဆုံးသူငယ်ချင်းဖြစ်တယ်

၆ရဲ့အဖြေများ

ဒါကမင်းရဲ့အရမ်းခင်တဲ့သူငယ်ချင်းအရေအတွက် ဖြစ်တယ်


၇ ရဲ့အဖြေများ

လေယာဉ် - မင်းဟာစွန့်စားရတာကိုကြိုက်တယ်
ကား - မင်းဟာအေးအေးသမားဖြစ်တယ်


ဂ ရဲ့အဖြေများ

ရေကန် -မင်းဟာသူငယ်ချင်းတွေ နဲ့ ချစ် သူ ကိုထောက်ပံ့ပေးတယ်။ မင်းဟာသူများကိုဦးစားပေးတယ်
ပင်လယ်- မင်းဟာသဘာဝကျ ကျနေတယ် ၊ လူတွေကိုကျေနပ်နှစ်သိမ့်မှူတွေပေးတယ်


၉ ရဲ့အဖြေများ

လူငါးယောက်ကိုတစ်နာရီအတွင်းဒီမေးကို ပို့ရင်ဒီအကြောင်းအရာတွေမှန်မယ်လိုချင်တဲ့ဆုတောင်းတွေပြည့်မယ်
လူဆယ်ယောက်ကိုပို့ ရင် နောက်လာမဲ့ မွေနေ့မရောက်ခင်ဆုတောင်းပြည့်မယ်
Tuesday, May 26, 2009

တစ်ယောက်ထဲ

နွေးထွေးစေမယ်ဆိုလို့
ရင်ခွင်တစ်စုံထဲ ခိုဝင်ခဲ့ပါတယ်
အခုတော့.....
မိုးရေထဲမှာ ငါတစ်ယောက်ထဲ(တည်း)

လွမ်းရမှာကြောက်လို့
ချစ်တတ်အောင်သင်ခဲ့ပါတယ်
အခုတော့.....
အလွမ်းတွေကြားမှာ ငါတစ်ယောက်ထဲ

ရဲရဲလျှောက်မယ်ဆိုလို့
လက်တစ်စုံကိုတွဲခဲ့ပါတယ်
အခုတော့....
လမ်းခုလပ်မှာ ငါတစ်ယောက်ထဲ

ကောင်လေးရေ...
မင်းမရှိတဲ့ မနက်ဖြန်ကို
ဘယ်လိုဆက်ရေးရမှန်း မသိလို့
အိပ်မက်တစ်ရွက်ကို ငါဆုပ်ဖြဲလိုက်တယ်
အခုတော့...
မျှော်လင့်မီးမှိန်မှိန်အောက်မှာ ငါတစ်ယောက်ထဲ
တို့နှစ်ယောက်ကို
စည်းတစ်ကြောင်းနဲ့ ခြားထားသလို
တို့နှစ်ယောက်ကို
ကြိုးတစ်ချောင်းနဲ့ ချည်ထားတယ်။
စည်းက သေးပေမယ့်
ငါတို့ ကျော်လို့မရဘူး
ကြိုးက တိုပေမယ့်
ငါတို့ ပြေမသွားဘူး။

ကောင်လေးရေ....
စည်းတစ်ဖက်ခြားက
ကြိုးတစ်စကို
ဖြည်ချမသွားနဲ့ကွယ်
အထီးကျန်တဲ့ချောက်ထဲ
ငါ လဲကျမသွားရဲလို့ပါ....
ကိုယ်သိထားတဲ့သတင်းတစ်ပုဒ် အများသိဖို့လုပ်ချင်ရင်တော့ Forward လုပ်ပို့တာက အကောင်းဆုံးပါပဲ။ Gmail မှာ Forward လုပ်ပို့တယ်ဆိုတာက အရင်လို Email လိပ်စာတွေ အများကြီး ရိုက်ထည့်စရာ မလိုတော့ပါဘူး။ Group တစ်ခု ဖန်တီးလိုက်မယ်။ Forward လုပ်တော့မယ်ဆိုရင် To မှာ အဲဒီ Group နာမည် ရိုက်ထည့်လိုက်တာနဲ့ အဲဒီ Group ထဲမှာရှိတဲ့ Email တွေ အကုန်လုံးဆီကို ကိုယ့်မေးလ်က ရောက်သွားပါလိမ့်မယ်။

Gmail မှာ Group ဆောက်ဖို့အတွက်

၁။ သင်ဟာ Gmail ရဲ့ new version ကို သုံးနေတာ သေချာပါစေ။

၁။ Gmail Window ရဲ့ ညာဘက်မှာ ရှိတဲ့ Contacts မှာ တစ်ချက်နှိပ်ပါ။

၂။ ပြီးရင် လူနှစ်ယောက်ပုံလေးနဲ့ အပေါင်းလက္ခဏာလေးပေါ်နေတဲ့ Create Group button မှာ တစ်ချက်နှိပ်ပါ။

၃။ အဲဒီအခါမှာ Group နာမည်တောင်းတဲ့ box တစ်ခု ပေါ်လာပါလိမ့်မယ်။ Group နာမည်ရိုက်ပြီး OK နှိပ်ပါ။

၎။ အဲဒီအခါမှာ ပုံမှာပြထားသလို Group နာမည်လေး ပေါ်လာပါလိမ့်မယ်။ အခု ဥပမာအနေနဲ့ MyFriends ဆိုပြီး ရိုက်ထည့်လိုက်ပါတယ်။

၅။ ပြီးရင် All Contacts မှာ တစ်ချက်နှိပ်ပါ။ Select All ကို နှိပ်ပါ။ ဒီနေရာမှာ Select All ကို မနှိပ်ပဲ Group ထဲ ထည့်ချင်တဲ့ လိပ်စာတွေကို Checkmark လေးတွေ ပေးပြီး ရွေးရင်လည်း ရပါတယ်။

၆။ ပြီးရင် ညာဘက်က Groups list box လေးကို ဖွင့်ချပြီး အခုအသစ်လုပ်လိုက်တဲ့ Group (MyFriends) ကို ရွေးပေးလိုက်ပါ။ ဒီအခါမှာ Group ထဲကို မေးလ်လိပ်စာတွေ ရောက်သွားပါပြီ။

၇။ အခု စပြီးတော့ မေးလ်ပို့လို့ ရသွားပါပြီ။ Compose mail ကို နှိပ်ပြီး To နေရာမှာ Group နာမည်ကို ရိုက်ထည့်လိုက်ရုံပါ။ Body ထဲ ကိုယ်ပို့လို့တဲ့စာတွေထည့်ပြီး Send ကို နှိပ်လိုက်ရင် အဲဒီ Group ထဲမှာ ရှိတဲ့ လိပ်စာတွေ အကုန်လုံးဆီကို အီးမေးလ်တွေ ရောက်သွားပါလိမ့်မယ်။

ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။

ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။

ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။
သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။

ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။
သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။

ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။
သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။
သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။

ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။

ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။

ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။

တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။

T-Wall က သူငယ်ချင်းပေးတာပါ...
VCD သီချင်းတွေကို ကြည့်ရင်း သီချင်းစာသားထိုးတာတွေကို ဘယ်လိုများ လုပ်တာပါလိမ့်ဆိုပြီး အရမ်း သိချင်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ Adobe Premier နဲ့ Title Deko ကို သုံးလုပ်တာဆိုပြီး သူငယ်ချင်း တစ်ယောက်က ပြောလို့ သိခဲ့ရပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း Premier တင်ပြီး စမ်းကြည့် ခဲ့တယ်။ အားပါး တော်တော်လေးကို အချိန်ပေးရပါတယ်။ စာနဲ့အသံနဲ့ ကိုက်အောင် လုပ်ရတာ အတော်လေးကို လက်ဝင်ပါတယ်။ ဒါတောင် အသံအလိုက် စာသားကို highlight လုပ်တာ မပါသေးဘူး။ အဲဒါနဲ့ ကျွန်တော်လည်း ပျင်းပြီး ဆက်မလုပ်ဖြစ်တော့ပါဘူး။

