Monday, December 28, 2009

How to change cmd colour?

ဒီလိုမျိုးcmdလေးကိုအရောင်လေးတွေကိုပြောင်းတဲ့နည်းလေးပါ။သိပြီးသားလူတွေလည်းရှိ
မှာပါ။မသိတဲ့လူများအတွက်ကျွှန်တော်postတင်ပေးလိုက်ပါတယ်။ဒီလိုမျိုးလေးလုပ်ချင်ရင်
ပထမဆုံးstart>run>cmdလို့ ရိုက်လိုက်ပါ။ရိုက်ပြီးလို့ ရှိရင်အောက်ကလို မျိုးလေးပေါ်လာ
ပါလိမ့်မယ်။ပေါ်လာလို့ ရှိရင်help colorလို့ ရိုက်လိုက်ပါ။ရိုက်ပြီးလို့ ရှိရင်ဒီလိုလေးတွေပေါ်လာပါလိမ့်မယ်။
ပေါ်လာလို့ ရှိရင်အဲ့ဒိမှာPress any key to continueကိုတွေ့ ရပါလိမ့်မယ်။ပေါ်လာလို့ ရှိရင်Enter
ခေါက်လိုက်ပါ။ပြိးရင်အောက်ကအဆင့်လေးကိုဆက်လုပ်လိုက်ပါ။အဲ့မှာသူတို့ အရောင်ကုဒ်လေးတွေပေးထားပါတယ်။ကျွှန်တော်အနီနဲ့ ဝိုင်းပြထားပါသည်။
အောက်ကအဆင့်လေးကိုဆက်လုပ်ပါအုံး။
Enter နှိပ်လိုက်ရင်အပေါ်ကပုံလိုမျိုးလေပေါ်လာပါလိမ့်မယ်။အဲ့မှာC:\Documents and Settings\User) အဲ့လိုလေးရှိပါသည်။အဲ့ဒါလေးရဲ့ ဘေးမှာcolor 1Aလို့ ဆိုပြီးဥပမာပြလိုက်ပါ
တယ်အဲ့ဒိ1Aနေရာမှာအပေါ်မှာသူပြထားတဲ့အရောင်ကုဒ်တွေကိုထည့်လို့ ရပါတယ်။1ကအပြာရောင်
အဲ့ဒါကနောက်ခံအတွက်ပါ။စာသားအတွက်အရောင်ကAပါ။အစိမ်းရောင်လေးပေါ့အဲ့ဒိနေရာ
လေးတွေမှာကိုယ်ကြိုက်တဲ့ အရောင်codeကိုထည့်လို့ ရပါတယ်။ထည့်ပြီးရင်Enterနှိပ်လိုက်
ပါ။ဒိလိုလေးပြောင်းသွားပါလိမ့်မယ်။အောက်ကပုံကိုကြည့်ပါ။ ကဲစမ်းကြည့်လိုက်ပါအုံး။
( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ်


ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ Brussel (ကွမ်းသီးဂေါ်ဖီထုပ်)၊ ပဲပင်ပေါက်၊ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်းမက်စေ့ စားမြန်ရည်နှင့် မုန်လာဥ စသည်တို့ဖြစ်ပါသည်၊ အဲဒီဟင်းသီဟင်းရွက်တွေထဲက ကင်ဆာကို တိုက်ခိုက်ပေးနိုင်မဲ့
ဓာတ်သဘာဝပစ္စည်းတွေ အများအပြား ပါဝင်နေခဲ့ပါတယ်၊ အဆိုပါ ဟင်းသီးဟင်းရွက်တွေထဲက ရရှိမယ့် အင်ဇိုင်းတွေကပဲ ကင်ဆာဖြစ်စေမယ့် ကာစီနိုဂျင်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။

( ၂ ) မုန်လာဥ-၀ါ

ဆေးလိပ်သောက်သုံးသူတွေ ဖြစ်လာတတ်မယ့် ကင်ဆာရောဂါကို မုန်လာဥ၀ါ တနေ့တလုံး မှန်မှန်စားပေးနိုင်ရုံနဲ့ ရောဂါလျော့ပါးလာနိုင်ပါမယ်၊ မုန်လာဥ၀ါဟာ စိတ်ပင်ပန်းမှု၊ ပန်းနာရောဂါဖြစ်မှု၊ ဖျဉ်းရောဂါစွဲမှုနဲ့ အသားအရေ
ဓာတ်ဖောက်မှုတို့ကိုပါ ကာကွယ်ပေးပါတယ်၊ ရောဂါမြင့်မားရင်လည်း ချုံ့ပေးတတ်ပါတယ်။ မုန်လာဥ၀ါထဲမှာ ပါဝင်တဲ့ Betacarotene ဓာတ်သဘာဝဟာ သွေးထဲက ကိုလက်စထရောတွေကိုတောင် ဖိချပေးပြီး အူမကင်ဆာနဲ့ ပတ်သက်တဲ့
ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးတတ်ပါတယ်။ သို့သော် သတိပြုဖို့မှာ ဘယ်လိုပဲ မုန်လဥ၀ါနှင့် ကာကွယ်ဖို့
ဆောင်ရွက်ပေမယ့်လည်း ဆေးလိပ် စီးကရက် တွေကို ဆက်လက်ပြီး သဲကြီးမဲကြီး ဖွာရှိုက်နေရင်တော့ ဓာတ်သဘာဝရဲ့ ထက်မြက်တဲ့အာနိသင်ကို ကောင်းစွာခံယူရရှိနိုင်တော့မှာ မဟုတ်ပါဘူး။

( ၃ ) ငရုတ်နှင့် ငရုတ်ကောင်း

ပူစပ်ပူရှိန်းရှိလှတဲ့ ငရုတ်၊ ငရုတ်ကောင်းစေ့တို့ထဲမှာ Capsaicin လို့ခေါ်တဲ့ ဓာတ်သဘာဝပစ္စည်းတွေ ပါရှိပါတယ်၊ ဒီပစ္စည်းတွေဟာ ဆေးလိပ်အသောက်များမှု၊ အဆုတ်ကင်ဆာဖြစ်မယ့် ဘေးရန်ကို ကာကွယ်ပေးတတ်ပါမယ်၊
ထို့ပြင်လည်း ပင်ပန်းမှုဗဟိုမှာ နာကျင်ကိုက်ခဲမှုဖြစ်တတ်မယ့် သဘာဝအကြောင်းတွေကိုပါ ပယ်ဖျက်ပေးခဲ့ ပါတယ်၊ Capsaicinဓာတ်ဟာ ကိုက်ခဲမှုကို ကာကွယ်ပေးမယ့် သဘာဝလည်း ရှိနေပါတယ်၊ ငရုတ်ကောင်းဟာ သလိပ်ပျောက်စေတယ်၊ ချောင်းဆိုးရင်ကျပ် သက်သာစေတယ်၊ ပြီးတော့ သွေးထဲက ခဲကျပ်မှုတွေကိုလည်း
အရည်ပျော်စေတတ်တယ်။

( ၄ ) ရှောက်၊ သံပရာ၊ အသီးအနှံ

သဘာဝအင်ဇိုင်းတွေပါဝင်ပြီး ကင်ဆာဆဲလ်တွေ မျိုးပျံ့အောင် ဆောင်ကြဉ်းနေတဲ့ ကာစီနိုဂျင်တွေကို ဖယ်ရှား နိုင်တဲ့ ဓာတ်သဘာဝတွေဟာ ရှောက်တို့၊ သံပရာတို့ထဲမှာ ပျော်ဝင်စွာ တည်ရှိနေခဲ့ပါတယ်၊ Limoneneလို့ ခေါ်တဲ့
ဓာတ်သဘာဝတွေဟာ ကင်ဆာကို တိုက်ဖျက်နိုင်မယ့် အင်ဇင်းတွေကို မြှင့်တင်ပေးပါတယ်၊ ရှောက်နှင့် သံပရာတို့ထဲမှာ ပါဝင်တဲ့ Glucarase ဓာတ်တွေကလဲ ကင်ဆာဖွဲ့စည်းစေမယ့် အကြောင်းတွေကို အရှိန်အဟုန်နဲ့
ချေဖျက်ပေးလေ့ ရှိခဲ့တယ်၊ Limonene ဓာတ်တွေ ပျော်ဝင်နေတဲ့အထဲမှာ တရုတ်နံနံ၊ ဖာလာ၊ ကရဝေးနှင့် စမုန်နက်တို့လည်း ပါဝင်နေပါတယ်။

( ၅ ) ကြက်သွန်ဖြူ နှင့် ကြက်သွန်နီ Allium ကွန်ပေါင်းတွေ

ဖွဲ့စည်းတည်ရှိနေတဲ့အတွက်ကြောင့်လည်း ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ဟာ စူးရှတဲ့ အနံ့အရသာပစ္စည်းအဖြစ်နဲ့ တည်ရှိခဲ့တာဟာ တမူထူးခြားနေခဲ့ပါတယ်၊ ကြက်သွန်ဖြူနီတို့ဟာ အင်ဇိုင်းတွေကို မြင့်တင်ပေးခဲ့တာနဲ့ အမျှပဲ
ကင်ဆာဖြစ်စေတဲ့ ကာစီနိုဂျင်တွေကို ချေဖျက်ပေးပါတယ်၊ ကြက်သွန်ဖြူ ကြက်သွန်နီ တို့အပြင် ကြက်သွန်မြိတ်နဲ့ ဟင်းခတ်ကြက်သွန်မြိတ်တို့ကလည်း ထက်မြက်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအဖြစ် တည်ရှိနေခဲ့ပါတယ်။

( ၆ ) စပျစ်သီး

စပျစ်သီးထဲမှာ ကင်ဆာတိုက်ဖျက်တဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်ပေးမယ့် Ellagic အက်ဆစ်တွေနဲ့ ပြည့်သိပ်နေခဲ့ ပါတယ်၊ ပန်းသီး၊ စတော်ဘယ်ရီသီးနှင့် ရတ်စဘယ်ရီသီးတို့ထဲမှာလည်း အသုံးဝင်လှမယ့် အက်ဆစ်တွေ ပျော်ဝင်နေပါတယ်၊ Phenol လို ဓာတ်တိုးဆန့်ကျင်မှု သဘာဝဆောင်ယူရာ လူတွေအတွက် အလွန်အဖိုးတန်
လှမယ့်ဓာတ်တွေ စပျစ်သီးထဲမှာ ပြည့်ဝနေတာကြောင့်လည်း လူကိုဒုက္ခပေးမယ့် သွေးခဲမှုတွေကို အရည်ဖျော်ချ စေနိုင်ခဲ့ပါတယ်၊ အထူးသဖြင့် အဆိုးကိုလက်စထရော (LDL)တွေကို ဖြစ်ပါတယ်။

( ၇ ) ဖရဲသီ၊ သခွားသီး

ကင်ဆာကို ကာကွယ်နိုင်မယ့် အသီးအနှံတွေကို လေ့လာခဲ့ရာမှာ ဟင်းသီး ဟင်းရွက်စိမ်းတို့လို ထက်မြက်တဲ့ ဖရဲသီးတို့ သခွားသီးတို့ကိုပါ မြင်တွေ့ခဲ့ပါတယ်၊ ဖရဲသီး၊ သခွားသီးတို့ထဲမှာ ပြည့်ဝတဲ့ဓာတ်ကတော့ Carotenoids နှင့် Cantaloupes တို့ ဖြစ်ကြပါတယ်၊ ကင်ဆာကို တိုက်ခိုက်နိုင်တဲ့ ဓာတ်သဘာဝ ကွန်ပေါင်းတွေ ဖြစ်ကြပါတယ်၊ တရုတ်ပြည်မှာတော့ ကတိုးသခွားဟာ အသည်းရောင် ရောဂါ၊ ကင်ဆာနှင့် မိန်းမသားတွေ ဓမ္မတာထိန်းညှိဖို့ရာ ကိစ္စတွေမှာ အသုံးချရမယ့် ဆေးဖက်ဝင်ပစ္စည်းတခု ဖြစ်နေပါတယ်၊ ကြက်သွန်နီ ကြက်သွန်ဖြူနဲ့ ဂျင်းတို့လိုပဲ Adenosine ခေါ် သွေးခဲမှုကို အရည်ပျော်စေတဲ့ သဘာဝကောင်းတွေ ပါဝင်နေတာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ကုစားရာမှာပါ ဆက်စပ်သုံးစွဲခဲ့ပါတယ်။

( ၈ ) ပဲပိစပ်

ကင်ဆာဆဲလ်တွေ မျိုးပွားအောင် ပံ့ပိုးနေတဲ့ သွေးတွေကို ဖြတ်တောက်ပေးရာမှာ ပဲပိစပ်ဟာ အသုံးဝင်တဲ့ပစ္စည်း တခုလို ဖြစ်နေခဲ့ပါတယ်၊ ပဲပိစပ်ပဲတို့ထဲမှာ Genistien ဓာတ်သဘာဝတွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့်လည်း ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ရာမှာ ထူးထူးခြားခြား အသုံးဝင်နေပါတယ်၊ ပဲပိစပ်ဟာ အမျိုးသမီးတွေ မတော်တဆ ကြုံဆုံလာနိုင်တတ်မယ့် ရင်သားကင်ဆာ နှင့် သားအိမ်ကင်ဆာ တို့ကို စွန့်စားမှုကြီးမဖြစ်စေအောင် ဖြေလျှော့ပေးတတ်ပါမယ်၊ Genistien ဓာတ်ဟာ အမျိုးသမီးတွေကို အကျိုးပြုတဲ့ ကိုယ်ခန္ဓာထဲက ထုတ်လုပ်ရာ
အီစထရိုဂျင် ဓာတ်သဘာဝတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်၊ ပဲပိစပ်ကို အဲဒီဟော်မုန်းအဖြစ် ပြောင်းလဲရယူနိုင် ပါမယ်၊ တိုဟူး၊ ပဲကျပ်ပျဉ်၊ ပဲနို့ စသည်တို့ထဲမှာ Genistien ဓာတ် အပြည့်အ၀ ပါရှိပါတယ်၊ မြေပဲ၊ လူဆန်ပဲပင်နှင့် ဒေါက်ခွရွက်တို့ထဲမှာလည်း အဲဒီဓာတ်သဘာဝတွေ တည်ရှိပါတယ်။

( ၉ ) လက်ဖက်

လက်ဖက်ရွက်၊ အထူးသဖြင့် ဂရင်းတီး လက်ဖက်ထဲမှာ လူကိုအကျိုးပြုရာ ရောဂါတိုက်ဖျက်ပြီး ကျန်းမာမှုတိုးမြှင့် စေမယ့် Polyphenols ဓာတ်တွေ ပါဝင်နေပါတယ်၊ အကယ်၍ ပုံမှန်ဆဲလ်တွေကနေ ကင်ဆာဆဲလ်အဖြစ် ကူးပြောင်းပြီး
ဆက်လက်ပွားတိုးလာတော့မယ့် အခါတွေမှာ Catechin ခေါ် ပိုလီဖီနောလ် ဓာတ်သဘာဝ တွေကပဲ မပြန့်ပွားအောင် တားဆီးကာကွယ်ပေးတတ်ပါတယ်၊ ကင်ဆာအဖြစ် ဖွဲ့စည်းပေးတော့မယ့် ကာစီနိုဂျင် တွေကိုလည်း တိုက်ထုတ်ပေးခဲ့ပါတယ်၊ ဂရင်းတီးကို သောက်စရာအအေးအဖြစ် ဖန်တီးသောက်ခဲ့ရင် အာနိသင်
ပိုထက်မြက်နိုင်ပါမယ်။

( ၁၀ ) ခရမ်းချဉ်သီး

လူကို ရောဂါတိုးပွားအောင် ဖန်တီးနေမယ့် ဗိုက်ထဲက ဖရီးရယ်ဒီကယ် အညစ်တွေကို ဖယ်ရှားပေးနိုင်မယ့် ဗီတာမင်စီဓာတ်ဟာ ခရမ်းချဉ်သီးထဲမှာ အများဆုံး ပျော်ဝင်နေတတ်ပါမယ်၊ ဗီတာမင်စီဟာ အသီးအရွက် အတော်များများမှာ ပါဝင်နေပေမယ့် ခရမ်းချဉ်သီးမှာ ထူးခြားတာတခုက Lycopene အဖြစ်
ပါဝင်တာဖြစ်တယ်၊ ကင်ဆာဖြစ်စေတဲ့ နိုက်ထရစ်အက်ဆစ်တွေကို ဖယ်ရှားစေမယ့် Pcoumaslic အက်ဆစ်နှင့် Chlorogenic အက်ဆစ်တို့လည်း ခရမ်းချဉ်သီး နီနီထဲမှာ ပြည့်ဝစွာတည်ရှိနေပါတယ်၊ အလားတူ အဲဒီသဘာဝတွေကို ဖရဲသီး၊ စတော်ဘယ်ရီနဲ့ မုန်လာဥ၀ါ တို့ထဲမှာလည်း တွေ့နိုင်ကြောင်း တင်ပြလိုက်ပါတယ်။


ကင်ဆာဘေးဆိုးကို ကာကွယ်နိုင်မယ့် အသီးအနှံ ( ၁၀ ) မျိုး

( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ်
( ၂ ) မုန်လာဥ-၀ါ
( ၃ ) ငရုတ်နှင့် ငရုတ်ကောင်း
( ၄ ) ရှောက်၊ သံပရာ၊ အသီးအနှံ
( ၅ ) ကြက်သွန်ဖြူ နှင့် ကြက်သွန်နီ Allium ကွန်ပေါင်းတွေ
( ၆ ) စပျစ်သီး
( ၇ ) ဖရဲသီ၊ သခွားသီး
( ၈ ) ပဲပိစပ်
( ၉ ) လက်ဖက်
( ၁၀ ) ခရမ်းချဉ်သီး

မှတ်ချက် ။ ။ တန်ဆေးလွန်ဘေးတဲ့
၁။ အချိန်ကို လေ့လာ၍ ပြောဆိုခြင်း။

၂။ မှန်သောစကားကိုသာ ပြောဆိုခြင်း။

၃။ အကြောင်းနှင့်အကျိုး ခိုင်လုံသောစကား (တရားအားလျော်သော စကား) ကိုပြောဆိုခြင်း။

၎။ အကျိုးရှိမည့် စကားကိုသာ ပြောဆိုခြင်း။

၅။ ချစ်ခင်ဖွယ်ကောင်းအောင် ပြောဆိုခြင်း။

၆။ ပြုံးရွှင်စွာ စကားပြောတတ်ခြင်း။

၇။ စကားပြောဆိုရာတွင် ချင့်ချိန်၍ ပြောဆိုခြင်း။

၈။ စကားပြောဆိုရာတွင် မနှေးလွန်း မမြန်လွန်ဘဲ အေးဆေးစွာပြောဆိုခြင်း။

၉။ စကားအသုံးအနှုန်းကို မှန်ကန်စွာနှင့် ယဉ်ကျေးစွာပြောဆိုခြင်း။

၁၀။စကားပြောဆိုရာတွင် ဗလုံးဗထွေး မပြောဘဲ ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်း။

အထက်ပါ (၁၀) ချက်နှင့် ပြည့်စုံသူဖြစ်ပါက နှစ်လိုဖွယ်ကောင်းအောင် စကားပြောတတ်သူ ဖြစ်လာမှာ အသေအချာပင်ဖြစ်ပါသည်။
Avoid negative sources, persons, places, things and habits.
အဆိုးမြင်တတ်တဲ့ အရင်းအမြစ်၊ လူတွေ၊ နေရာတွေ၊ အရာဝတုတွေနဲ့ အမူအကျင့်တွေကို ရှောင်ပါတဲ့။

Believe yourself.
ကိုယ့်ကိုယ်ကိုယုံကြည်ပါ။

Consider things from every angle.
အရာတိုင်းကို ရှုထောင့်စုံက စဉ်းစားတွေးတောပါ

Don’t give up and don’t give in
ဘယ်တော့မှ လက်မလျှော့ပါနဲ့ ပြီးတော့ အရှုံးမပေးပါနဲ့

Enjoy life today. Yesterday is gone and tomorrow may never come.
ပစုပ္ပန်မှာ ဘ၀ကို ပျော်အောင်နေပါ။ မနေ့က ကုန်လွန်ခဲ့ပြီး မနက်ဖြန်က ရောက်ချင်မှ ရောက်လာမှာပါ

Family and friends are hidden treasures, seek them and enjoy their values.
မိသားစုနဲ့ သူငယ်ချင်း ဆိုတာ ပုန်းကွယ် နေတဲ့ ရတနာ တွေပါ။ သူတို့ကိုတွေ့အောင် ရှာဖွေပြီး သူတို့ကို ကောင်းကောင်း တန်ဖိုး ထားပါ။

Give more than you planned to
စီစဉ်မှန်းထားတာထက် ပိုပေးပါ

Hang on to your dreams
အိပ်မက်များကို မြဲမြဲဆုပ်ကိုင်ထားပါ

Ignore them who try to discourage you
သင့်ကို စိတ်ဓာတ်ကျအောင်ကြိုးစားသူ၊ စိတ်ဓာတ်ကျစေသူများကို လျစ်လျူရှုပါ

Just do it
ရဲရဲသာလုပ်ပါ

Keep trying no matter how hard it seems, it may get easier
ဘယ်လောက်ခက်တယ်လို့ ထင်နေပါစေ၊ ဆက်ကြိုးစားနေပါ၊ ပိုလွယ်ကောင်းလွယ်နေပါလိမ့်မယ်

Love yourself first and most
ကိုယ့်ကိုယ်ကို ပထမဆုံးနဲ့ အများဆုံးချစ်ပါ

Make it happen
အဖြစ်ရှိအောင် အလုပ်လုပ်ပါ

Never lie, cheat or steal, always strike a fair deal
ဘယ်တော့မှ မလိမ်ပါနဲ့၊ မညာပါနဲ့၊ မခိုးပါနဲ့၊ အမြဲ တရားမျှတမှုရှိတဲ့ ဆက်ဆံရေးတစ်ခုကို တိုက်ယူပါ

Open your eyes and see things as they really are
သင့်အမြင်များကို ဖွင့်ထားပါ။ ပြီးတော့ အရာရာကို အမှန်အတိုင်းမြင်နိုင်ပါစေ

Practice makes perfect
လေ့ကျင့်ခြင်းသည်သာ အမှန်တကယ် ပြီးပြည့်စုံစေသည်

Quitters never win and winners never quit
လက်လျှော့သူ ဘယ်တော့မှ မအောင်နိုင်၊ အောင်နိုင်သူ ဘယ်တော့မှ လက်မလျှော့

Read, study and learn about everything important in your life
သင့်ဘ၀အတွက် အရေးကြီးသော အရာအားလုံးကို အမြဲ ဖတ်ပါ၊ လေ့လာပါ၊ သင်ယူပါ

Stop procrastinating
Take control of your own destiny
သင့်ပန်းတိုင်ကို သင်ကိုယ်တိုင် ထိန်းချုပ်ပါ

Understand yourself to better understand others
သူများကိုပိုနားလည်ဖို့အတွက် သင်ကိုယ်တိုင်ကို သင် ပိုနားလည်ပါစေ

Visualize it
စိတ်ထဲမှာ တံဆိပ်ခတ်နှိပ်ထားသလို ဓာတ်ပုံရိုက်ထားသလို စွဲမြဲနေပါစေ

Want it more than anything
ကိုယ့်ကိုယ်ကို နားလည်မှုကို အခြားအရာအားလုံးထက် ပို လိုချင်နေပါစေ

Xcellerate your efforts
ကိုယ့်အားထုတ်ကြိုးပမ်းမှုတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ပါ။

You are unique of all God’s creation, nothing can replace you
လောကမှာ ရှိတဲ့ သဘာဝတရားရဲ့ ဖန်တီးမှုတွေထဲမှာ သင်ဟာ အနှိုင်းမဲ့ဖြစ်တဲ့အတွက် သင့်ကို မည်သည့်အရာကမှ အစားထိုးလို့ မရနိုင်ဘူး ဆိုတာကို သတိရပါ။

Zero in on your target and go for it
သင့်ရည်မှန်းချက်ကို အာရုံစူးစိုက်ပါ။ ပြီးတော့ အဲဒါကိုရအောင် ရောက်အောင် သွားပါ။
၁။ ဘာသာရေး ကိုင်းရှိုင်းတတ်သည်။

၂။ ဇီဇာကြောင်တတ်သည်။

၃။ တိရိစ္ဆာန်ကလေးများကို ချစ်တတ်သည်။

၎။ တူ၊တူမကလေးများကို အချစ်ကြီးတတ်ကြသည်။

၅။ တူ၊တူမကလေးများကို သူတို့လိုနေရန် တိုက်တွန်းတတ်ကြသည်။

၆။ ဆုံးဖြတ်ချက်တစ်ခုခုကျဘို့ အကြာကြီးစောင့်ရတတ်သည်။

ရ။ အမြဲလိုလို ဟိုဟာကောင်းနိုး၊ဒီဟာကောင်းနိုးရွေးရခက်နေတတ်သည်။

ဂ။ အဖေ၊အမေ ကို သူများထက် ပိုချစ်တတ်သည်။

၉။ ကိုယ့်ကိုကိုယ် လည်း သူများထက်ပိုချစ်တတ်သည်။

၁၀။ အချစ်၊အိမ်ထောင်ရေးအကြောင်း သူများထက် ပိုသိဟန် ပြတတ်သည်။

၁၁။ အချစ်၊အိမ်ထောင်ရေးအကြောင်း သူများထက် ပိုမိုစိတ်ဝင်စားတတ်သည်။

၁၂။ မိုးလေ၀သလို ခန့်မှန်းရခက်တတ်သည်။

၁၃။ လိုရင်းမရောက်ဘဲ ဝေ့လည်ကြောင်ပတ် ပြောတတ်သည်။

၁၄။ အတိတ်၊နမိတ် ၊တဘောင် တို့ကို ယုံကြည်တတ်သူများဖြစ်သည်။

၁၅။ မရွာသောမိုးကို မျှော်ကိုးတတ်သည်။

၁၆။ နှမြောတွန့်တိုသော်လည်း အလှူဒါန အပေးအကမ်း ရက်ရောတတ်သည်။

၁၇။ စိတ်ထားကောင်းသော်လည်း တဗျစ်တောက်တောက် ပြောတတ်သည်။

၁၈။ လူစိမ်းများကိုအားမကိုးဟန်ပြသော်လည်း ရင်းနှီးသူများကိုအားကိုးလွန်တတ်ကြသည်။

၁၉။ သီချင်း၊၀တ္တု၊ရုပ်ရှင် (အနုပညာ)များကို နင့်နင့်နဲနဲ ခံစားတတ်ကြသည်။

၂၀။ တစ်ခုခုကိုကြိုက်မိလျှင်ဖြစ်စေ၊မကြိုက်လျှင်ဖြစ်စေ ပြောမပြီးတတ်ကြချေ။

၂၁။ အရှက်၊အကြောက် သာမန်ထက်ပိုကြီးတတ်သည်။

၂၂။ ဒိုင်ယာရီလိုစာအုပ်မျိုးကို ရေးဖို့ထက်သိမ်းထားဖို့ စိတ်ဝင်စားသူများဖြစ်တတ်ကြသည်။