ဟိုတလောက ကွန်ပျူတာဂျာနယ်မှာ ကာရာအိုကေ စာတန်းထိုးနည်း ပါလာပါတယ်။ ကြည့်လိုက်တော့ Premier နဲ့ပါပဲ။ Premier ဆိုတာနဲ့ ကျွန်တော် လည်းလန့်နေပြီ။ အဲဒါနဲ့ စမ်းတောင် မကြည့်တော့ပါဘူး။

ကိုယ့်မှာ သိချင်စိတ်ရှိနေလို့ပဲလားတော့ မသိပါဘူး။ မရှာဘဲနဲ့ အလွယ်နည်းလေးကို မထင်မှတ်ပဲ အခု ရလိုက်ပါပြီ။ Reader နဲ့ Feed တွေ လိုက်ဖတ်ရင်း Techpp ရဲ့ Feed မှာ အဲဒီအကြောင်းလေး ပါလာတယ်။ အဲဒါနဲ့ ကျွန်တော်စမ်းကြည့်တယ်။ အရမ်းလွယ်တယ်။ အဆင်ပြေပါတယ်။ ဒါကြောင့် အခု ဖောက်သည်ချလိုက်ပါပြီ။


စာတန်းထိုးဖို့အတွက် လိုအပ်တဲ့ Software တွေက Divxland Media Subtitler ပါ။ ပြီးတော့ VirtualDub ရယ်၊ Xvid Encoder ရယ်ပါ။ စုစုပေါင်း သုံးမျိုးပါ။ အကုန်လုံးဟာ Free ပေးတာဖြစ်ပြီး http://www.divxland.org/ မှာ ရနိုင်ပါတယ်။


စလုပ်ဖို့အတွက် Notepad ထဲမှာ Myanmar Font နဲ့ (Unicode Font သုံးမရပါ) သီချင်းစာသားတွေကို အဖြတ်လိုက် တကြောင်းချင်း ရိုက်ထည့်ရပါမယ်။ ပြီးရင် တစ်နေရာမှာ သိမ်းလိုက်ပါ။ နောက် Divxland Media Subtitler ကို ဖွင့်ပြီး စာသားထည့်မယ့် Video ဖိုင်ကို ဖွင့်ရပါတယ်။ ကျွန်တော်ကတော့ လိပ်ပြာ ၀ှက်တမ်း ဇာတ်ကားခွေထဲမှာပါတဲ့ ဗွီဒီယိုသီချင်းဖိုင်လေးနဲ့ စမ်းကြည့်ပါတယ်။ သူက MTV ပါ။ စာသားမပါတော့ စမ်းသပ်ဖို့ ကောင်းသွားတယ်။


ပြီးတော့ အစောက Notepad နဲ့ ရိုက်ထားတဲ့ စာသားဖိုင်လေးကို ဖွင့်ရပါတယ်။ ပြီးတဲ့အခါမှာ သီချင်းကို Play လုပ်ပြီး အဲဒီ Program မှာပါတဲ့ Apply ခလုတ်လေးကို နှိပ်လိုက်၊ လွှတ်လိုက်လုပ်ပြီး အသံနဲ့ စာနဲ့ ကိုက်အောင် လုပ်ရပါတယ်။ ပြီးသွားရင် ဖိုင်ကို သိမ်းရပါတယ်။ သူက Subtitle ဖိုင်လေး တစ်ဖိုင်ကို ထုတ်ပေးပါလိ့မ်မယ်။ ဒီနေရာမှာ သတိပြုရမှာက သိမ်းတဲ့အခါမှာ ဖိုင် Format ကို SubStation Alpha ကို ရွေးရပါတယ်။


ပြီးရင်တော့ File ကနေ Embed Subtitle ကို ရွေးရုံပါပဲ။ အဲဒီအခါမှာ VirtualDub Program ရှိတဲ့ နေရာကို ရွေးရတာတို့၊ Xvid Encoder ကို သုံးရတာတို့ စတာတွေကို လုပ်ပေးရပါတယ်။
နောက်ဆုံးမှာတော့ စာတန်းထိုးပြီးသား ဗွီဒီယိုသီချင်းတစ်ပုဒ်ကို အချိန်တိုလေးအတွင်းမှာ ဖန်တီးလို့ ရသွားပြီပေါ့။


လုပ်နည်း အသေးစိတ်ကို http://www.divxland.org/ မှာ လေ့လာလို့ရပါတယ်။ အခု software တွေနဲ့ လုပ်တာ တွေဟာ စာတန်းထိုးရုံ သက်သက်ဖြစ်ပြီး အသံအတိုင်း highlight လုပ်တာကိုတော့ လုပ်မရပါဘူး။ ပြီးတော့ Myanmar Font တွေနဲ့ ပတ်သတ်ပြီး နည်းနည်းပြဿနာ ရှိပါတယ်။ ရ မပေါ်တာတို့ ဘာတို့ ဖြစ်ပါတယ်။ ကျွန်တော် ရှာကြည့်သလောက်တော့ Gandamar-Letter1 Font နဲ့ကတော့ လုံးဝအဆင်အပြေဆုံးပါပဲ။
Post From http://peacefulforever.blogspot.com/

Gmail လေးဘက်ကိုလည့်ပြီး ပြသနာရှာကြည့်ရအောင် ခင်ဗျာ။ ဘယ်လိုလဲဆိုတော့ ကိုယ့်ရဲ့ GMAIL ကို ဖွင့်လိုက်တာနဲ့ မဖတ်ရသေးတဲ့ Mail တွေကို အပေါ်ဆုံးက ပေါ်နေရင် မကောင်ဘူးလားဗျာ။ ကိုယ်ကမေ့ပြီးတော့ မဖတ်ခဲ့ရင်လည်း အခုလို အပေါ်ဆုံးက ပေါ်နေတော့ အဆင်ပြေမယ် ထင်ပါတယ် ခင်ဗျာ။ ချစ်ချစ်ကမေးပို့ လိုက်လို့ ကိုယ်ကမသိဘူးဆိုရင်လည်း ပြန်ရှာနေစရာ မလိုဘူးပေါ့ဗျာ။ ဘယ်ကပဲ ပို့ ပို့ ပေါ့ဗျာ၊အရေးကြီးတာတွေကို ကိုယ်ကမဖတ်မိဘဲ ဖြစ်နေရင် မကောင်းဘူးပေါ့ဗျာ။ Gmail ကိုဖွင့်ပြီးရင် search box ထဲမှာ label:unread in:inbox ဆိုတာကို ရိုက်ပြီးတော့ Search Mail ဆိုတာကို Click လိုက်ရင်မဖတ်ရသေးတဲ့ Mails လေးတွေကနေ စပြီးတော့ ဖော်ပြပေးပါလိမ့်မယ် ခင်ဗျာ။
အဆင်ပြေမှုတွေကိုသာ ရရှိနိုင်ကြပါစေ ခင်ဗျာ။

အခုဆိုရင် Gtalk မှာ ဘာသာပြန်စနစ် ပါရှိလာပါပြီ။ ကျွန်တော်တို့ ရိုက်လိုက်တဲ့စာတွေကို တခြားဘာသာသို့ တိုက်ရိုက်ဘာသာပြန်ပေးတဲ့စနစ်ပါ။ Gtalk မှာ အဲဒီလိုရနိုင်ဖို့ Translation Bots တွေ လိုအပ်ပါတယ်။ Bots တွေရဲ့အမည်ကို ဘာသာစကားတိုင်းရဲ့ ကိုယ်စားပြုစကားလုံးနှစ်လုံး (ဥပမာ- English ဆိုရင် EN ) ကို အသုံးပြုထားပါတယ်။ ဘယ်လိုလဲဆိုတော့ [from language]2[to language]@bot.talk.google.com ဆိုတဲ့ ပုံစံမျိုးဖြစ်ပြီး ရနိုင်တဲ့ bots တွေရဲ့ အမည်ကို အောက်မှာ ပြပေးထားပါတယ်။