၂၃။ အသက် မေးလျှင် (စိတ်တွင်းက) စိတ်ဆိုးနေတတ်ကြသည်။

၂၅။ ဗေဒင်၊လက္ခဏာ၊နတ် တို့ကို သူများထက် စိတ်ဝင်စားတတ်ကြသည်။

၂၆။ အတိတ်အကြောင်းကို လွမ်းမောနေလေ့ရှိသော်လည်း ထုတ်ဖော်ပြလေ့မရှိကြ။

၂ရ။ အစိုးရိမ်ကြီးတတ်၊ပူပင်သောကကြီးတတ်ကြသည်။

၂ဂ။ အပျိုကြီး၊လူပျိုကြီး ဟုအပြောခံရမှာကြောက်တတ်ကြသည်။

၂၉။ သို့ရာတွင် အိမ်ထောင်ရှင်ဟုအထင်ခံရမည်ကို ပိုပြီးကြောက်တတ်ကြသည်။

၃၀။ အိမ်ထောင်ပြုချင်နေသောသူ ဟု အထင်ခံရမည်ကိုကား အကြောက်ဆုံးဖြစ်သည်။

၃၁။ သရဲ ၊တစ္ဆေ ထက် လူ ကို ပိုကြောက်တတ်ကြသည်။

၃၂။ ဆွေမျိုးသားချင်းများကို အိမ်ထောင်ချပေးရန်မှာ သူတို့တာဝန်ဟု ထင်တတ်ကြသည်။

၃၃။ အိပ် လျှင် ကျယ်ကျယ်ပြန့်ပြန့်၊လွတ်လွတ်လပ်လပ် အိပ်ချင်ကြသည်။

၃၄။ စည်းစနစ်ကြီးသူများ ဖြစ်တတ်ကြသည်။

၃၅။ အိမ်ထောင်ထိန်းသိမ်းမှုတာဝန်ကို ချစ်မြတ်နိုးသူများဖြစ်တတ်ကြသည်။

၃၆။ ဖြစ်ကတတ်စမ်း နေလေ့ရှိသူများ မဟုတ်တတ်ကြပါ။

၃ရ။ ဓါတ်ပုံ(အလှပုံ)ရိုက်ရန် ၀န်လေးနေတတ်သူများဖြစ်သည်။

၃၈။ သူတို့အချစ်ကို အဝေးမှcelebrities များအပေါ် ပုံအောထားဟန်ပြုတတ်ကြသည်။

၃၉။ မိမိအားနည်းချက်ဟုတွေးထင်ထားသောအရာများ များပြားနေတတ်သည်။

၄၀။ မိမိအားနည်းချက်ဟုထင်သောအရာများကို ဖုံးဖိရန်ကြိုးစားတတ်ကြသည်။

၄၁။ မိတ်ဆွေအိမ်ထောင်ရှင်များကို အိမ်ထောင်ဝန်ပိနေသူများဟုထင်တတ်ကြသည်။

၄၂။ အစား ကောင်းကောင်းလုပ်စားတတ်ကြသည်။

၄၃။ မိမိစိတ်ခံစားချက်များကို ဖုံးကွယ် ၊ဖိနှိပ်ထားတတ်သူများဖြစ်ကြသည်။

၄၄။ အများအားဖြင့် ဟန်ဆောင်ကောင်းတတ်သည်။

၄၅။ တိတ်တိတ်ကလေးကြေကွဲနေတတ်သူများဖြစ်တတ်သည်။

၄၆။ မင်္ဂလာဆောင်များကို သွားရန်ဝန်လေးတတ်ကြသည်။

၎ရ။ ပြေးကြည့်ဘို့ထက် တွေးကြည့်ဘို့ ပိုအားသန်တတ်ကြသည်။

၎ဂ။ အလုပ်တွင်စိတ်ကိုနှစ်၍ ကြိုးစားတတ်သူများဖြစ်သည်။

၄၉။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအားကြီးတတ်သည်။

၅၀။ ဘ၀တူ လူပျိုကြီး၊အပျိုကြီး စာရင်းကို ပြုစုထားရှိကာ အားတင်းထား တတ်ကြသည်။

၅၁။ ဘ၀ရည်မှန်းချက်ကြီးသူ များဖြစ်တတ်သည်။

၅၂။ ပညာရေးလိုဘကြီးတတ်ကြသည်။

၅၃။ မရေရာသော အကြောင်းပြချက်များ ဆွဲကိုင်ထားတတ်ကြသည်။

၅၄။ ထောက်ထားညှာတာစရာ များစွာ ရှိတတ်ကြသည်။

၅၅။ တစုံတခုတွင် နှစ်မြုတ်ရင်း မေ့ပင်အောက် ရောက်နေတတ်သည်။

၅၆။ ရွေးရင်းရွေးရင်းနှင့် နောက်ထပ်ရွေးစရာကိုထပ်မျှော်နေတတ်ကြသည်။

၅ရ။ မိသားစုအားလုံး၏တာဝန် ကိုယ့်တာဝန်ဟု မှတ်ယူတတ်ကြသည်။

၅၈။ ကိုယ်တိုင်သာမက အားလုံးကအကြိုက်ညီတာမျိုးကို ရှာဖွေတတ်သည်။

၅၉။ တစ်ယောက်ယောက်၏ မပေးရသေးသောမှတ်ချက်ကိုပင် ကြို၍ကြောက်တတ်သည်။

၆၀။ အပြစ်ရှာမြန်တတ်သည်။

၆၁။ တစ်နှင့်တစ်ပေါင်းလျှင် နှစ်ထက်ပိုကြီးနိုင်သည် ဟု လက်မခံလိုကြ။

၆၂။ ခံစားချက်မရှိသူ ဟုအပြောခံရမှာကြောက်တတ်ကြသည်။

၆၃။ ခံစားချက်ရှိသူ ဟုပြောလျှင်လည်း မကြိုက်တတ်ကြ။

၆၄။ ဘယ်တော့စားရမလဲ ဟုမေးလျှင် (စိတ်ထဲက) ကြေနပ် နေတတ်ကြသည်။

၆၅။ ပစ္စည်းများကို တစ်ယောက်ကိုင်အဖြစ်ပဲ သုံးချင်တတ်ကြသည်။

၆၆။ သိပ်ကြိုက်သည့်ပစ္စည်းဆိုရင် ပုံစံတူနှစ်ခုလောက်ဝယ်တတ်ကြသည်။

၆၇။ မည်သည့်အရာကိုမျှ ကိုယ် ကို တိုင်လောက် စိတ်မချချင်တတ်ကြပေ။

၆ဂ။ လူစိမ်းတွေကြားမှာ ခပ်တည်တည်ကြီးနေတတ်ကြသည်။

၆၉။ မိတ်ဆက်ပေးလျှင် ဟက်ဟက်ပက်ပက် မရှိတတ်ကြ။

၇၀။ ပထမဦးဆုံးတွေ့တာဖြစ်လျှင် ဆံပင်အစ၊ခြေသည်းအဆုံး ချက်စ်တတ်ကြသည်။

၇၁။ စားသောက်ဆိုင် တစ်ဆိုင်ရောက်လျှင် ပထမဦးဆုံးရေအိမ်ဝင်တတ်ကြသည်။

၇၂။ လူရှင်းရာနေရာ ရှာ၍ ပုဆိုး၊ထမီ ကိုဖြန့်ပြီး သေသပ်အောင်ပြင်တတ်ကြသည်။

၇၃။ နှုတ်ခမ်းနီ(သို့) ခေါင်းဘီး နေရာတကာ ယူတတ်ကြသည်။

၇၄။ အကျည်းတန်မဟုတ်သော်လည်း မှန်ကြိုက်တတ်ကြသည်။

၇၅။ မည်မျှမှန်ကြည့်ပြီးသည်ဖြစ်စေ အဆင်ပြေရဲ့လား ထပ်မေးတတ်သည်။

၇၆။ နောက်ကျောမလုံတတ်ကြချေ။

၇၇။ ထီ ကို လူမသိအောင် ထိုးတတ်ကြသည်။

၇၈။ ပိုက်ဆံ ကို လူမသိအောင် စုတတ်ကြသည်။

၇၉။ သီချင်းကို လူမကြားအောင် ဆိုတတ်ကြသည်။

၈၀။ သနပ်ခါး(မိတ်ကပ်)၊ပေါင်ဒါ(ခေါင်းလိမ်းဆီ) မရှိမဖြစ်ဆောင်တတ်သည်။

၈၁။ အချော့ကြိုက်တတ်ကြသည်။

၈၂။ စိတ်ကောက်မြန်တတ်ကြသည်။

၈၃။ စိတ်ပြေဘို့ အချိန်တော်တော်ကြာအောင် ယူတတ်ကြသည်။

၈၄။ အားလျှင် ခြေသည်း၊လက်သည်း သ နေတတ်ကြသည်။

၈၅။ စ တာ၊ နောက် တာ ကို အတည်ဟု မှတ်ယူတတ်ကြသည်။

၈၆။ ချစ်သူစုံတွဲယုယုယယနေတာကို မြင်ပြင်းကတ်တတ်ကြသည်။

ဂရ။ လိုတာမရ၍ မဟုတ်ပဲရတာမလို၍ဟူသောလက်သုံးစကားကိုတွင်တွင်သုံးတတ်သည်။

၈၈။ လူပျိုကြီး၊အပျိုကြီးဖြစ်ကြောင်း မကြေညာသော်လည်း သိနေစေချင်ကြသည်။
တခါက ကက်သလစ်ဘာသာဝင်တွေနေတဲ့ ရွာတစ်ရွာကို ဂျူးလူမျိုးတစ်ယောက်ပြောင်းလာပါ
သတဲ့။
သူက ကက်သလစ်တွေရဲ့ ဘုရားရှိခိုးကျောင်းနားမှာ အိမ်ဆောက်ပြီးနေတယ်။
အဲဒီမှာ သောကြာနေ့ရောက်လာတော့ ကက်သလစ်တွေရဲ့ ဘုရားရှိခိုးပွဲရှိပါတယ်တဲ့။

ကက်သလစ်တွေက ဘုရားကျောင်းထဲမှာ ဘုရားရှိခိုးနေကြတဲ့အချိန်မှာ အဲဒီဂျူးလူမျိုးရဲ့ နေအိမ်ထဲကနေပြီးတော့ အမဲသားကြော်နံ့က စူးစူးဝါးဝါးထွက်လာတယ်တဲ့။
ကက်သလစ်ဘာသာဝင်တွေလည်း စိတ်အနှောင့်အယှက် ဖြစ်ကြတာပေါ့။ ဘာလို့လည်းဆိုတော့ ကက်သလစ်တွေက သောကြာနေ့တိုင်း ဘုရားရှိခိုး ၊ အမဲသားမစားပဲ ငါးကိုစားကြတာကိုး။ သူတို့ရဲ့ ဥပုသ်ရက်လို့ခေါ်ရမလားပဲ။

အဲလို ဂျူးလူမျိုးရဲ့ အိမ်ထဲကထွက်လာတဲ့ အမဲသားကြော်နံ့က သူတို့ဘာသာရေးနေ့မှာ အနှောင့်အယှက်တစ်ခုလို ဖြစ်နေတော့တာပေါ့။ အဲဒီတော့
ကက်သလစ်တွေက ဂျူးလူမျိုးကို သူတို့ကက်သလစ်ဘာသာဝင်ဖို့ စည်းရုံးရအောင်ဆိုပြီး တိုင်ပင်ကြတယ်။ ပြီးတော့ ဂျူးလူမျိုးကြီးဆီသွားပြီးတော့ တိုက်တွန်းကြတယ်။
သူတို့ဘာသာကို ၀င်ပါဆိုပြီးတော့ပေါ့။

ပထမတော့ ဂျူးကြီးကငြင်းပါသေးတယ်။ နောက်တော့ ရွာခံလူထုရဲ့ဆန္ဒကို လွန်ဆန်နေလို့ သူ့အတွက် အကျိုးမရှိနိုင်ဘူးဆိုတာ သဘောပေါက်သွားပုံရပါတယ်။
ကက်သလစ်ဘာသာဝင်ဖို့ လက်ခံလိုက်တယ်။

အဲလိုနဲ့ သူ့ကို ကက်သလစ်ဘာသာထဲသွတ်သွင်းတဲ့ အခမ်းအနားကို ကျင်းပမယ့်ရက်ရောက်လာပါရော။ ခေါင်းကိုင်ဘုန်းကြီးက သူ့ကိုပြောတယ်။

`ငါ့သား… ငါ့သားဟာ ဂျူးအဖြစ်နဲ့မွေးတယ်။ ဂျူးအဖြစ်နဲ့ ကြီးလာတယ်။ ကဲ … ခု ငါ့သားဟာ ကက်သလစ်ဖြစ်ပြီ´

အဲလိုသွတ်သွင်းပြီးတော့ သူ့ကို ဘုန်းကြီးက သူတို့ကက်သလစ်တွေဟာ သောကြာနေ့တိုင်း အမဲသားရှောင်ပြီးတော့ ငါးကိုပဲစားကြကြောင်း အထူးသတိပေးရှင်းပြတယ်။
ဂျူးလည်း ဘုန်းကြီးရှင်းပြတာကို ခေါင်းလေးတညိတ်ညိတ်နဲ့ နားထောင်ပြီးတော့ပြန်သွားရှာတယ်

အဲလိုနဲ့ နောက်တစ်ပတ် သောကြာနေ့ကို ရောက်လာပြန်ရောတဲ့။ ကက်သလစ်တွေလည်း ဒီတစ်ခါတော့ အေးအေးဆေးဆေး ၀တ်ပြုလို့ရပြီဆိုပြီး စိတ်ချမ်းသာနေကြတာပေါ့။
သိပ်မကြာပါဘူး။ ဂျူးအိမ်ထဲက အရင်လိုပဲ အမဲသားကြော်နံ့က ထောင်းခနဲထွက်လာပြန်ရောတဲ့။ အဲဒါနဲ့ ရွာသားတွေရော ၊ ဘုန်းကြီးရော ဂျူးရဲ့အိမ်ဘက်ကို ထွက်လာကြတာပေါ့။
ဂျူးကို တားမြစ်ဖို့လေ။ ဒါပေမယ့် သူတို့ မအောင်မြင်လိုက်ပါဘူး။ ဘာလို့လည်းဆိုတော့ ဂျူးက အမဲသားကြော်ကို ဒယ်အိုးပေါ်မှာ အပြန်ပြန် အလှန်လှန် ယောင်းမနဲ့မွှေပြီးတော့ အော်နေတာကိုး။