Bots တွေကို အသုံးချနည်းကတော့ Gtalk ကနေ အဲဒီ bots တွေကို invite လုပ်ပါ။ ဆိုလိုတာက ကိုယ်က အင်္ဂလိပ်ကနေ စပိန်ပြောင်းချင်တယ်ဆိုရင် en2es@bot.talk.google.com ကို invite လုပ်ပါ။ ပြီးရင် အဲဒီ bots ဆီကို ကိုယ်ဘာသာပြန်ချင်တဲ့ စာတွေကို ရိုက်ထည့်ပြီး ပြောလိုက်ပါ။ သူက ချက်ချင်း ဘာသာပြန်ပေးပါလိမ့်မယ်။ ဥပမာ- en2es bots နဲ့ဆိုရင် ကိုယ်က Hello လို့ ရိုက်လိုက်ရင် သူက Hello ကို စပိန်လို Hola လို့ ပြန်ပြောပါလိမ့်မယ်။

အောက်မှာပါတဲ့ bots တွေကို Chat လုပ်ပြီး ဘာသာပြန်ခိုင်းနိုင်ပါပြီ။

Arabic – English ar2en en2ar

Bulgarian - English bg2en en2bg

Czech - English cs2en en2cs

Danish - English da2en en2da

German - English de2en en2de

German - French de2fr fr2de

Greek - English el2en en2el

Spanish - English es2en en2es

Finnish - English fi2en en2fi

French - English fr2en en2fr

Hindi - English hi2en en2hi

Croatian - English hr2en en2hr

Italian - English it2en en2it

Japanese - English ja2en en2ja

Korean - English ko2en en2ko

Dutch - English nl2en en2nl

Norwegian - English no2en en2no

Polish - English pl2en en2pl

Portuguese - English pt2en en2pt

Romanian - English ro2en en2ro

Russian - English ru2en en2ru

Swedish - English sv2en en2sv

Chinese - English zh2en en2zh

Traditional Chinese -

Englishzh-hant2en en2zh-hant

Traditional Chinese -Chinesezh-hant2zh zh2zh-hant

Bots နာမည်တွေရဲ့ နောက်မှာ @bot.talk.google.com ထည့်ပြီး invite လုပ်ပါ။

သင့်မှာ Gmail Address နှစ်ခု ရှိတယ်ဆိုကြပါဆို့။ ဒါပေမဲ့ GTalk မှာ ချက်တင် ၀င်တဲ့အခါ Primary mail နဲ့ပဲ ၀င်နေရတယ်။ နောက် mail adress တစ်ခုနဲ့ပါ တပြိုင်နက် (polygamy) ထပ်ဝင်ပြီး အားရပါးရ ချက်ချင်သေးတယ်ဆိုရင် ဒီတိုင်းလုပ်ပေးလို့ ရပါတယ်။
၁။ Destkop ပေါ်က GTalk icon ကို right click လုပ်ပါ။၂။ Properties ကိုရွေးပါ။၃။ Target(location of file) ဆိုသောနေရာကို ရှာပါ။



၎။ ထို့နောက် Target Address ၏နောက်ဆုံးတွင် space ခြားပြီး /nomutex ဆိုသော စာသားလေးကို ရိုက်ထည့်ပေးလိုက်ပါ။


၅။ ထို့နောက် Apply ကို Click လုပ်ပါ။ ပြီးလျှင် သင်၏ primary gamil address နှင့် GTalk သို့ Login လုပ်ပါ။ဒုတိယအကြိမ်ဝင်ရန်အတွက် Desktop ပေါ်တွင်ရှိသော GTalk icon ကို Click နှိပ်ပြီး secondary gmai address နှင့် username ကိုထည့်ပါ။ ဒါဆို သင့်တွင် GTalk window နှစ်ခု ပေါ်လာပြီး လက်မညောင်းမချင်း ချက်နိုင်ပါပြီ

Shortcuts

  • CTRL + Mousewheel up/down: Chat Box အတွင်းရှိ Font size ကို ပြောင်းပေးသည်။
  • ချက်ပြောနေရင်းနဲ့ Call ခေါ်ချင်ရင် F9 နှိပ်ပါ။
  • Call ပြန်ပိတ်ဖို့ F12 ကို နှိပ်ပါ။
  • ချက်ပြောတာကနေ ထွက်ဖို့ Esc ကို နှိပ်ပါ။
  • ချက် window တွေကို minimize လုပ်ဖို့ Alt+Esc နှိပ်ပါ။
  • ပြောနေတဲ့ Chat windows တွေကို တစ်လှည့်စီ ပြောင်းဖို့ TAB ကို သုံးပါ။


Others

  • Gtalk မှာ ရိုက်နိုင်တဲ့ စာလုံးအရေအတွက်ဟာ 32767 characters ထိ ကန့်သတ်ထားပါတယ်။
  • စာလုံးတွေကို bold အနေနဲ့ ပေါ်ချင်ရင် * ခံပြီး ရိုက်ပါ။ ဥပမာ. *great* လို့ ရိုက်ရင် great လို့ ပေါ်ပါလိမ့်မယ်။
  • Italic လုပ်ဖို့အတွက်တော့ _ နှစ်ခု ခံရိုက်ပါ။
  • Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်နိုင်ပါတယ်။
  • Gtalk မှာ ပေါ်တဲ့ နာမည်ကို ပြောင်းဖို့အတွက်ဆိုရင်တော့ Gmail Setting မှာ ၀င်ပြင်ရပါမယ်။
myanmar-cartoon.blogspot.com တွင် ဖော်ပြထားသည်ကို လိုအပ်သလောက်ကိုသာ ရွေးပြီး ဘာသာပြန်ထားပါသည်။

IT Men ထဲက ကူးထားတာပါ......

From http://feeds.feedburner.com/~r/rapster88blog/~3/181159091/gtalk-idle.html

Google Talk မှာ Feature တစ်ခုပါတယ်လေ။ Keyboard နဲ့ Mouse ကို ၁၅ မိနစ် လှုပ်ရှားမှုမရှိရင် ကိုယ့်ရဲ့ Status ကို လိမ္မော်ရောင် အ၀ိုင်းလေးနဲ့ Idle ဆိုပြီးဖြစ်အောင်လုပ်ထားပေးတယ်။ Keyboard ဖြစ်ဖြစ် mouse ဖြစ်ဖြစ် ပြန်ပြီးလှုပ်လိုက်တာနဲ့ ကိုယ်လုပ်ထားတဲ့ Available or Busy ပြန်ဖြစ်သွားပါတယ်။ Google Talk မှာ Available or Busy Status ကိုကြိုက်သလိုပြောင်းလို့ ရပေမယ့် Idle ကိုတော့ ပြောင်းလို့မရပါဘူး။ Idle ကိုသာ ကြိုက်သလို ထိန်းထားခွင့်ရှိရင် ကိုယ်စကားမပြောချင်တဲ့သူတွေကို မရှိချင်ယောင်ဆောင်ပြီး လှည့်စားထားလို့ရတယ် :P ။

gAlwaysIdle ဆိုတဲ့ application သေးသေးလေးက idle status ကို ကြိုက်သလိုပြုပြင်လို့ရပါတယ်။ အမြဲပဲ idle ဖြစ်ချင်သလား normal ပဲထားမလား ဒါမှမဟုတ် လုံးဝကို idle မဖြစ်ချင်ဘူးပဲလား ဆိုတဲ့ options သုံးခုကို ရွေးလို့ရပါတယ်။ install လုပ်ရတာလဲ လွယ်ကူပြီးတော့ status ပြောင်းချင်ရင် System Tray ထဲက Google Talk Icon မှာ right click နှိပ်လိုက်ပြီး ရွေးရုံပါပဲ။

gAlwaysIdle က အခုအချိန်မှာတော့ Beta ပဲရှိနေသေးတဲ့အတွက် bug အနည်းငယ်ရှိနေပါတယ်။ အသိသာဆုံး bug ကတော့ status ကို idle ပြောင်းထားတုံး connection ကျနေရင် idle မဖြစ်သွားတာပါ။ နောက်ပြီး တစ်ခါတစ်လေ idle ဖြစ်အောင် ပြောင်းလို့မရတာပါ။ Connection ကောင်းတဲ့ အခါတွေမှာတော့ အဆင်ပြေပြေနဲ့ run နိုင်ပါတယ်။ ကဲ.. gAlwaysIdle နဲ့လူတွေကို လှည့်စားကြရအောင် ;)

>> Download gAlwaysIdle
>> gAlwaysIdle HomePage
www.glasbergen.com မှာ ကွန်ပျူတာနည်းပညာနဲ့သက်ဆိုင်တဲ့ ဟာသကာတွန်းတွေ အများကြီးရှိပါတယ်။ အပျင်းပြေ သွားကြည့်နိုင်ပါတယ်။
gmail ရဲ့ feature တစ်ခုဖြစ်တဲ့ Show original ကိုသုံးပြီး ကိုယ့်ဆီ ရောက်လာတဲ့ mail ဘယ်ကပို့လဲလို့ အလွယ်လေးသိနိုင်တယ် inbox ထဲက သိချင်တဲ့ mail ကိုဖွင့်ကြည့် လိုက်ပါအုံး Reply ဘေးကမျှားလေးကို နှိပ်ပြီး Show original ကို ရွှေးလိုက်၊ဒီတော့ web page တစ်ခုကျလာပြီ X-Originating-IP: ဆိုတာရှာ သူ့နောက် က IP address ကိုကူး၊

http://ininfo.info/html/ip_checker.php (proxy တစ်ခုခုနှင့်ကျော်ပါ)
ကိုသွား domain whois record ဆိုတဲ့ check box လေးကို အမှန်ခြစ်ပေး လိုက်ပါအုံး၊ (မကျော်ချင်ရင် http://www.geobytes.com/IpLocator.h tm?GetLocation ကိုသွားပါ) ကဲ စောစောက ကူးထားတာလေး past လုပ်ပေး ပြီး enter နှိပ်လိုက်တော့၊

ဟော ဟော မိပြီ Domain Whois Record အောက်မှာ Owner/Main contact အောက်မှာ နာမည်ရော လိပ်စာရော နိုင်ငံရောပါပဲ အကုန်ကို ပေါ်တာပါပဲ

IT Men ထဲက copy ကူးထားတာပါ.........
ချစ်ခြင်းနဲ့ ရူးသွပ်ခြင်း


တစ်နေ့မှာ လူတွေရဲ့ ခံစားမှုနဲ့ အကျင့်စရိုက်တွေ စုစည်းမိကြသတဲ့။
ပျင်းရိခြင်း သုံးကြိမ်မြောက် သမ်းဝေပြီးချိန်မှာ ရူးသွပ်ခြင်း က "ကဲ...
ငါတို့ တူတူပုန်းတမ်း ကစားရအောင်" လို့ စကားစလိုက်တယ်။ စိတ်ဝင်စားခြင်းက
စိတ်ဝင်တစား မျက်လုံးလေး ပင့်ကြည့်လိုက်တယ်။ စူးစမ်းခြင်းက
"တူတူပုန်းတယ်ဆိုတာ ဘာလဲ?" လို့ သိလိုစိတ်နဲ့ မေးလိုက်တယ်။

"တူတူပုန်းဆိုတာ ကစားနည်းတစ်မျိုး" လို့ ရူးသွပ်ခြင်းက ရှင်းပြတယ်။

"ငါ မျက်စိမှိတ်ပြီး တစ်ကနေ တစ်သန်းအထိ ရေမယ်။ ဒီလိုရေတွက်နေတဲ့
အချိန်မှာ ကျန်လူတွေက ပုန်းအောင်းဖို့ နေရာရှာပြီး ပုန်းကြရမယ်။
တစ်သန်းပြည့်ခဲ့ရင် ပုန်းနေတဲ့သူတွေကို ငါလိုက်ရှာမယ်။ ပထမဆုံး
ငါရှာတွေ့တဲ့လူက ငါ့နေရာမှာ အစားဝင်ပြီး ဆက်ကစားရမယ်"

ပြင်းပျခြင်းက အပျော်လွန်ပြီး ထ,ကတော့တယ်။

ပျော်ရွှင်ခြင်းက သံသယကို သဘောပေါက်အောင် ရှင်းပြလိုက်တယ်။

ဘာကိုမှ စိတ်မဝင်စားတဲ့ မပျော်ရွှင်ခြင်းက ခုန်ပေါက် ပြေးလွှားနေခဲ့တယ်။
တစ်ချို့က ဒီကစားပွဲမှာ မပါချင်ခဲ့ကြဘူး။

စစ်မှန်ခြင်းက "ဘာဖြစ်လို့ ငါပုန်းနေရမှာလဲ? " ဆိုပြီး ဒီကစားပွဲမှာ
မပါချင်ခဲ့ဘူး။

ဂုဏ်သိက္ခာက ဒီကစားနည်းဟာ ရူးမိုက်တဲ့ ကစားနည်းလို့ ထင်နေခဲ့တယ်။
(တကယ်တော့ ဒီကစားနည်းကို ကစားဖို့ သူအကြံဥာဏ် စပေးခဲ့တာ မဟုတ်လို့
သူဒီလိုထင်မြင်တာဖြစ်တယ်)

အားငယ်ခြင်းက မစွန့်စားချင်လို့ ဒီကစားနည်းထဲမှာ မပါခဲ့ဘူး။

" ၁, ၂, ၃" ရူးသွပ်ခြင်းက စရေတယ်။

ပျင်းရိခြင်းက သူ့စတိုင်လ်အတိုင်း ကျောက်ခဲတစ်လုံး အကွာအဝေးတောင်
မရွေ့လျားချင်တဲ့ အရင်ပုန်းအောင်းသူ ဖြစ်ခဲ့တယ်။

ယုံကြည်ခြင်းက မိုးပေါ်ထိ တက်ပုန်းနေခဲ့တယ်။

မနာလိုခြင်းက ကိုယ့်အားကိုယ်ကိုးပြီး ပထမရခဲ့တဲ့ အောင်မြင်ခြင်းရဲ့
နောက်မှာ ဝင်ပုန်းနေခဲ့တယ်။

ရက်ရောခြင်းက ပုန်းအောင်းဖို့နေရာ ရှာမတွေ့ခဲ့ဘူး။ သူရှာတွေ့တဲ့
နေရာတွေကလည်း သူ့ သူငယ်ချင်းတွေ အတွက်ပဲ သင့်တော်တဲ့ နေရာဖြစ်ခဲ့တယ်။

မှန်တစ်ချပ်လို့ ကြည်လင်တဲ့ ရေကန်က လှပခြင်းကို ဖွက်ထားတယ်။

သစ်ခေါင်းက ရှက်ရွံ့ခြင်းအတွက် အသင့်တော်ဆုံး ပုန်းအောင်းနေရာဖြစ်ခဲ့တယ်။

လွတ်လပ်ခြင်းက လိပ်ပြာတွေနဲ့ ပျံဝဲနေခဲ့တယ်။ ဒါကြောင့် နောက်ဆုံးမှာ
ရက်ရောခြင်းက နေရောင်ခြည်အောက်မှာပဲ ရပ်နေခဲ့တယ်။

တစ်ကိုယ်ကောင်းဆန်ခြင်းက စစခြင်းမှာပဲ သူနဲ့သင့်တော်တဲ့ နေရာကို
တွေ့ထားပြီးဖြစ်တယ်။ လေဝင်လေထွက်ကောင်းပြီး သက်တော်သက်သာရှိတဲ့
နေရာမှာပေါ့။