`မင်းဟာ နွားအဖြစ်နဲ့မွေးတယ် နွားအဖြစ်နဲ့ကြီးလာတယ် ကဲ… ခု မင်းငါးဖြစ်ပြီ´
♥မျောက်တစ်အုပ်နဲ့ ဦးထုပ်သည် (ကောင်းသန့်)
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
♥ ♥ ♥ ♥


♥တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ သူ့အိမ်ကထွက်ပြီး ဈေးကို
သွားရောင်းတယ်….။

ဦးထုပ်တွေကို ခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့လျှိုပြီး
ထမ်းလာတယ်…။

နေပူလို့ ဦးထုပ်တစ်လုံးကို သူဆောင်းထားတယ်…။ လမ်းတစ်ဝတ်မှာ
ညောင်ပင်ကြီးတစ်ပင်အောက်သူရောက်
လာတယ်…။

ခြင်းတောင်းကြီးနှစ်တောင်းကို နေပူထဲမှာ ထမ်းလာရတော့ သူအလွန်မောနေပြီး…။

ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့ အေးမြသွားတယ်..။
ခေတ္တထိုင်နားချင်စိတ်ပေါက်သွားတယ်…။ ခြင်းတောင်းကြီးကို ပစ်ချပြီး
ညောင်ပင်ကြီးကို မှီနားလိုက်တယ်…။ ခြေပစ်လက်ပစ် အနားယူရင်း
သူအိပ်ပျော်သွားတယ်…။ အိပ်ယာက နိုးလို့ ကြည့်လိုက်တော့
သူ့ခြင်းတောင်းထဲမှာ ဦးထုပ်တွေ တစ်လုံးမှမရှိတော့ဘူး..။

သူ့ရင်ဘတ်မှာ ကပ်ထားတဲ့သူ့ဦးထုပ်ပဲကျန်တော့တယ်…။ ဦးထုပ်တွေ
ဘယ်ပျောက်သွားသလဲလိုက်ရှာတော့ ညောင်ပင်ပေါ်က
မျောက်တစ်အုပ်ရဲ့ခေါင်းတွေပေါ်ရောက်ကုန်တယ်…။ အဲဒီဦးထုပ်တွေ သူပြန်ရအောင်
ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး အကြံထုတ်တယ်…။ သူက အားတဲ့အချိန်မှာ
အမြဲစာဖတ်တဲ့အကျင့်ရှိတော့ ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီး
စဉ်းစားဖြေရှင်းတတ်တယ်…။ နာရီဝက်လောက်စဉ်းစားပြီး သူအကြံရသွားတယ်…။

သူ့လက်ထဲက ဦးထုပ်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီး
မျောက်တွေမြင်သာတဲ့နေရာကို ထွက်လိုက်တယ်…။
မျောက်တွေမြင်လောက်ပြီထင်တော့မှ ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်ပြတယ်…။
မျောက်တွေကလည်း သူ့ကို အတုခိုးပြီး ဦးထုပ်ချွတ်ခေါင်းကုတ်ကြတယ်…။
ဒါနဲ့ပူလွန်းလို့ ဦးထုပ်တောင်မကိုင်ချင်တဲ့ပုံစံနဲ့ သူက ဦးထုပ်ကို
မြေကြီးပေါ်ကို ပစ်ချလိုက်တယ်…။ မျောက်တွေကလည်း သူလုပ်တာမြင်ပြီး
သူတို့လက်ထဲက ဦးထုပ်တွေကို ပစ်ချလိုက်ကြတယ်…။ ဒီတော့မှ သူဟာ
မျောက်တွေပစ်ချတဲ့ဦးထုပ်တွေ အလျင်အမြန်ကောက်ပြီး
ခြင်းထဲထည့်လိုက်တော့တယ်…။

ဒီနည်းနဲ့ မျောက်တွေလက်ထဲက ဦးထုပ်အားလုံးကို သူပြန်ရလိုက်သတဲ့…။

နောင်နှစ်ပေါင်း (၂၀) ကြာတဲ့အခါ စောစောက ဦးထုပ်သည်ကြီးရဲ့ မြေးကလေးက
ဦးထုပ်အရောင်းထွက်သတဲ့…။
သူ့အဘိုးအိပ်စက်နားခဲ့တဲ့ညောင်ပင်ကြီးအောက်ရောက်တော့
ဦးထုပ်တောင်းကိုချပြီး အနားယူပြန်သတဲ့….။ ခြေပစ်လက်ပစ်နားရင်း
အိပ်ပျော်သွားတယ်…။

အိပ်ရာက နိုးတော့ခြင်းထဲက ဦးထုပ်တွေမရှိတော့ဘူး…။ ညောင်ပင်ပေါ်က
မျောက်တွေခေါင်းပေါ်ရောက်နေတယ်…။ ဒီတော့ သူ့အဘိုးပြောခဲ့ဖူးတာ အမှတ်ရပြီး
သူ့အဘိုးနည်းအတိုင်း ဦးထုပ်တွေပြန်ရအောင် ကြိုးစားတယ်…။ သူက
ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်တယ်..။ မျောက်တွေကလည်း
သူ့လိုလိုက်လုပ်တယ်..။ သူက ဦးထုပ်တွေနဲ့ ယပ်ခတ်ပြပြန်တယ်…။
မျောက်တွေကလည်း သူတို့ဦးထုပ်တွေနဲ့ ယပ်ခတ်ကြပြန်တယ်…။

နောက်ဆုံးမှာ သူကလက်ထဲက ဦးထုပ်ကိုလွှင့်ပစ်လိုက်တယ်…။ ပြီးတော့
သူ့လိုဦးထုပ်တွေ ပစ်ချမလားဆိုပြီး မျောက်တွေကို မော့ကြည့်တယ်…။
ဘယ်မျောက်မှ ဦးထုပ်ကို ပစ်မချကြတော့ဘူး…။ လက်ထဲမှာ
အသေဆုပ်ကိုင်ထားကြတယ်…။သူလည်းအံ့သြငေးမောကြည့်နေတုန်း မျောက်တစ်ကောင်က
သူပစ်ချလိုက်တဲ့ဦးထုပ်ကို ကောက်ပြီး သစ်ပင်ပေါ်တက်သွားသတဲ့…။

သစ်ပင်ပေါ် ပြေးမတက်ခင် အဲဒီမျောက်က သူ့ကိုစကားတစ်ခွန်းပြောသွားတယ်…



´´မင်းမှာ အဘိုးရှိသလို တို့မှာလည်း အဘိုးရှိတယ်ဆိုတာ မမေ့နဲ့လေ´´ တဲ့…..။



အခက်အခဲတစ်ခုခု တွေ့ကြုံလို့ လုပ်နေကျ နည်းဟောင်းအတိုင်း ဖြေရှင်းဖို့
တွေးမိတဲ့အခါ ဒီပုံပြင်လေးကို အမှတ်ရပါစေ…။

> ၄တန်းတက်နေတဲ့ သားက အိမ်မှာဆို ဘုရင်တစ်ဆူလိုပါပဲ။ တစ်အိမ်လုံးက
> ၀ိုင်းချစ်ကြတယ်။ သားက ကြက်ဥအရမ်းကြိုက်တယ်။ အထူးသဖြင့် ကြက်ဥကြော်ပေါ့။
> တစ်နေ့မနက် ကျွန်မ ကြက်ဥခေါက်ဆွဲ နှစ်ပွဲလုပ်ပါတယ်။ ခေါက်ဆွဲတစ်ပွဲပေါ်မှာ
> ကြက်ဥတစ်လုံးတင်ပြီး ကျန်တစ်ပွဲက ကြက်ဥမပါဘူး။ ခေါက်ဆွဲကို စားပွဲပေါ်တင်ပြီး
> သားကို ကျွန်မမေးလိုက်တယ်။
>
> " သား....ဘယ်တစ်ပွဲစားမလဲ ? "
>
> "ကြက်ဥပါတဲ့တစ်ပွဲ မေမေ" သားက ကြက်ဥပါတဲ့ တစ်ပွဲကို လက်ညှိးထိုး ပြီးပြောတယ်။
>
> "မေမေကို ကျွေးပါလား သား... ပုံပြင်တစ်ပုဒ်မှာ လေးနှစ်ပဲရှိသေးတဲ့ ကောင်လေး
> တစ်ယောက်က သစ်တော်သီးမျှသတဲ့။ သားက ဆယ်နှစ်တောင်ရှိနေပြီ မေမေကို
> ကြက်ဥမျှပါနော်"
>
> "ကောင်လေးကကောင်လေး...သားကသား...မမျှနိုင်ပါဘူး"
> "တကယ်မမျှဘူးပေါ့ ? "
>
> သားက ဆတ်ခနဲ ကြက်ဥကိုယူပြီး ပါးစပ်ထဲထည့်လိုက်တယ်။
> "နောင်တမရဘူးလား သား" ကျွန်မမေးလိုက်ပြန်တယ်။
>
> "မရပါဘူး" ကျန်ကြက်ဥကို ပါးစပ်ထဲ ထိုးထည့်ရင်း သားကပြောပါတယ်။
>
> သားစားတာကို ကြည့်ပြီးမှ ကျွန်မခေါက်ဆွဲကို စစားဖို့ပြင်လိုက်တယ်။
> ကျွန်မရဲ့ခေါက်ဆွဲမှာ ကြက်ဥကြော် နှစ်လုံး ဖွက်ထားတာကို သားမြင်အောင်
> ပြလိုက်ပြီး.. "သား...တပန်းသာချင်တဲ့လူဟာ ဘယ်တော့မှ အသာမရနိုင်ဘူးဆိုတာ မှတ်ထား
> နော်" ကြက်ဥကြော်စားနေတဲ့ ကျွန်မကို သားက ငိုမဲ့မဲ့နဲ့ ပြန်ကြည့်ပါတယ်။
>
> ဒုတိယအကြိမ် ခေါက်ဆွဲချက်စားတော့ ပထမတစ်ခေါက်လိုပဲ တစ်ပွဲက ကြက်ဥကြော်ပါပြီး
> ကျန်တစ်ပွဲက မပါ ဘူး။
> "သား...ဘယ်တစ်ပွဲစားမလဲ ?"
>
> "လေးနှစ်သားကလေးတောင် သစ်တော်သီး မျှသေးတာပဲ..မေမေကို သားကြက်ဥ မျှပါတယ်" သားက
> ပြောပြောရီရီနဲ့ ကြက်ဥကြော်မပါတဲ့ တစ်ပွဲကို ရွေးလိုက်တယ်။
>
> "နောင်တမရဘူးပေါ့ ?"
>
> "မရဘူး မေမေ" သားက ပြောပြောဆိုဆို ခေါက်ဆွဲကို စစားပါတော့တယ်။
> ခေါက်ဆွဲကုန်တဲ့အထိ ကြက်ဥကြော်ကို သူမတွေ့ခဲ့ပါဘူး။ ဥပါတဲ့ တစ်ပွဲရဲ့အောက်မှာ
> ကြက်ဥကြော် နောက်ထပ်တစ်လုံး ၀ှက်ထားတာကို သားမြင်အောင် ပြပြီး
> .."သား...ကိုယ်အသာရအောင် လုပ်တဲ့လူဟာ တခါတလေမှာ နစ်နာတတ် တယ်ဆိုတာ မှတ်ထားနော်"
> ဒုတိယအကြိမ် သင်္ခန်းစာရလိုက်တော့ သားက မချိတင်ကဲနဲ့ သွားဖြီးပြပါတော့တယ်။
>
> နောက်တစ်ခေါက် ခေါက်ဆွဲချက်ပြန်တော့ အရင်ပုံစံအတိုင်းပဲ တစ်ပွဲက ကြက်ဥပါပြီး
> နောက်တစ်ပွဲက မပါခဲ့ ပြန်ဘူး။
> " သား...ဒီနေ့ ဘယ်တစ်ပွဲစားမလဲ ? "
>
> " မေမေဟာ လူကြီးပါ...မေမေ အရင်ရွေးပါ။ သားမေမေကို အရင်မျှပါတယ်"
>
> "ဒါဆိုရင် မေမေ အားမနာတော့ဘူးနော်" ကြက်ဥကြော်ပါတဲ့ တစ်ပွဲကို ကျွန်မယူပြီး
> ပြောလိုက်တယ်။
>
> သားက ဥမပါတဲ့ တစ်ပွဲကို စားနေခဲ့တယ်။ စားရင်းစားရင်း အောက်နားရောက်တော့
> သူ့ခေါက်ဆွဲထဲမှာလည်း ကြက်ဥကြော် တစ်လုံးပါတာကို တွေ့လိုက်တယ်။
>
> "သား....အသာမရချင်တဲ့လူဟာ နစ်နာမှုနည်းတယ်ဆိုတာ မှတ်ထားပါနော်"
> သားက ကျွန်မအပြောကို သဘောတူကြောင်း ခေါင်းတစ်ဆတ်ဆတ် ညိတ်ပြတယ်။
> ကျွန်မရဲ့အပြောကို အခုအချိန်မှာ သားဟာ သေချာသဘောပေါက်လိမ့်မယ် မထင်ဘူး။
> ဒါပေမယ့် စကားသုံးခွန်းနဲ့ ခေါက်ဆွဲစား ခဲ့တာကိုတော့ သားတစ်သက် မေ့လိမ့်မယ်
> မထင်ဘူး။

Forward mail ထဲကရတာပါ..သူငယ်ချင်းတွေလည်းဗဟုသုတ ရအောင်ဝေမျှပေးလိုက်ပါတယ်...
ကိုယ့်ရဲ့ Gtalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ် ဆိုပါတော့။ အဲ့ဒီ့လူ ကတကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါ။