လိမ်ညာခြင်းက ပင်လယ်အောက်အထိ ဝင်ပုန်းနေခဲ့တယ်။ (ဒါလိမ်တာ.. တကယ်တော့
သက်တန့်နောက်မှာ သူပုန်းနေတာဖြစ်တယ်) ပြင်းပျခြင်းနဲ့ ရမ္မက်ဆန္ဒက
မီးတောင်ထိပ်အထိ တက်ပုန်းနေခဲ့တယ်။

မေ့လျှော့ခြင်းကရော? မေ့သွားပြီ ! ဒါ အရေးမကြီးပါဘူး။

ရူးသွပ်ခြင်းက ၉သိန်း ၉သောင်း ၉ထောင့် ၉ရာ ၉ဆယ့်၉လို့ ရေတွက်မိချိန်အထိ
ချစ်ခြင်းမှာ ပုန်းအောင်းစရာ ရှာမတွေ့ခဲ့ဘူး။ သူရှာတွေ့ခဲ့တဲ့ နေရာတိုင်း
လူရှိနှင့်နေပြီဖြစ်တယ်။ ဒါပေမယ့် နှင်းဆီပင်တစ်ပင်ကို သူသတိထားမိပြီး
အပင်အောက် သူဝင်ပုန်းလိုက်တယ်။

" တစ်သန်း! " အရေအတွက်ပြည့်တာနဲ့ ရူးသွပ်ခြင်း လူစရှာတော့တယ်။

ပထမဆုံး သူရှာတွေ့တာက ကျောက်ခဲတစ်လုံးအကွာ လောက်မှာသာ ပုန်းအောင်းနေတဲ့
ပျင်းရိခြင်းကို ဖြစ်တယ်။ အဲဒီနောက် ဘုရားသခင်နဲ့ အငြင်းပွါးနေတဲ့
ယုံကြည်ခြင်းရဲ့ အသံကို သူကြားလိုက်တယ်။ နောက် မီးတောင်ပေါ်မှာ
သွေးတိုးခုန်လှုပ်နေတဲ့ ပြင်းပျခြင်းနဲ့ ရမ္မက်ဆန္ဒတို့ကို သူတွေ့လိုက်တယ်။
ဆက်ပြီး မနာလိုခြင်းကို သူတွေ့ပြန်တယ်။ မနာလိုခြင်းရဲ့ရှေ့က
အောင်မြင်ခြင်းကိုလည်း တွေ့လိုက်တယ်။

ရူးသွပ်ခြင်းက တစ်ကိုယ်ကောင်းဆန်ခြင်းကို ရှာနေစရာတောင် မလိုဘူး။
ဘာဖြစ်လို့လဲဆိုတော့ တစ်ကိုယ်ကောင်းဆန်ခြင်းက ပျားလပို့ထဲ
ဝင်ပုန်းနေလို့ဖြစ်တယ်။

ရူးသွပ်ခြင်းက ရှာရင်းဖွေရင်း မောပန်းလာခဲ့တယ်။ ရေလည်း ငတ်လာခဲ့တယ်။
အဲဒီလိုနဲ့ ရေကန်မှာ လှပခြင်းကို တွေ့လိုက်မိတယ်။ ဘယ်ထောင့်မှာ
ပုန်းအောင်းရမှန်းမသိတဲ့ ကန်ဘောင်ဘေးက သံသယကိုလည်း တွေ့လိုက်တယ်။
အဲဒီနောက် ကျန်တဲ့ လူတွေကိုပါ သူရှာတွေ့ခဲ့တယ်။

ဖြစ်နိုင်စွမ်းက မြက်ခင်းပေါ်မှာ၊ စိတ်ပျက်ခြင်းက တွင်းမည်းကြီးထဲမှာ၊
လိမ်ညာခြင်းက ပင်လယ်အောက်မှာ (တကယ်တော့ သက်တန့်နောက်မှာ)။
မေ့လျှော့ခြင်းက သူ့ကိုယ်သူ တူတူပုန်းတမ်း ကစားနေပါလား ဆိုတာကိုတောင်
မေ့လျှော့နေခဲ့တယ်။

နောက်ဆုံး ချစ်ခြင်းပဲ ကျန်တော့တယ်။ အပင်တိုင်းရဲ့နောက်၊ ဂြိုလ်တိုင်းရဲ့
ကြားနေရာမှာ ချစ်ခြင်းကို ရူးသွပ်ခြင်း လိုက်ရှာခဲ့တယ်။
တောင်တွေပေါ်မှာလည်း ချစ်ခြင်းကို ရှာမတွေ့ခဲ့ဘူး။ ရူးသွပ်ခြင်း ဆက်မရှာဘဲ
လက်လွတ်ဖို့ကြံတုန်း နှင်းဆီပင်နဲ့ နှင်းဆီပန်းကို တွေ့လိုက်မိတယ်။
နှင်းဆီပင်ကိုကိုင်ပြီး သူလှုပ်ခါကြည့်တော့ နာကျင်တဲ့ အော်သံတစ်ခုကို
သူကြားလိုက်တယ်။ ချစ်ခြင်းရဲ့မျက်စိကို နှင်းဆီဆူး စူးသွားလို့ဖြစ်တယ်။
သူ့ကြောင့်ဖြစ်ရတဲ့အတွက် ရူးသွပ်ခြင်းက ငိုယိုပြီး ချစ်ခြင်းကို
ခွင့်လွတ်ဖို့ တောင်းပန်တယ်။ မျက်မမြင်ချစ်ခြင်းကို တစ်သက်လုံး
လမ်းပြတွဲခေါ်သူအဖြစ် လုပ်သွားပါ့မယ်လို့လည်း ဂတိပေးခဲ့တယ်။

အဲဒီလိုနဲ့ ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ် ခံစားချက်တွေရဲ့ တူတူပုန်းတမ်း
ကစားပြီးနောက် ချစ်ခြင်းဟာ မျက်စိကွယ်သွားခဲ့တယ်။ အဲဒီနောက်
ချစ်ခြင်းနောက်မှာ ရူးသွပ်ခြင်းက အမြဲ ကပ်လိုက်နေခဲ့တော့တယ်။

အချစ်မှာ မျက်စိမရှိပါ။ အချစ်ကြောင့် ရူးသွပ်သွားတယ်။ ရူးရူးမူးမူး
ချစ်မိတယ်.. စတာတွေက ဒီပုံပြင်နဲ့များ ဆက်နွယ်နေလား မသိ :D
ကြက်တူရွှေး
တစ်ခါက လူတစ်ယောက်ဟာ မွေးနေ့မှာ ကြက်တူရွေးတစ်ကောင်ကို
လက်ဆောင်ရလိုက်တယ်။ ကြက်တူရွေးက လူစကားတတ်ပေမယ့်
ရိုင်းရိုင်းစိုင်းစိုင်းတွေပဲ ပြောတယ်။
ပိုင်ရှင်က ကြက်တူရွေးကို လိမ်မာယဉ်ကျေးလာအောင်၊ သိမ်မွေ့လာအောင်
သင်ပေးပေမယ့် မထူးခဲ့ဘူး။ ဒေါသထွက်ပြီး ကြက်တူရွေးကို အော်ငေါက်တော့
ကြက်တူရွေးပြန်အော်တာကို သူခံရပြန်တယ်။ ကြာတော့ ရိုင်းစိုင်းတဲ့
ကြက်တူရွေးဒဏ်ကို မခံနိုင်ဘဲ သင်္ခန်းစာပေးဖို့ သူဆုံးဖြတ်လိုက်တယ်။
ဒီလိုနဲ့ ကြက်တူရွေးကို လှောင်ချိုင့်ထဲထည့်ပြီး ရေခဲသေတ္တာထဲ
ထည့်ပစ်လိုက်တယ်။ မိနစ်အနည်းငယ် ကြာတော့ ကြက်တူရွေးက အေးခဲလာပြီး
အတောင်တဖတ်ဖတ်နဲ့ ရုန်းတော့တယ်။ ပိုင်ရှင်က တအောင့်စောင့်ပြီး
ရုန်းသံမကြားမှ တံခါးဖွင့်ပြီး ချမ်းတုန်နေတဲ့ ကြက်တူရွေးကို
ထုတ်ပေးလိုက်တယ်။ ကြက်တူရွေးက “အရင်က ကျွန်တော် ရိုင်းစိုင်းခဲ့တာတွေကို
ခွင့်လွတ်ပေးပါ။ လိမ်မာယဉ်ကျေးလာအောင် အပြုအမှုနဲ့ စကားတွေကို
ကျွန်တော်ပြုပြင်ပါ့မယ်” လို့ ပိုင်ရှင်ကို တောင်းပန်လိုက်တယ်။
အရင်က ကြက်တူရွေးကို ခြောက်လိုက်၊ ငေါက်လိုက်သင်ခဲ့သမျှတွေ အသုံးမဝင်ဘဲ
ရေခဲသေတ္တာထဲ ခဏလေးထည့်လိုက်တာနဲ့ ပြောင်းလဲသွားတဲ့ ကြက်တူရွေးကို
ကြည့်ပြီး ပိုင်ရှင် နားမလည်ခဲ့ဘူး။ သိလိုစိတ်နဲ့ ကြက်တူရွေးကို
မေးမယ်ကြံတုန်းမှာ ကြက်တူရွေး မေးလိုက်တာက “ဒါနဲ့ မသိလို့ မေးပါရစေ...
ဟို ရေခဲသေတ္တာထဲက အမွေးပြောင်အောင် နှုတ်ထားတဲ့ ကြက်မှာ ဘာအပြစ်ရှိလို့လဲ
ဟင်း” ဟူတည်း။

ဖတ်ဖူးသမျှဟာသ
တစ်ခါက လူသားစားသော လူမျိုးနွယ် အကြီးအကဲ တစ်ဦး လေယာဉ်ပျံစီးလေသည်။
လေယာဉ်မယ်........"ဘာများသုံးေ
ဆာင်မလဲရှင်။"
အကြီးအကဲ..........."ခရီးသည်တွေရဲ့ နာမည်စာရင်းကို အရင်ပြစမ်းပါ။"

တစ်ခါက ချစ်သူနှစ်ဦး စကားများကြသည်။
မိန်းကလေး " ရှင်ဟာ ဘာမှ အသုံးမကျတဲ့ အမှိုက်ပဲ"
ယောင်္ကျားလေး " အမှိုက်မှန်းသိရက်နဲ့ ဘာလို့ ချစ်ခဲ့လဲ"
မိန်းကလေးမှာ ပိုဒေါသထွက်ပြီး " ရှင်ဘာသိလို့လဲ ဒါကျွန်မ recycle
လုပ်နေတာရှင့်"

ကကြီး "ABCD ... ၂၆ လုံးထဲမှာ ET မရှိရင် ဘယ်နှစ်လုံးကျန်မလဲ"
ခခွေး " ၂၄ လုံးကျန်မယ်"
ကကြီး " မှားတယ်... ၂၁ လုံးပဲ ကျန်မယ်"
ခခွေး " ဘာဖြစ်လို့လဲ"
ကကြီး " ET က UFO ကိုစီးသွားရမှာ မို့လို့ပါ။"

ဖခင်..........သားကြီးလာရင် ဘယ်သူ့ကို ယူမလဲ
သား..........ဘွားဘွားက သားကို သိပ်ချစ်တယ်ဆိုတော့....သားကြီးလာ
ရင် ဘွားဘွားကိုယူမယ်။
ဖခင်.........ဟာ....ဖေဖေ့ မေမေကို သားယူလို့ ဘယ်ရမလဲ။ အဲဒီလို ပြော
လို့မရဘူး သား..
သား........ ဒါဆိုရင် ဘာဖြစ်လို့ သား မေမေကိုကျတော့ ဖေဖေယူလို့ရလဲ။
ဖခင်.........^&!()%^$%!$"*(

ဖခင်.......... ကျောင်းကောင်းကောင်းထားပေးတာ စာမကြိုးစားချင်ဘူး။ ဖေဖေ့
တုန်းက ဆင်းရဲလို့ ကျောင်းတက်ချင်တာတောင် မတက်ခဲ့ရဘူး။
သား........... ဖေဖေ....သားတို့ ဘယ်တော့ ပြန်ဆင်းရဲမှာလဲဟင်....
ဖခင်............&*!^"!%"!^%"!08

သြော်....ပုရိသ...
တစ်ခါက အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရထားပေါ်တွင်
ဆုံကြသည်။ အမျိုးသမီးက အမျိုးသားအား
မြူဆွယ်ချင်သောကြောင့် သူမ အလွန်ချမ်းကြောင်း ပြောသည်။ အမျိုးသားက
သူ၏စောင်ကို အမျိုးသမီးအား ခြုံစေ
သည်။ သူမချမ်းနေသေးကြောင်း ပြောပြန်သည်။
"ဒါဆို ကျွန်တော်ဘယ်လို ကူညီရမလဲ" အမျိုးသားမှာ စိတ်မသက်မသာဖြင့် ပြောသည်။
"ကျွန်မ ငယ်ငယ်ကဆို အမေက သူ့ကိုယ်ငွေ့နဲ့ ကျွန်မကို နွေးစေတယ်"
"ဒီလိုဆို ကျွန်တော် ဘယ်လိုမှ မကူညီနိုင်ပါဘူး ခင်ဗျား..ကျွန်တော်
ရထားပေါ်က ခုန်ချပြီး ခင်ဗျားအမေကို လိုက်ရှာ
လို့မှ မဖြစ်နိုင်တာ"

မေ့မေ့ သင်္ချာ
သမီး။ ။ "အမေ သမီးရဲ့ ကောင်လေးနှစ်ယောက်ကလက်ထပ်ခွင့်ေ
တာင်းနေတယ်မေမေ...ဘယ်သူ့ကိုရွေး ရမလဲ မတိပါဝူး မေမေရယ်...။"
အမေ။ ။ " ညဉ်းကလဲ နှစ်ယောက်လေးကို ၊ငါဆို .. ချစ်သူ ၅ ယောက်ထဲကမှ
ညီအဖေကိုရွေးခဲ့တာအေ့... ဒါနဲ့.. သမီးကောင်လေး တွေ ဘာလုပ်တုန်း
သမီးရဲ့...."
သမီး။ ။ "ဇီကုန်း ဆိုတဲ့ ကောင်လေးကတော့ company တစ်ခုက ၀န်ထမ်းမေမေရဲ့...
သာယာဆိုတဲ့ တစ်ယောက်ကတော့ သဘောင်္သား မေမေ..."
အမေ။ ။" သြော်... ဒါများသမီးရယ် ဘာစဉ်းစား စရာရှိတုန်းအေ့...
သင်္ဘောသားကိုရွေး..... သူတို့သမီးကိုချစ်တာ ၁၅၀၀ ခြင်းညီမျှတောင်
ဟိုကဒေါ်လာနဲ့ ချစ်မှာသမီးရဲ့......"