(၁) Gtalk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။
(၂) Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက
အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။
ပြီးရင်.. Go off the record ကို နှိပ်ပါ။
(၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။
ဥပမာ… hi လို့ ရိုက်ပြီး ချက်ကြည့်ပါ။
(၄)..............@gmail.com is offline and can’t receive messages right now.
လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။
တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။
(၅) စစ်ပြီးသွားရင် “Stop chatting off the record” ကို ပြန်နှိပ်ပေးပါ။
ဒါမှ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail က Chat section မှာ Chat history
ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

စမ်းကြည့်လိုက်ပါ.....ပြီးရင်..ဟေ့..ငါသိတယ်နော် ဆိုပြီးဖမ်းလိုက်ပေါ့...ဟဲဟဲ..။
Wednesday, August 19, 2009

Golden Rules for Living

တစ်ခြားသူတွေအတွက် စဉ်းစားပေးခြင်းဟာ ကောင်းမွန်တဲ့ ဘ၀ နဲ့ ကောင်းမွန်တဲ့ လူအဖွဲ့အစည်းရဲ့ အခြေခံ အချက်တွေ ဖြစ်တယ်။

(ကွန်ဖျုးရှပ်စ်)

တစ်ခုခုကိုဖွင့်ပြီးရင်၊ ပြန်ပိတ်ခဲ့ပါ။

သော့ဖွင့်ပြီးရင်၊ သော့ကိုပြန်ခတ်ခဲ့ပါ။

တစ်ခုခုကို ချိုးဖောက်ပြီးရင်၊ ၀န်ခံလိုက်ပါ။

သင်မပြုပြင်တတ်ရင်၊ ပြုပြင်တတ်တဲ့သူတစ်ယောက်ကို ခေါ်လိုက်ပါ။

ငှားပြီးရင် ပြန်ပေးပါ။

တန်ဘိုးထားရင်၊ သေသေချာချာဂရုစိုက်ပါ။

ရှုပ်ဖွထားပြီးရင်၊ ပြန်လည်ရှင်းလင်းပါ။

ယူပြီးလျှင် ပြန်ထားပါ။

တစ်ယောက်ယောက်ပိုင်တဲ့ ပစ္စည်းကို အသုံးပြုချင်ရင်၊ ခွင့်ပြုချက်တောင်းခံပါ။

ဘယ်လိုလုပ်ရမယ်ဆိုတာ မသိရင်၊ ဘာကိုမှ မထိပါနဲ့။

ကိုယ့်ကိစ္စမဟုတ်ရင်၊ ကိုယ်နဲ့မဆိုင်ရင် မေးခွန်းတွေ သိပ်မမေးပါနဲ့။

အကောင်းအတိုင်းရှိနေတဲ့ အရာတစ်ခုကို၊ မပြုပြင်ပါနဲ့။

တစ်စုံတစ်ယောက်အတွက် အကျိုးရှိမယ်ဆိုရင်၊ ပြောဖြစ်အောင် ပြောလိုက်ပါ။

တစ်ယောက်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ်ဆိုရင်၊ ရင်ထဲမှာပဲ သိမ်းထားလိုက်ပါ။

Image Hosted by ImageShack.us

“မင်းလက်ကလေး ကိုင်ချင်လွန်း… လို့တစ်စက္ကန့်လောက်ခွင့်ပြုပါ” ဆိုတဲ့ Rဇာနည်ရဲ့ သီချင်းလေးကို ကြားဖူးကြမယ် ထင်တယ်။ ချစ်သူကောင်မလေးရဲ့ နွေးထွေးတဲ့ (အေးစက်တဲ့) လက်ဖ၀ါးလေးတွေကို ကောင်လေးတွေ မြတ်မြတ်နိုးနိုး ကိုင်ဖူးချင်ကြမှာပါပဲ။ လက်ကိုင်တယ်ဆိုတာ အသားချင်းထိတွေ့တာထက် အဆတစ်ရာမကပိုတဲ့ အဓိပ္ပာယ်သဘောတွေကို ဖော်ဆောင်ပါတယ်။ ရည်းစားတွေမှ မဟုတ်ပါဘူး.. သူငယ်ချင်းတွေ၊ မောင်နှမတွေ၊ မိသားစုဝင်တွေဟာလည်း တစ်ယောက်ကို တစ်ယောက် အားပေးလိုတဲ့ သဘောတွေ၊ လက်ဖ၀ါးတွေဆီကနေတစ်ဆင့် နှလုံးသားထဲကို ခွန်အားတွေ ချစ်ခြင်းမေတ္တာတွေ စိမ့်ဝင်စီးဆင်းသွားစေဖို့ သဘောတွေနဲ့ လက်ကလေးတွေကို ညင်သာစွာ ကိုင်တွယ်လိုကြတယ် မဟုတ်လား။ ကျွန်မဆိုလည်း သူငယ်ချင်း အချင်းချင်းကို အားပေးလိုတဲ့ အချိန်မှာ လက်လေးတွေကို ဖြစ်ညှစ်ပြီး နင် အားတင်းထားစမ်းပါ ဆိုတဲ့သဘောနဲ့ လက်ကိုင်လေ့ရှိတယ်။ လက်ကိုင်တာ၊ ပွေ့ဖက်တာတွေဟာ စိတ်ဓါတ်အင်အားကိုလည်း တစ်ကယ်ဖြစ်စေပါတယ်။

ချစ်သူရည်းစားတွေကြားမှာဖြစ်ဖြစ်၊ သူငယ်ချင်းတွေကြားမှာပဲဖြစ်ဖြစ် လက်ကိုင်ခြင်းနည်းလမ်းတွေ များစွာရှိသလို တစ်ခုစီမှလည်း အဓိပ္ပယ်လေးတွေ တစ်မျိုးစီ ရှိတတ်ကြပါသေးတယ်။ တစ်ယောက်လက်ကလေးကို တစ်ယောက် ဘယ်လိုနည်းနဲ့ အကောင်းဆုံး အဓိပ္ပာယ်အရှိဆုံး ကိုင်ကြတယ်ဆိုတာလေးတွေကို ကျွန်မက ပြောပြပေးချင်ပါတယ်။

1. လက်ကလေးကို ငြိမ်သက်စွာကိုင်ကြမယ်။

ဒီနည်းလမ်းလေးကတော့ အရိုးရှင်းဆုံး လက်ကိုင်နည်းလေးပါပဲရှင်။ ကိုယ့်ချစ်သူလေးရဲ့ လက်ကလေးကို ငြိမ်ငြိမ်လေးနဲ့ မြဲမြဲလေး ဆုပ်ကိုင်ထားကြတဲ့ ပုံစံလေးပေါ့။ လူတွေကြားထဲ သွားလာကြတဲ့အခါမှာလည်း ဒီလိုလေးလက်ကိုင်ပြီးသွားတာဟာ Formal အကျဆုံးနည်းလေးတစ်နည်း ဖြစ်ပါတယ်။ ဒီအတွဲ ပူးပူးကပ်ကပ်နဲ့ ဘယ်လိုဖြစ်နေလဲကို မသိဘူး ဆိုတဲ့ စကားသံမျိုးတွေကလည်း ကင်းဝေးစေမှာဖြစ်ပါတယ်။ ဒီနည်းလေးကတော့ ရိုးရှင်းပေမယ့် နှလုံးသားချင်း ခိုင်မြဲစွာချိတ်ဆက်ထားကြစေဖို့ အရေးပါတဲ့ ပြင်ကထိတွေ့ ဆက်ဆံခြင်းလေးပဲ ဖြစ်ပါတယ်တဲ့ရှင်။

2. လက်ချောင်းလေးတွေကို ချိတ်ဆက်ယှက်နွယ်ပြီးကိုင်နည်း

Image Hosted by ImageShack.us

တစ်ယောက်လက်ချောင်းလေးတွေကို နောက်တစ်ယောက်နဲ့လက်ချောင်းလေးတွေနဲ့ ချိတ်ဆက်ပြီးကိုင်တဲ့ လက်ကိုင်နည်းလေးပေါ့။ တစ်ယောက်နဲ့ တစ်ယောက်ကို ပိုမိုရင်းနှီးစေတဲ့ အသွင်လေးကိုလည်း ဖော်ဆောင်ပါတယ်။ ချစ်သူနှစ်ဦးတည်း ကြည်ကြည်နူးနူးလျှောက်သွားကြတဲ့ အချိန်မျိုးမှာ ဒီလိုလေး လက်ကိုင်ဖို့အကောင်းဆုံး ဖြစ်ပါတယ်တဲ့ရှင်။

3. လက်ချောင်းလေး တစ်ချောင်းတည်းကို ဆုပ်ကိုင်နည်း

ချစ်သူရဲ့ လက်ချောင်းလေးတွေထဲက ကိုယ်နှစ်သက်တဲ့ လက်ချောင်လေး တစ်ချောင်းထဲကိုပဲ မြတ်မြတ်နိုးနိုး ဆုပ်ကိုင်ခြင်းဟာလည်း နှစ်ဦးသားကြားက ချစ်ခြင်းတရားတွေကို ပိုမိုရင်းနှီးစေပါတယ်ရှင်။ များသောအားဖြင့်တော့ လက်ညှိုးလေးတစ်ချောင်းတည်းကို ကိုင်ကြတာ တွေ့ဖူးပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းလေးကတော့ နည်းနည်းအပျော်သဘောကို ဆောင်ပါတယ်။ ပြောချင်တဲ့ ပွိုင့်က အပျော်တမ်းထားတဲ့ ရည်းစားတွေကို လက်ကိုင်တဲ့အခါ ကိုင်တဲ့နည်းလေးပါတဲ့။

4. လက်ဖ၀ါးလေးတွေကို ဖြစ်ညှစ်ကိုင်ခြင်း

ချစ်သူရဲ့ လက်ကလေးကို ရိုးရိုးတန်းတန်းကိုင်ထားရင်းနဲ့ပဲ လက်ဖ၀ါးလေးတွေကို ဖြစ်ညှစ် ဆုပ်ကိုင်ပေးခြင်းဟာ နှစ်ဦးစလုံးအတွက် စိတ်အပန်းဖြေရာ သဘောကိုလည်း ဖော်ဆောင်ပါတယ်တဲ့။ နှစ်ဦးသားကြားက ကြည်နူးစရာ အချိန်လေးတွေကို တစ်ယောက်လက်ကလေးကို တစ်ယောက်ဖြစ်ညှစ်ဆော့ကစားရင်း ကုန်ဆုံးစေနိုင်ပါတယ်။ အတူတူယှဉ်တွဲထိုင်ကြတဲ့ အခါမျိုးမှာ လက်ကိုင်ဖို့ အကောင်းဆုံးနည်းလေး ဖြစ်ပါတယ်ရှင်။

5. လက်နှစ်ဖက်လုံးဖြင့် ခပ်ဖွဖွဆုပ်ကိုင်ခြင်း

Image Hosted by ImageShack.us

တစ်ယောက်လက်ကို နောက်တစ်ယောက်က လက်နှစ်ဖက်လုံးနဲ့ ဆုပ်ကိုင်ထားတဲ့ ပုံစံမျိုးလေးပါ။ နှစ်ဦးသား မျက်နှာချင်းဆိုင် ရပ်နေကြတဲ့အခါမျိုးမှာ ပြုလုပ်ဖို့ အကောင်းဆုံး နည်းလမ်းလေးဖြစ်တဲ့အပြင် ကိုယ့်နှလုံးသားထဲက ခွန်းအားတွေ ချစ်ခြင်းမေတ္တာတွေကို လက်သွေးကြောလေးတွေဆီကနေတစ်ဆင့် နောက်တစ်ယောက်ရဲ့ ရင်ထဲကို စီးဆင်းစေပြီး ရင်းနှီးမှုလည်း ပိုစေပါတယ်တဲ့ရှင်။ ချစ်သူကပေးတဲ့ လုံခြုံမှု၊ မြတ်နိုးမှုတွေကိုလည်း အသေအချာ ရရှိခံစားစေမှာ ဖြစ်ပါတယ်။

6. လက်ဖ၀ါးလေးတွေကို ပွတ်သပ်ကိုင်တွယ်ခြင်း

ဒါလေးကလည်း ရင်းနှီးနွေးထွေးမှု ပိုရရှိစေပြီး မရိုးမရွလေး ဖြစ်စေပါတယ်တဲ့ (ဘာလဲတော့ မသိဘူး)။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ သတိမထားမိစေပဲ ချစ်သူရဲ့လက်ဖ၀ါးလေးတွေကို ပွတ်သပ်ကျီစယ်နိုင်ပါတယ်။ လက်ချောင်းလေးတွေကို အသုံးပြုပြီး သူ့ရဲ့ လက်ဖ၀ါလေးကို up and down ပွတ်သပ်ပေးခြင်းဟာလည်း အရမ်းကို romantic ဖြစ်စေပါတယ်တဲ့ရှင်။

7. လက်ကလေးကို နမ်းရှုပ်ပြီးကိုင်ခြင်း

Image Hosted by ImageShack.us

ချစ်သူနှစ်ဦးတည်း ရှိနေကြတဲ့အချိန်မှာ လက်ကိုင်ဖို့ အကောင်းဆုံးနည်းလမ်းလေး ဖြစ်ပါတယ်။ ချစ်သူက ကိုယ့်လက်ကလေးကို နမ်းမယ့်အခိုက်မှာ ကိုယ့်လက်ကလေးတွေက သန့်ရှင်းလှပနေရင်တော့ အကောင်းဆုံးပေါ့ရှင်။

8. လက်ညှိုးနဲ့ လက်မညှပ်ပြီးလက်ကိုင်ခြင်း

ဒီနည်းလမ်းလေးက နည်းလမ်းကောင်းလေးတော့ မဟုတ်ပါဘူး။ ကိုယ့်ချစ်သူကို အလေးအနက် မထားရာရောက်ပါတယ်။ နှစ်ဦးကြားက ဆက်ဆံရေးဟာ တင်းမာ မနေဘူးဆိုရင်တော့ စိတ်လှုပ်ရှားစရာ၊ ပျော်စရာတစ်မျိုးဖြစ်မှာ မှန်ပေမယ့် အခြေအနေမကောင်းဘူးဆိုရင်တော့ ဒီနည်းလေးကို လုံးဝကို မသုံးသင့်ပါဘူးရှင်။