ချစ်လို့ကျီစယ်......
အရူးဆေးရုံ တစ်ခုမှာပါ။
အ၇ူးတစ်ယောက်ဟာ သွေးစွန်းနေတဲ့ ဓါးတစ်ချောင်းကိုင်ပြီး လှည့်ပတ်ပြေးနေတယ်။
ဆရာဝန်တွေက သူ့ကိုဖမ်းပြီး ဘာလို့ ဓါးကြီးကိုင်ပြီး
လျှောက်ပြေးနေတာလဲလို့မေးတော့သူ က
“ ကျွန်တော် ကျွန်တော့်ကုတင်ဘေးက ကောင်ကို စနေတာဗျ။ ကျွန်တော်
သူအိပ်နေတုန်း သူ့ခေါင်းကို ဖြတ်ပြီး အိမ်သာ ထဲမှာ ၀ှက်ထားတာ။
သူပြန်နှိုးလာရင် ရှာလို့တွေ့တော့မှာ မဟုတ်ဘူး။ ဟီဟီဟီ။ ” တဲ့။
ကြိုက်တာဝယ်စား

အမေရိကန်နိုင်ငံရှိ ၀က်မွေးမြူသူတစ်ဦးထံသို့ တစ်နေ့သောအခါ လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီးစုံစမ်းလေ၏ ။
" ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
" ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်အပုပ်တွေ ရောစပ်ပြီးကျွေးပါတယ် "
" ကြားရတာစိတ်မကောင်းစရာပဲ၊ ကျွန်တော်က ကမ္ဘာ့တိရိစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ ။ အခုလိုကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေ ကျွေးမှုအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ရပါလိမ့်မယ် "
ဒဏ်ငွေဆောင်ပြီး ( ၃ ) လခန့်ကြာပြန်သော် နောက်ထပ်လူကြီးလူကောင်းတစ်ဦး ရောက်လာပြီး စုံးစမ်းပြန်၏ ။
"ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
" ဟုတ်ကဲ့၊ ပေါင်မုန့်၊ ပူတင်း၊ ဒိန်ခဲ၊ အာလူး၊ ကြက်ပေါင်းနဲ့ ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီးကျွေးပါတယ်ခင်ဗျာ "
" အားပါး၊ အံ့သြစရာပဲ၊ ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က အရာရှိပါ ။ ကမ္ဘာကြီးရဲ့လူဦးရေလေးပုံတစ်ပုံလောက် နှစ်စဉ်အငတ်ဘေးကြုံနေရတာကိုတောင်မှ ခင်ဗျားကခြိုးခြုံမှုမရှိဘဲ ဖြုန်းတီးပစ်နေတာ အဲဒီအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ပါတယ် "
ဒဏ်ငွေဆောင်ပြီး များမကြာမီနောက်တစ်ဦးလာပြန်လေ၏ ။
" ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျား "
" တစ်ကောင်ကို တစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ် "
@hp

စည်းကမ်းရှိသူ

" လူတွေကစည်းကမ်းမရှိကြဘူးဗျာ ။ ငှားပြီးရင်ပြန်မပေးချင်ကြဘူး ။ ခင်ဗျားတို့ပတ်ဝန်းကျင်တော့ မပြောတတ်ဘူး "
" ကျွန်တော့်ပတ်ဝန်းကျင်က စည်းကမ်းရှိရှိပြန်ပေးပါတယ် ။ မိုးတွင်းတုန်းကငှားသွားတဲ့ထီးကို ဆောင်းတွင်းကျတော့ လာပြန်ပေးပြီး စောင်ပြန်ငှားသွားတယ် ။ နွေရောက်တော့ စောင်လာပို့ပြီး ယပ်တောင်ပြန်ငှားသွားကြတယ်ဗျ "
@hp

မှားယွင်းမှု၏ရလဒ်

" မင်းနဲ့ငါနဲ့ညားလာတာ အခုဆိုရင်အိမ်ထောင်သက်တမ်း အနှစ်အစိတ်ရှိပြီ ။ တကယ်တမ်းပြောရရင် အဲဒီကိစ်စဟာ မှားယွင်းမှုတစ်ခုရဲ့ ရလဒ်ပဲ "
" ဘယ်လို ဘယ်လို ဘာပြောတယ် ရှင်းစမ်းပါဦး "
" ဒီလိုလေ၊ အဲဒီမင်းကို စတွေ့တဲ့နေ့က ငါလေချွန်မိတာ မင်းကိုခေါ်တာ မဟုတ်ဘူး ။ တက္ကစီသမားကိုကွ " @hp

သိနားလည်မှု
" မင်းတို့ထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်းသိတဲ့သူ ပါသလားကွ "
" ပါပါတယ်ဆရာ၊ ကျွန်တော် စန္ဒရားတီးတတ်ပါတယ်။ စန္ဒရားအကြောင်း ကောင်းကောင်းသိပါတယ် "
" ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းကဦးဆောင်ပြီး ဂရုစိုက်တင်ပေးစမ်းပါကွာ " @hp
သူ့လက်ရာ
" ဒီနေ့ ကျွန်မချက်ကျွေးတဲ့ဟင်းက ဘယ့်နှယ်နေလဲဟင် "
" ကောင်းတယ် မိန်းမရာ၊ ချိုပြီးဆိမ့်နေတာပဲ "
" မဟုတ်သေးပါဘူးတော်၊ ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာ ချဉ်စပ်လို့ရေးထားတယ်ရှင့် " @hp
ထီးတစ်လက်၏သံသရာ
" အခုလာရတာကတော့ လွန်ခဲ့တဲ့သုံးရက်က ကျွန်တော့်ဆီက ငှားသွားတဲ့ထီးကို ပြန်ယူချင်လို့ပါ "
" ဟောဗျာ၊ သူငယ်ချင်းတစ်ယောက် မနေ့ကအိမ်လာလည်ရင်း ခဏငှားသွားတယ်ဗျ။ သူ့ဆီသွားတောင်းတော့ ယောက်ဖတစ်ယောက် ခဏငှားသွားလို့ပါတဲ့။
အရေးကြီးသလား၊ လိုက်ရှာပေးမယ်လေ "
" အရေးကြီးပါသော်ကောဗျာ။ ကျွန်တော်ကလည်း အဲဒီထီးကိုငှားဆောင်းလာခဲ့တာ။ အဲဒါလာတောင်းနေလို့ဗျို့။ သူကလည်းဒီထီးဟာ သူ့ထီးမဟုတ်ဘူး
ခဏငှားလာတာတဲ့ " @hp
စိတ်ချစမ်းပါ
" ဒီမှာရှင့် လေယာဉ်ပျံမောင်းတဲ့ဆရာကြီး၊ ကျွန်မတစ်ခါမှ လေယာဉ်ပျံမစီးဖူးလို့ ရင်တွေတုန်လိုက်တာရှင်။ ကျွန်မတို့ခရီးသည်တွေအားလုံးဘေးကင်းရန်ကင်းနဲ့ မြေပြင်ပေါ်ပြန်ရောက်မှာပါနော် "
" စိတ်ချပါဗျာ။ ကျွန်တော်လေယာဉ်မောင်းလာတာကြာပါပြီ။ ဘယ်သူ့ကိုမှ ကောင်းကင်မှာမထားခဲ့ပါဘူး " @hp
ယုံပါတယ်
" တစ်ဆိတ်လောက် ခင်ဗျား၊ ကျွန်တော့်စက်ဘီးကို ကြည့်ထားပေးစမ်းပါ "
" ဟေ့ကောင် ငါကအယ်ဒီတာကွ "
" ရပါတယ်၊ ကျွန်တော်ခင်ဗျားကိုယုံပါတယ် " @hp
မေမေ့စကား
" လက်ရေးညံ့လိုက်တာကွာ၊ မင်းကိုနေ့တိုင်းရိုက်ရတာလည်း လက်ညောင်းလှပြီ၊ မင်းအိမ်ကဘာမှဂရုမစိုက်ဘူးလား "
" ကျွန်တော့်မေမေကပြောတယ်ဆရာ၊ ငါ့သားလက်ရေးမလှလည်းကိစ်စမရှိဘူးတဲ့၊ ဘယ်သူမှမဖတ်တတ်ရင်နေပါစေတဲ့၊ ကြီးရင်ဆရာဝန်လုပ်ခိုင်းမှာတဲ့ " @hp
ဘယ်သူ့လက်ချက်လဲ
" ဟိုနေ့က လေးထပ်တိုက်ပေါ်က မင်းခုန်ချတာ အံ့သြတယ်ကွာ၊ ရုပ်ရှင်ထဲက စတန့်မင်းသားတွေ စွန့်စားပြတဲ့အတိုင်းပဲ၊ ကားရိုက်ဖို့လေ့ကျင့်နေတာလား "
" ဟင်း ..... ဟင်း ..... ငါလည်း စဉ်းစားနေတာ၊ ဘယ်သူများ ငါ့ကိုတွန်းချလိုက်တာလဲလို့ " @hp
တစ်ယောက်တစ်လှည့်
" ကျွန်တော်တို့နှစ်ယောက် လက်ထပ်ပြီးတဲ့အထိမ်းအမှတ်အဖြစ် ဟန်းနီးမွန်းထွက်ချင်လို့ ခွင့်ဆယ်ရက်လောက် ပေးပါခင်ဗျာ "
" အင်း ..... ခက်တာပဲ။ လောလောဆယ်အလုပ်တွေ ကျပ်နေတော့တစ်ယောက်ယောက် မရှိရင်လည်းမဖြစ်ပြန်ဘူး။ နှစ်ယောက်စလုံးကငါ့ကုမ္ပဏီရဲ့စံပြ၀န်ထမ်းတွေဆိုတော့ ခွင့်မပေးနိုင်ဘူးလို့လည်း မပြောရက်ပြန်ဘူး။ ဒီတော့တစ်ယောက်တစ်လှည့်စီသွားကြဖို့ မေတ္တာရပ်ခံပါရစေကွာ " @hp
သူ့နေရာသူပြန်သွား

" ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီလဲ "
" ဪ ..... အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ ခုနကပဲသောက်လိုက်မိပြီ ဆရာမ "
" ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့်ဆီးအိမ်ထဲက ခွဲထုတ်ထားတဲ့ဟာတွေရှင့် " @hp
မေးမှသိတယ်
" မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ ၀မ်းသာတယ်ကွာ၊ နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့ မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ "
" ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ " @hp

ပြောချင်တာကဒီလိုပါ
" မင်းဟာကားကို တစ်နာရီမိုင်တစ်ရာနှုန်းလောက်နဲ့ မောင်းလာတယ် ။ ပြီးတော့ညအမှောင်ထဲ ကားရှေ့မီးကို ဖွင့်မမောင်းဘူး ။ လမ်းလည်းမှားလာတယ် ။ ယာဉ်မောင်းလိုင်စင်လည်း မပါဘူး ။ ကိုင်း ..... ဒီလောက်တောင်အပြစ်တွေများတာ ဘာပြောချင်သေးလဲ "
" ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာအပြစ်တစ်ခုပဲ ရှိပါတယ် ။ အဲဒါကတော့ဒီကားကို ခိုးလာတာပါပဲ " @hp
ဘယ်သူမှမပြောနဲ့နော်
" ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင်ဘိုးဘိုး "
" ဟိုး ..... တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ "
" ဟင် ..... ကျောင်းမှာ ဆရာမကပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာရှိတယ်ဆို "
" ရှူး ..... ဘယ်သူမှ လျှောက်မပြောလေနဲ့ ၊ ဓူဝံကြယ်တောင်ဘက်ကို ပြောင်းသွားတာတစ်ပတ်လောက်ပဲရှိေ
သးတယ် မြေးရဲ့ " @hp

စနစ်တကျအသုံးပြုနည်း

" မနက်က၀ယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ ၊ ဘယ်လိုဖြစ်တာရတာလဲ "
" အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ရောင်းတဲ့ ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့အရာဝတ္တုကို ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား " @hp

နားလေးသူမို့ပါ

" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား "
" ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စဟဲဗီးအဆိုတော်ပါ "
" ဒါဆိုတစ်ဆိတ် ကူညီစမ်းပါ ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်အော်ပေးစမ်းပါ ။ သူက နားနည်းနည်းလေးတယ် " @hp

ဟိုတစ်မျိုး ဒီတစ်မျိုး

" မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ "
" ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ ။ သူ့အခန်းထဲ ၀င်ခိုးတုန်းက တရားလိုဟာ အိပ်မောကျနေတာပါ ။ အခုကျတော့ သူ့အိမ်ထဲဝင်ခိုးတာ သေသေချာချာမြင်ပါတယ်လို့ ထွက်ဆိုနေပါတယ် " @hp

မေမေ့တာဝန်ထားလိုက်

" ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။ သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန်ထားလိုက်စမ်းပါ " @hp

အမွေဆက်ခံမိလို့

" ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။ ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား "
" ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ " @hp

မမြောက်ပါနဲ့ဗျာ

" မင်းခိုးတဲ့ပစ်စည်းတွေက အစုံပါပဲလားကွ ၊ တီဗွီရယ် ၊ အောက်စက်ရယ် ၊ ရေခဲသေတ္တာရယ် ၊ ပန်ကာရယ် ၊ မီးခံသေတ္တာရယ် ၊ အိမ်သားတွေတစ်ယောက်မှ မနိုးစေဘဲ အပြင်ကိုဒါတွေအကုန်သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ "
" ဟာ ..... တရားသူကြီးမင်းကလည်း ကျွန်တော့်ကို အနေခက်အောင်မြှောက်နေပြန်ပြီ " @hp

အထင်နဲ့အမြင်

" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ " @hp

ထင်တာကတခြား

" တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ ပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား "
" ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "
" ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "
" ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ် မထင်ခဲ့မိလို့ပါရှင် " @hp

သိချင်လို့

" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "
" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ " @hp

ပြင်ပအစားအစာ

" ဗျို့ဆရာသမား ၊ ဟိုလူသူ့မိန်းမကို မိကျောင်းကန်ထဲ တွန်းချနေတယ် ။ မြန်မြန်သွားကယ်ကြရအောင် "
" ဟင်း ..... တယ်ခက်တဲ့လူပဲ ၊ မိကျောင်းမွေးမြူရေးစခန်းမှာ ပြင်ပအစားအစာတွေ လုံးဝကျွေးခွင့် မရှိတာကို သူမသိလို့ထင်တယ် " @hp

သမ်းပြတာမဟုတ်ပါ

" ရှင် တော်တော်ရိုင်းပါလား ၊ ကျွန်မရှေ့မှာပါးစပ်ကို လက်ဝါးနဲ့မကာဘဲ သမ်းပြတာနှစ်ကြိမ်ရှိသွားပြီ "
" အထင်မလွဲပါနဲ့ဗျာ ၊ ကျွန်တော် တစ်ခုခုပြောဖို့ကြံတိုင်း ခင်ဗျားကရေပတ်မ၀င်အောင် ပြောနေတာကိုးဗျ " @hp

ယောက်ျားဆိုတာ

" ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ ၊ အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် "
" ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ "
@hp

တလွဲမထင်ပါနဲ့

" ခင်ဗျားကြည့်ရတာ မုဆိုးဝါတော်တော်ရင့်နေပြီနဲ့တူတယ် "
" ဘာဖြစ်လို့လဲဗျ "
" ဒီတစ်နေ့လုံး ခြင်္သေ့တွေ ၊ ကျားတွေပဲလိုက်ပစ်နေတာ တွေ့လို့ပါ "
" ဒါကဒီလိုပါ ၊ ဒီမနက်ထွက်လာတုန်းက စာကလေးတွေ ၊ ငှက်တွေဖမ်းဖို့ပါပဲ ၊ ဒါပေမဲ့ မျက်မှန်ကသစ်ကိုင်းနဲ့ငြိပြီး ကျပျောက်သွားလို့ " @hp

ဆရာ့ညွှန်ကြားချက်

" တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ "
" ဟုတ်ကဲ့ဆရာ "
" ဘယ်လိုနေလဲကွ "
" ဘယ်လိုမှ မနေဘူးဆရာ "
" အင်း ..... ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ် " @hp

လိုချင်ရင်ပြောပါ

" ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊ အရိုးနဲ့အရေခွံချည်းပဲ "
" ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား " @hp
 
Hello Kitty Girl Lay © 2008. Template Design By: SkinCorner