9. နွေးထွေးစွာ လက်ကိုင်ခြင်း

ဆိုပါတော့ အပြင်မှာရာသီဥတု သိပ်အေးနေတယ်။ လက်ဖျားလေးတွေ အေးစက်နေတယ်။ ချစ်သူနဲ့လည်း အတူရှိနေတယ်။ ဒီလိုအချိန်မျိုးမှာ တစ်ယောက်လက်ကလေးကို တစ်ယောက်ကိုင်ပြီး နွေးထွေးစေခြင်းဟာ ဘာနဲ့မှမတူတဲ့ မေတ္တာဓါတ်ကို လွှမ်းခြုံခံစားရစေမှာ ဖြစ်ပါတယ်။

10. သင်္ကေတများဖြင့် လက်ကိုင်ခြင်း

သမားရိုးကျ မဟုတ်တဲ့ လက်ကိုင်နည်းလေး ဖြစ်ပေမယ့် ဒီနည်းလေးကို အရမ်းကျွမ်းတဲ့ သူမျိုးအတွက်ကတော့ တစ်ကယ့်ကို ပျော်စရာကောင်းတဲ့ နည်းလေးဖြစ်မှာပါ။ တစ်ယောက်ကို တစ်ယောက် မြတ်မြတ်နိုးနိုးချစ်ပါတယ် ဆိုတာလေးကို လက်ကိုင်ပြီး သင်္ကေတလေးတွေနဲ့ ဖော်ဆောင်တဲ့ သဘောမျိုးလေးပါ။ ကိုယ့်ရင်ထဲက ခံစားချက်တွေကို လက်သင်္ကေတလေးတွေနဲ့ ပြောပြတာပေါ့ရှင်။ ဓါတ်ပုံအရိုက်ခံတဲ့အခါ ကျွန်မတို့လုပ်နေကျ လက်နှစ်ချောင်းထောင်တာမျိုးလေးတွေနဲ့ သဏ္ဍာန်တူပါတယ်။ လက်နှစ်ချောင်းထောင်ရင် “peace” လို့ အဓိပ္ပာယ်ရပြီး လက်မ၊ လက်ညှိုးနဲ့ လက်သန်း သုံးချောင်းထောင်ရင်တော့ ” I love you” ဆိုတဲ့ အဓိပ္ပယ်ကို အားလုံးက ပေါက်ကြတယ်လေ။ အခုနည်းလေးကလည်း အဲလိုပါပဲ။ ချစ်သူက ကိုယ့်လက်ကလေးကို သုံးခါတိတိဖြစ်ညှစ်တယ်ဆိုရင် ဒါဟာ ” I love you” လို့ အဓိပ္ပယ်ရပြီး ကိုယ်ကလည်း သူ့လက်ကလေးကို လေးခါတိတိပြန်လည် ဖြစ်ညှစ်ရင် ” I love you too” လို့ အဓိပ္ပာယ် ရပါတယ်တဲ့ရှင်။

♥ချစ်သူနှစ်ဦး ၏ အပြန်အလှန် လက်ဆောင် ပေးတက်စေဖို့♥

( ကိုယ့်ကို အမြဲ သတိရနေပါ )

အလှစိုက်သစ်ပင် ———- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်

ဦးထုပ် ———- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

(မင်းရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်အောင် ဆုတောင်းပေးနေမယ် )

စက္ကူ ကြိုးကြာရုပ် တစ်ထောင် —– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်

စက္ကူ ရောင်စုံ ကြယ်ပွင့် တစ်ထောင်——– မိန်းကလေး မှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်

(ကိုယ့်ကိုမေ့လိုက်ပါတော့ = ချစ်သူအဖြစ်မှ ပြတ်စဲ လိုသည့်အခါ )

မီးခြစ် —– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်

ပြာခွက် —- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

( အနေဝေးလို့ မေ့မသွားနဲ့နော် = ရက်လရှည်များခွဲခွါရရင် )

ဒိုင်ယာရီစာအုပ် —– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ဘောလ်ပင် —– မိန်းကလေး မှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်

(ဂုဏ်ယူပါတယ် =ချစ်သူ၏ အောင်မြင်မှု့ တစ်ခု အတွက် )

ဓာတ်ပုံမှန်ဘောင်လှလှလေး —– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ဝိုင်ပုလင်း —– မိန်းကလေးမှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်

(လွမ်းခဲ့ရသမျှ မေ့ပစ်ကြစို့ =ငိုကြွေးခဲ့သော ကာလ များ ပြီးဆုံးပြီ )

လက်ကိုင်ပုဝါ —– ယောကျာင်္းလေးမှ မိန်းကလေးသို့ လက်ဆောင်ပေးရန်

စားပွဲတင်ပြက္ခတိန် —– မိန်းကလေး မှယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်

(ချစ်သူကိုစိတ်ဆိုးပြေအောင်ချော့တဲ့ အခါ )

အ၀ါရောင်ပန်းပွင့် ပန်းစည်း —-ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်

သီချင်းဓာတ်ပြာ အယ်ဘမ်—– မိန်းကလေးမှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

(ကွယ်ရာမှာ သစ္စာမ ဖောက်နဲ့နော် )

ကြည့်မှန်သေး —– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်

သော့ချိတ်လေး —– မိန်းကလေးမှယောကျာင်္လေးသို့ လက်ဆောင်ပေးရန်

( လက်ထပ်ချင်ပြီ )

လက်စွပ်တစ်ကွင်း —– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
လက်ပတ်နာရီ —– မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

( ကိုယ့်ကို သစ္စာမဲ့တယ်လို့ အထင်မလွဲပါနဲ့ )

နှုတ်ခမ်းနီ ဆိုးဆေး—– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်

အင်္ကျီ အ၀တ်အစား —–မိန်းကလေး မှ ယောကျာင်္းလေးသို့ လကိဆောင်ပေးရန်

(တို့နှစ်ယောက် အချစ် တည်တံ့ခိုင်မြဲ ပါစေ )

ဖဲ ကြိုးလှလှလေးချည်ထားတဲ့ပန်းစည်း —– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ချောကလက်ဘူး —– မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

( ချစ်တာကို ဖွင့်ပြောဖို့ မ၀င့်မရဲဖြစ်နေရင် )

အမွှေးပွပွ ၀က်ဝံရုပ် —– ယောကျာင်္းလေး မှ မိန်းကလေးသို့လက်ဆောင်ပေးရန်

ရေမွှေး ပုလင်း —– မိန်းကလေး မှယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

ဒါလေးကို ဖတ်ပြီ: သူငယ်ချင်း အပေါင်းတို့လည်း ချစ်သူနဲ့
အစဉ်ပြေချောမွေ့ပါစေ လို့ ဆုတောင်း လိုက်ပါတယ်

ချစ်သူတွေ အချင်းချင်းချစ်ခင်ကြတဲ့အခါ ချစ်ကြတာတွေအပြင် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု၊ ယုံကြည်မှုတွေ အများကြီး လိုအပ်ပါတယ်။ အချစ်ဆိုတာ ချစ်နေကြရုံနဲ့ ပြီးသွားတာမျိုးမဟုတ်ပဲ အားကိုးယုံကြည်မှုတွေ၊ အပြန်အလှန် အားပေးနှစ်သိမ့်မှုတွေနဲ့ ပေါင်းစပ်မှသာ ပြီးပြည့်စုံတဲ့ အချစ်တစ်ခု၊ ခိုင်မာတဲ့ ချစ်ခြင်းတစ်ခုကို တည်ဆောက်နိုင်ကြမှာပါ။ ယောင်္ကျားနဲ့ မိန်းမ မတူညီတဲ့ ဆန့်ကျင်ဘက်နှစ်ယောက်ကြားမှာ မတူညီတဲ့ အချက်တွေလည်း အများကြီးရှိပါတယ်။ ဒီအချက်တွေကို နားလည်ထားရင်တော့ အလုံးစုံမဟုတ်ရင်တောင် အနည်းဆုံးတော့ ညှိနှိုင်းမှုတွေ ရယူနိုင်ကြမယ်ထင်ပါတယ်။ ကျွန်မဆို ယောင်္ကျားတွေကို နားကိုမလည်တာ။ သူတို့ မိန်းမတွေဆီက ဘာလိုချင်တာလဲ၊ မိန်းမတွေကို ဘယ်လိုမျိုးဖြစ်နေမှ သူတို့ကို ကျေနပ်စေမှာလဲ ဆိုတာတွေ အများကြီး တွေးဖူးတယ်။ ဒီလိုပါပဲ မိန်းမတွေက နားလည်ရခက်လိုက်တာ ဆိုပြီးပြောတဲ့ ယောင်္ကျားတွေကိုလည်း အများကြီး တွေ့ဖူးပါတယ်။ ကိုယ့်ချစ်သူကိုတောင် ကိုယ်နားမလည်ဘူးဆိုရင် ဒီနှစ်ယောက်က ဘ၀တစ်ခုကို ဘယ်လိုပေါင်းစပ်နိုင်မှာတဲ့လဲေ
နာ်။ သာယာပြီး ပြသနာ မများတဲ့ အချစ်တစ်ခုကို ရရှိနိုင်ဖို့အတွက် အောက်ပါ အချက်တွေက အများကြီး အကူအညီပေးနိုင်မယ် ထင်ပါတယ်ရှင်။
မိန်းမများ ရယူလိုတာတွေ
1) ဂရုစိုက်မှု
2) နားလည်မှု
3) လေးစားမှု
4) စွဲစွဲမြဲမြဲမြတ်နိုးမှု
5) တရားဝင် ခိုင်ခိုင်မာမာဖြစ်မှု
6) ကတိပြုမှု
ယောင်္ကျားများ ရယူလိုတာတွေ
1) ယုံကြည်ကိုးစားမှု
2) လက်ခံမှု
3) ကျေးဇူးတင်မှု
4) ချီးကျူးမှု
5) သဘောတူညီမှု
6) အားပေးအားမြှောက်ပြုမှု

1။ သူမက ဂရုစိုက်မှုကို လိုအပ်ပြီး သူက ယုံကြည်ကိုးစားမှုကို လိုအပ်တယ်
မိန်းမတစ်ယောက် ခံစားနေရတာတွေကို ယောင်္ကျားတစ်ယောက်က စိတ်ဝင်စားမယ်၊ သူမ စိတ်ချမ်းသာမှုအတွက် ယောင်္ကျားက စိတ်လိုလက်ရ ကြိုးစားပေးမယ်ဆိုရင် ငါ့ကိုချစ်တယ်၊ ငါ့ကိုဂရုစိုက်တယ်လို့ မိန်းမက မှတ်ယူသွားမှာပဲ။ ဒီလိုသာမှတ်ယူသွားပြီဆိုရင်တော့ မိန်းမရဲ့ ပထမဆုံး အခြေခံလိုအပ်ချက်အတွက် ယောင်္ကျားဘက်က အောင်အောင်မြင်မြင်ဖြည့်ဆည်းပေးလိုက်ပြီလို့ ပြောနိုင်ပါပြီ။ မိန်းမကလည်း သူ့အပေါ်ပိုပြီး ယုံကြည်စိတ်ချတော့မှာ ဖြစ်တယ်။ ယုံကြည်စိတ်ချပြီ ဆိုတဲ့နောက်မှာတော့ မိန်းမဟာ ပိုပွင့်လင်းလာတော့မှာ သေချာပါတယ်။ ပိုလက်ခံလာတော့မှာ သေချာပါတယ်။
မိန်းမက ပွင့်လင်းလာပြီ၊ ပိုလက်ခံလာပြီဆိုရင် ယောင်္ကျားက ငါ့ကိုတော့ ယုံကြည်ကိုးစားသွားပြီလို့ မှတ်ယူနိုင်ပြီပေါ့။ ယောင်္ကျားတစ်ယောက်ကို ယုံကြည်ကိုးစားတယ်ဆိုတာ ယောင်္ကျားက ငါ့အတွက် အကောင်းဆုံး ဆောင်ရွက်ပေးနေတယ်၊ ငါ့အတွက်သူက အကောင်းဆုံးကို အလိုရှိနေတယ်လို့ ထစ်ထစ်ချတွက်ထားတဲ့ သဘောကို ဆောင်ပါတယ်။ မိန်းမရဲ့ တုန့်ပြန်မှုတွေမှာ သူ့ယောင်္ကျားရဲ့ စွမ်းရည်၊ သူ့ယောင်္ကျားရဲ့ ဂရုစိုက်မှုတွေကို လုံးဝ ယုံကြည်စိတ်ချနေတဲ့ ယောင်္ကျားဖြစ်သူရဲ့ အချစ်နဲ့ပတ်သက်တဲ့ ပထမဆုံးသော အခြေခံအချက်ဟာ ပြည့်ဝသွားပြီလို့ ယူဆဖြစ်သွားပါတယ်။

၂။ သူမက နားလည်မှုကိုလိုအပ်ပြီး သူကလက်ခံမှုကို လိုအပ်တယ်
ယောင်္ကျားက အဆုံးအဖြတ်တွေမချပဲ နားထောင်တဲ့အခါ၊ စာနာမှုနဲ့ နားထောင်ပေးတဲ့အခါ မိန်းမကလည်း ငါပြောတာတွေကို သူနားထောင်သားပဲ၊ ငါ့ကိုသူနားလည်သားပဲ လို့ခံစားသွားရမှာပါ။ မိန်းမက ဒီလိုသာခံစားသွားရပြီဆိုရင်တော့ ယောင်္ကျားလိုအပ်နေတဲ့ လက်ခံမှုကိုပေးဖို့ သူမ ၀န်မလေးတော့ပါဘူး။ ယောင်္ကျားဘက်က ငါ့ကိုလက်ခံသွားပြီလို့ ထင်လိုက်ပြီဆိုရင် နားထောင်ဖို့လည်း အပန်းကြီးတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် သူမလိုအပ်နေတဲ့ သူမနဲ့ ထိုက်လည်းထိုက်တန်တဲ့ နားလည်မှုကို အလွယ်တကူ ပေးသွားတော့မှာပါ။

၃။ သူမက လေးစားမှုကိုလိုအပ်ပြီး သူက ကျေးဇူးတင်မှုကို လိုအပ်တယ်
မိန်းမရဲ့ လိုအပ်မှုတွေ၊ အလိုဆန္ဒတွေ၊ အခွင့်အရေးတွေကို ယောင်္ကျားက အသိအမှတ်ပြုပုံမျိုး၊ ဦးစားပေးပုံမျိုးနဲ့ တုံ့ပြန်သမှု ပြုမယ်ဆိုရင် မိန်းမဟာ ငါ့ကိုလေးစားသားပဲလို့ ယူဆလိုက်တော့မှာပါ။ ဒီလိုသာ ယူဆလိုက်ပြီဆိုရင် ယောင်္ကျားလိုအပ်နေတဲ့ ကျေးဇူးတင်မှုကိုလည်း သူမကပေးဖို့ သိပ်ကိုလွယ်ကူသွားပါပြီ။ ယောင်္ကျားရဲ့ ကြိုးစားအားထုတ်မှုများနဲ့ အပြုအမူများကြောင့်ပေါ်ထွက်လာတဲ့ ကောင်းကျိုးတွေကို မိန်းမက ကောင်းကောင်းကြီးခံစားနေရကြောင်း သိသာပေါ်လွင်နေတဲ့အခါမှာ ယောင်္ကျားအနေနဲ့ ငါတော့ ကျေးဇူးတင်ခံနေရတာတော့ သေချာပြီ လို့ ကောက်ချက်ချနိုင်ပါပြီ။ အမှန်တော့ ကျေးဇူးတင်မှုဆိုတာ အထောက်အပံ့ခံရမှုအတွက် တုန့်ပြန်မှုပဲဖြစ်တယ်။ ငါ ကျေးဇူးတင်ခံရပြီလို့ ယောင်္ကျားက ထင်လိုက်ပြီဆိုရင် သူ့ကြိုးပမ်းအားထုတ်မှုတွေက အလကားမဖြစ်တော့ဘူးလို့ သဘောပိုက်လိုက်ပါတယ်။ သူ့ဘက်က ဆတန်ပိုးတိုးပြီး ကြိုးပမ်းအားထုတ်တော့မှာလည်း သေချာနေပါပြီ။ ယောင်္ကျားတစ်ယောက် ကျေးဇူးတင်ခံရပြီဆိုရင် သူ့မှာ စွမ်းရည်အထူးတွေ အလိုအလျောက်ရလာပါတယ်။ မိန်းမကို လေးစားလိုစိတ်တွေလည်း အလိုအလျောက် မြင့်တက်လာပါတယ်။

၎။ သူမက စွဲစွဲမြဲမြဲမြတ်နိုးမှုကို လိုလားပြီး သူက ချီးကျူးမှုကို လိုအပ်တယ်
ယောင်္ကျားက မိန်းမလိုအပ်မှုတွေကို ဦးစားပေးမယ်၊ သူမလိုအပ်သမျှတွေကို ဂုဏ်ယူဝင့်ကြွားစွာ ဖြည့်ဆည်းပေးမယ်ဆိုရင် မိန်းမတွေရဲ့ စတုတ္ထမြောက်လိုအပ်မှုဟာ ပြည့်ဝသွားပါပြီ။ ကြည်ညိုလေးစားခံရတယ်၊ အထူးဦးစားပေးတယ်လို့ ခံစားနေရရင် မိန်းမတစ်ယောက်ရဲ့ ဘ၀ဟာ လန်းစွင့်နေတော့တာပါပဲ။ ယောင်္ကျားက အခြားအရေးတွေ ဥပမာ – အလုပ်အကိုင်၊ လေ့လာစရာ၊ အပန်းဖြေမှုများထက်၊ မိန်းမအရေးတွေကို ဦးစားပေးရင် မိန်းမတွေက သိပ်ကိုကျေနပ်အားရ ဖြစ်ကြပါတယ်။ ငါ့ကို ပထမ နေရာမှားထားတယ်လို့ သိနေထင်နေတဲ့ မိန်းမတစ်ယောက်ဟာ ယောင်္ကျားကို ချီးကျူးဖို့ လုံးဝ လွယ်ကူနေပြီပေါ့။ အမှန်တော့ ယောင်္ကျားကို ချီးကျူးတယ်ဆိုတာ ယောင်္ကျားကို အံ့သြစရာအဖြစ်၊ ပျော်စရာအဖြစ် ကျေကျေနပ်နပ်သဘောတူစရာအဖြစ် မှတ်ယူထားခြင်းပဲ ဖြစ်ပါတယ်။

၅။ သူမက တရားဝင် ခိုင်ခိုင်မာမာဖြစ်မှုကို လိုလားပြီး၊ သူက သဘောတူညီမှုကို လိုအပ်တယ်
မိန်းမတစ်ယောက်ရဲ့ ခံစားမှုတွေကို အလိုဆန္ဒတွေကို ယောင်္ကျားက မကန့်ကွက်ဘူး၊ ခံစားသင့်တယ် အလိုဆန္ဒ ရှိသင့်တယ်လို့ ခိုင်ခိုင်မာမာလက်ခံပေးရင် ငါ့ကို တစ်ကယ်ချစ်တာပဲလို့ ထင်သွားမှာပါ။ ဒီလိုထင်သွားရင် မိန်းမရဲ့ ပဉ္စမမြောက်အခြေခံလိုအပ်ချက် ပြည့်ဝသွားပြီလို့ ဆိုနိုင်ပါတယ်။

၆။ သူမက ကတိပြုမှုကို လိုအပ်ပြီး၊ သူက အားပေးအားမြှောက်ပြုမှုကို လိုအပ်တယ်
ဂရုစိုက်မှုတွေ၊ နားလည်မှုတွေ၊ လေးစားမှုတွေ၊ ခိုင်မာမှုတွေ၊ မြတ်နိုးမှုတွေကို ယောင်္ကျားဘက်က အထပ်ထပ်အခါခါပြနေရင် ကတိပြုမှု၊ တစ်နည်းအားဖြင့် ယေင်္ကျားတို့ရဲ့ ကတိစကားတွေကို ကြားနေရသလို မိန်းမက ထင်မှတ်နေပါတယ်။ ဒီလိုကတိတွေ ထပ်တစ်လဲလဲ ပေးနေခြင်းဟာ အမှန်တော့ သူမဟာ ထာဝရ အချစ်ခံနေရတယ်ဆိုတာ သက်သေထူပေးတာပါပဲ။
ယောင်္ကျားဟာ အများအားဖြင့် မိန်းမရဲ့ ချစ်ခြင်းဆိုင်ရာ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီးပြီ၊ မိန်းမကလည်း ပျော်ရွှင်ကြည်နူးနေပြီဆိုရင် မိန်းမဘက်က ငါ့ကိုချစ်တယ်လို့ တစ်သက်လုံးမှတ်ယူလိုက်နိုင်တာပဲလို့ မှားယွင်းစွာ ယူဆတတ်ကြပါတယ်။ တစ်ကယ်တော့ ဒီလိုမဟုတ်ပါဘူး။ မိန်းမရဲ့ အဌမမြောက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ မိန်းကို ထပ်ခါ ထပ်ခါ ကတိတွေပေးနေဖို့ လိုအပ်ပါတယ်။
Source: Men are from Mars, Women are from Venus

ဒီဆိုဒ်ကနေ ကူးယူဖော်ပြပါ၏။

Tags: သုတရသ

"How To Solve The Problem"
ပြဿနာတစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ


တစ်ခါက မုဆိုးကြီးတစ်ယောက်ဟာ သူ့သားကို အသိပညာတစ်ခုပေးချင်လို့ သူတောလိုက်သွားရာကို ခေါ်သွားသတဲ့..။ တစ်နေရာလဲရောက်ရော တောင်ကမူလေးတစ်ခုမှာ ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့..။ဖခင်မုဆိုးကြီးက သူ့သားကိုသေသေချာချာ ကြည့်ခိုင်းပြီးနေပူစာလှုံနေတဲ့ ခွေးကိုမထိစေပဲခွေးရဲ့ ဘေးသို့ရောက်အောင်ခဲလုံးတစ်လုံးနဲ့ ပစ်ပေါက်လိုက်တယ်..။

ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး ငေါက်ကနဲ့ထရပ်လိုက်တယ်.။ ပြီးတော့ ဘာရယ်ညာရယ်မှန်းမသိပေမဲ့ ခဲလုံးမှန်းတော့ သူသိတယ်..။ သူ့ကိုလာလန့်စေတဲ့ ခဲလုံးကို လိုက်ကိုက်နေတော့တယ်.။ ခွေးဟာ ခဲလုံးက သူ့ကို လာလဲ မထိဘူး ၊စားစရာလဲ မဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်..။
ဒီမြင်ကွင်းကိုကြည့်ပြီး သားအဖ နှစ်ယောက် ပြန်လာခဲ့ကြတယ်..။

နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး တောထဲကို ထွက်လာခဲ့ပြန်တယ်..။ ဒီတစ်ခါမှာတော့ သူတို့ဟာနေရာအချက်အချာကောင်းတဲ့ သစ်ပင် ပေါ်မှာနေရာယူကြတယ်.။သူတို့နေရာယူနေတဲ့ သစ်ပင်ရဲ့ အရှေ့ဘက်မှာ ကျောက်ဂူ တစ်ခုရှိတယ်..။
ကျောက်ဂူဝမှာ ခြင်္သေ့တစ်ကောင်ဟာ နေပူစာလှုံနေတယ်.။ ဖခင်မုဆိုးကြီးကသူ့သားကို ငြိမ်ငြိမ်နေဖို့ ပြောပြီး ခြင်္သေ့ရဲ့လက်နဲ့ လည်ပင်းကြားထဲကို
ခြင်္သေ့ကို မထိစေပဲ မြားတစ်စင်း ပစ်လိုက်တယ်.။ မြားကလဲ လိုရာနေရာကို ကွက်တိပါပဲ..။ခြင်္သေ့ရဲ့ လည်ပင်းနဲ့ လက်ကြားထဲသွား စိုက်တယ်..။
စွပ်ခနဲ့ လာစိုက်တဲ့ မြားကို ခြင်္သေ့က ဖြက်ခနဲ့ကြည့်ပါတယ်..။ ဒါပေမဲ့ ခြင်္သေ့က မြားကို ဘာမှမလုပ်ပဲ လက်ကြားထဲလာစိုက်တဲ့ မြာိးကုသေသေချာချာ
ကြည့်ပြီး ငြိမ်နေတယ်..။ခဏကြာတော့ မြားလာရာလမ်းကြောင်းကို မျှော်ကြည့်တယ်..။ ပြီးတော့ မြားကိုတလှည့် ၊မြားလာရာလမ်းကြောင်းကို တလှည့်သေချာကြည့်တယ်..။ မြားတဲကို ခြင်္သေ့က ဘာမှ မလုပ်ပဲမြားလာရာလမ်းကြောင်း၇ဲ့ အစွန်းရှိ ရန်သူကို တိုက်ခိုက်ဖို့ရာထပြီး တလှမ်းချင်း လှမ်းပြီး လျှောက်လာတယ်.။

ဒါကြောင့်..........

ကိုယ့်ကိုခြောက်လှန့်ခံရတဲ့ ခဲလုံးကို လိုက်ကိုက်နေတဲ့ ခွေး..........။
ကိုယ့်ကို ရန်ပြုလာတဲ့မြားကို လျစ်လျူရှုပြီး မြားလာရာလမ်းကြောင်းရဲ့ ဟိုဘက်မှာရှိတဲ့ အဓိက ရန်သူကို တိုက်ခိုက်တတ်တဲ့ ခြင်္သေ့...............။

ခွေးကတော့ ခွေးပါပဲ.....ဒီလိုပဲ
ခြင်္သေ့ကလဲ ခြင်္သေ့ပါပဲ........။.

ဒါကြောင့်မို့လဲ ခြင်္သေ့ဆိုတာ တောဘုရင်ဖြစ်နေတာပေါ့...။ လောကကြီးမှာလဲ ဒီလိုပါပဲ...
ကိုယ့်ဆီရောက်လာတဲ့ ပြဿနာတွေကို အတင်တွန်းထိုး တိုက်ခိုက်တတ်လား...။ ပြဿနာရဲ့အစကို ၇ှာပြီး ပြေလည်အောင်ရှင်းတတ်လား...........ဆိုတဲ့
လူနစ်မျိုးကွဲ သွားပါတယ်..။ ဒါကြောင့် ပြဿနာနဲ့တွေ့တိုင်း သင့်ကိုသင် မေးကြည့်ပါ......။

ငါဟာ...........ခြင်္သေ့..........လား
ခွေး...........လား...။ ။

အဖြေရလာပါလိမ့်မယ်....။ ။
*


*Heng Lee Zen ရဲ့ Which One? ကို zaw357@gmail.com ဘာသာပြန်ပါသည်..။*

ချစ်လှစွာသော သားငယ်…
ချစ်သူမွေးနေ့အတွက် ဒီနေ့ ကျောင်းစောစောဆင်းပြီး လက်ဆောင်သွားဝယ်မယ်လို့ သားငယ် ပြောခဲ့တယ်နော်။ အမေ့မွေးနေ့မှာ လက်ဆောင်ပေးဖို့ ဘာလို့မေ့ခဲ့သလဲလို့ အမေမေးတော့ သားငယ်က စိတ်တိုတယ်။

“တစ်ခြားလူတွေရဲ့ မေမေက ဘယ်တော့မှ သားသမီးဆီက လက်ဆောင်ကို မမျှော်လင့်ကြဘူး။ အမေလို မကျေနပ်တာတွေ တတွတ်တွတ် ရွတ်ဖို့ဝေးလို့ သူတို့မေမေက သူတို့ကို ချစ်လို့တောင် မဝကြဘူး။ ချစ်သူနဲ့ မိသားစု နှိုင်းလို့ဘယ်ရမလဲ”

သားငယ်… ဒီအချိန်မှာ ဒါတွေကို သားငယ် နားလည်သေးမှာ မဟုတ်ဘူး။ မိခင်တစ်ဦးဟာ တော်ရုံစိတ်ဆင်းရဲမှုမျိုးကို မဖွင့်ဟတတ်ဘူး။ တစ်ယောက်တည်းပဲ ကျိတ်မှိတ်ခံတယ်။ သားသမီးတွေရဲ့ အပြုံးမျက်နှာပေါ်မှာ သူ့အပူအပင်တွေကို မလောင်းရက်ခဲ့ဘူး။ သားငယ်ပြောလို မေမေဟာ တစ်ခြားမိခင်တွေလို မြင့်မြတ်ရမယ်၊ ကိုယ်ချင်းစာတရား ရှိရမယ်တယ်ဆိုတဲ့ ဝေါဟာရကို မေမေတာဝန်မယူရဲဘူး သား။

ဘုရားသခင်က မေမေကို “မိခင်” ဆိုတဲ့အမည် ပေးလိုက်တာနဲ့ အမြဲတမ်း၊ အချိန်တိုင်း သတ္တိရှိရမယ်၊ ရဲရင့်ရမယ်၊ မြင့်မြတ်ရမယ်၊ ပေးဆပ်ရမယ်၊ နောင်တမဲ့ရမယ်လို့ မေမေ့ကို မတောင်းဆိုထားဘူး။ ဘုရားသခင်က မေမေကို အမျိုးသားတိုင်းမှာရှိတဲ့ အားငယ်တာ၊ ထိခိုက်လွယ်တာ၊ မာန်တက်တာ၊ တစ်ကိုယ်ကောင်းဆန်တာတွေပါ ပေးခဲ့တယ်။ ဒါကြောင့်
သားဖက်က ပေးဆပ်သင့်တာတွေ မပေးဘဲ မေမေဖက်ကချည်း အတိုင်းဆမဲ့ ပေးဆပ်ရမယ်လို့ သားမတောင်းဆိုသင့်ဘူး။

အားရက်တိုင်းမှာ သားငယ်က ကိုယ့်အတွက်နဲ့ အလုပ်များခဲ့တယ်။ “အချစ်” က သားဘဝဖြစ်ခဲ့တယ်။ ချစ်သူနဲ့ပြောခဲ့တဲ့ စကားတိုင်းကို သားစွဲမြဲမှတ်ထားပြီး တစ်ခါတလေမှာ အဲဒီစကားတွေနဲ့ အပူတွေကို သားရှာခဲ့တယ်။ သားစိတ်ထိခိုက်လို့ ပြောလိုက်တဲ့ စကားတွေက အမေ့ကိုလည်း စိတ်မချမ်းမြေ့စေဘူးဆိုတာ သားမေ့ခဲ့ပြီလား?

ကျောင်းပြေးပြီး ချစ်သူနဲ့ သားလျှောက်လည်တယ်။ ပြောမကုန်တဲ့ စကားတွေပြောတယ်။ ဒါပေမယ့် ဒီလိုအားရက်တိုလေးမှာ မေမေလည်း သားအဖော်ပြုတာကို လိုချင်တယ်ဆိုတာကို သားတစ်ခါမှ မတွေးခဲ့ဘူးနော်။ အင်တာနက်တက်မယ်၊ ချစ်သူနဲ့ဖုန်းပြောမယ်၊ သူငယ်ချင်းအိမ်သွားမယ်နဲ့ မေမေ့အတွက် သားရဲ့အချိန်တွေ ဘယ်လောက်ခွဲပေးခဲ့ပြီလဲ?

တစ်လကို ဖုန်းကြေးဘယ်လောက်ဆိုပြီး အမေကို မကျေမနပ်နဲ့ သားရွတ်ပြတတ်သေးတယ်။ အမေလည်း မကျေမနပ်ပြောရရင် အမေအတွက် သားဘယ်လောက် ကုန်ကျခဲ့ဖူးလဲ? ဖုန်းနဲ့ ရယ်ရွှင်စရာစာတိုလေးတွေပို့ပြီး ချစ်သူကို ပျော်ရွှင်အောင် သားလုပ်ခဲ့တယ်။ သားကိုလွမ်းနေမယ့် အမေအတွက် နှစ်သိမ့်တဲ့ စာတိုလေးတစ်ကြောင်း ရေးပို့ဖို့ သားသတိရခဲ့ရဲ့လား?

သားက ငယ်ငယ်လေးတည်းက အမေ့ကို အစောကြီး ထမင်းထချက်ခိုင်းပြီး၊ ဟင်းမကောင်းလို့ ထမင်းမစားဘဲ ငြင်းဆန်ခဲ့တဲ့ တစ်ကိုယ်ကောင်းဆန်သူပါ။ ကျောင်းဆင်းချိန် အမေကိုလာကြိုဖို့ပြောပြီး သူငယ်ချင်းတွေနဲ့ နေဝင်မိုးချုပ်ထိ လျှောက်လည်ခဲ့တယ်။ ညအမှောင် လမ်းကြိုလမ်းကြားမကျန် သားနာမည်ကို တကြော်ကြော်အော်ပြီး အမေလိုက်ရှာခဲ့တာကို သားသိလား?

ညအိပ်ရာမဝင်ခင် နွားနို့ပူပူလေးတစ်ခွက်ကို သားသောက်နေချိန်မှာ မေမေရဲ့အကြင်နာတွေကို သားသတိရရဲ့လား? နွားနို့ထည့်ပေးဖို့ မေမေမေ့သွားတဲ့ညက မေမေ့ကို သားစကားမပြောခဲ့ဘူးနော်။

စာမေးပွဲ မဖြေခင်မှာလည်း မေမေ့ကို မစာနာဘဲ ပြောသေးတယ်။

“ဒီတစ်ခေါက် သိပ်ဖြေနိုင်မှာ မဟုတ်ဘူး။ ကျွန်မအပေါ် မျှော်လင့်ချက် သိပ်မထားနဲ့” တဲ့။

ဒါပေမယ့် သားရယ်… သားအတွက် ဘယ်အရာမဆို အမေတာဝန်ယူရမယ်လို့ သားတောင်းဆိုခဲ့သလို သားကလည်း အမေကို အမှတ်ကောင်းလေးနဲ့ မတုန့်ပြန်သင့်ဘူးလား?

အချစ်မှာ နှစ်ဦးနှစ်ဖက် ညီမျှတဲ့ပေးဆပ်ခြင်းတွေ ရှိရမယ်လို့ ချစ်သူကို သားပြောခဲ့သလို တစ်သက်လုံး မခွဲမခွါတဲ့ မိသားစုမှာရော စိတ်တူညီမျှ ပေးဆပ်ခြင်းတွေ မရှိသင့်ဘူးလား သားငယ်.. ?

ချစ်သူအပေါ်ထားတဲ့ သားရဲ့ချစ်ခြင်းတွေ၊ ရူးသွပ်မှုတွေကို မေမေသဝန်တိုလို့ မဟုတ်ဘူးနော် သား။ ချစ်ခြင်းဆိုတာကလည်း ခံစားမှုအတွေ့အကြုံနဲ့ စိတ်အာဟာရတစ်မျိုးဆိုတာ မေမေသိတယ်။ မေမေမျှော်လင့်တာက ချစ်သူနဲ့သား အပြန်အလှန်ပေးဆပ်သလိုမျိုး ၂၂နှစ်ကြာ သားအပေါ် ပေးဆပ်ခဲ့တဲ့ အမေရဲ့သွေး၊ ချွေးတွေကိုလည်း သားသတိရစေချင်တယ်။ ချစ်သူကပေးတဲ့ ချစ်သက်တမ်းတစ်နှစ်ကို တစ်သက်လုံးနဲ့ လဲချင်ခဲ့တဲ့သား၊ သားအပေါ်မလျော့တဲ့အချစ်နဲ့ တစ်သက်လုံးချစ်ခဲ့တဲ့ အမေ့ကို သားရဲ့ တစ်နှစ်ဆိုတဲ့ ဂရုစိုက်ပြုစုမှုတွေ ပြန်မပေးသင့်ဘူးလားကွယ်? ခုတော့ သားဆီက ရလိုက်တဲ့ အရာတွေက မေမေပေးဆပ်ခဲ့တာနဲ့ မတန်ခဲ့ပေမယ့် မေမေကျေနပ်ခဲ့ပါတယ်။

မေမေ့မွေးနေ့မှာ သားဆီက ဘာလက်ဆောင်မှ မရခဲ့လည်း ဖုန်းဆက်ပြီး အဝေးက သားအသံကို အမေကြားပါရစေ။

မေမေစိတ်ပူပြီး ညညအိပ်မပျော်လည်း ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ့်အကြောင်း ဖုန်းဆက်ပြီး မေမေ့ကို အကြောင်းကြားပေးပါ။

စာထဲ သား စိတ်မဝင်စားခဲ့လည်း စာမေးပွဲကြေးသွင်းတဲ့အခါ မေမေ့ကိုတောင်းပန်စကား တစ်ခွန်းပြောဖို့ သတိရပေးပါ။

လုပ်အားခပိုက်ဆံတွေကို ချစ်သူအတွက် လက်ဆောင်ဝယ်ပေးခဲ့လည်း ပိုက်ဆံတစ်ပြားတစ်ချပ် ရှာရတာ အင်မတန်ပင်ပန်းကြောင်း အမေ့ကို စာတိုလေးတစ်ကြောင်း ပို့ဖို့မမေ့ပါနဲ့။

ဒီလိုပေးဆပ်မှုမျိုးက ဘယ်မိခင်မဆို လိုအပ်ပါတယ်။ စိတ်ထိခိုက် လှုပ်ရှားလွယ်တဲ့ မေမေကတော့ တစ်ခြားမိခင်တွေထက် ပိုခဲ့တယ်။ သားသားတိုင်းကို မိခင်ရဲ့ကောင်းကွက်တွေကို မှတ်ပြီး အမြဲတစေပေးဆပ်စေတာက ကြမ်းတမ်းတဲ့လုပ်ရပ်မှန်း မေမေသိတယ်။ သားအိမ်ထောင်ပြုပြီး သားသားရတဲ့အချိန် အဲဒီသားသားတွေရဲ့ အေးစက်စက် တုန့်ပြန်မှုနဲ့ လျစ်လျူရှူမှုကို ခံရတဲ့အချိန်၊ ချွေးထက်မက မျက်ရည်တွေကျမိချိန်မှ မေမေပြောတာတွေကို သားနားလည်လာမှာပါ သား။

မိခင်တွေလိုချင်တဲ့ သားသားတွေရဲ့ တုန့်ပြန်မှုဟာ သေးသိမ်လွန်းလှပါတယ်။ ဒီလိုနှိမ့်ချပြီး တောင်းဆိုတဲ့ မိခင်တစ်ဦးကို သားက စာအုပ်ထဲကမိခင်လောက် မမြင့်မြတ်ဘူး၊ တစ်ကိုယ်ကောင်းဆန်တယ်လို့ သားထင်ခဲ့တယ်။ ဒီလိုဆိုရင် သားငယ်.. ကိုယ်တိုင်ကရော ဘယ်လိုတွေ ပေးဆပ်တုန့်ပြန်ခဲ့သလဲကွယ်?

ကျန်းမာပျော်ရွှင်သော ဘ၀တစ်ခုကို တည်ဆောက်လိုသူများအနေနှင့် အိပ်ချိန်ပြည့်ပြည်၀၀ လိုအပ်ကြောင်း ပညာရှင်များက ဆိုသည်။ အိပ်ရေးမ၀သည့် အခြေအနေများသည် ကျန်းမာရေးအတွက် ဆိုးရွားသော အခြေအနေများ သက်ရောက်လာနိုင်ကြောင်း၊ မကြာခဏ အိပ်ရေးပျက်ခြင်းကြောင့် အာရုံကြော ထိခိုက်မှုများအပြင် အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများပါ တွေ့ကြုံရတတ်ပြီး လူ့သက်တမ်းကိုပါ ထိခိုက်လာစေနိုင်သည်ဟု သိရှိရသည်။ အမေရိကန်တွင် လူဦးရေ သန်း(၅၀)မှ သန်း(၇၀)ကြားအထိသည် အိပ်ရေးမ၀မှုကြောင့် ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အဆင်မပြေမှုများ ကြုံတွေ့နေရသည်ဟု ဆရာဝန်များကဆိုသည်။
သုတေသန ပြုလုပ်မှုများအရ အိပ်ရေးမ၀ခြင်းကြောင့် အဆိုးဘက်မှ ကြုံတွေ့ရသည့် အထင်ရှားဆုံး အခြေအနေ(၁၀)ခုမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ စစ်တမ်းများအရ တစ်ညတွင် (၇)နာရီ အောက်သာ အိပ်သောသူများ သည် ပို၍ဝလာနိုင်ကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကဆာလောင်စေသော ဟော်မုန်းများကို ပိုထွက်စေသောကြောင့် ဖြစ်သည်။

၂။ အိပ်နေစဉ်တွင်အသက်ရှူ ပုံမမှန် ကြသူများမှာ အဆီများသောအစားများကို ကြိုက်နှစ်သက်သူများဖြစ်ကြပြီး ယင်းတို့မှာ အများအားဖြင့် အမျိုးသမီးများဖြစ်ကြသည်။

၃။ အိပ်ချိန်နည်းပါးမှုသည် ဆီးချိုဖြစ်နှုန်းနှင့် တိုက်ရိုက်အချိုးကျကြောင်းသိ
ရသည်။

၎။ တစ်ညတွင် (၅)နာရီအောက်သာအိပ်သော အမျိုးသမီးများ၏ (၄၅)ရာခိုင်နှုန်း မှာနှလုံးရောဂါ ပိုမိုဖြစ်ပွားတတ်ကြောင်း သိရသည်။

၅။ အဝလွန်သူများ၊အိပ်နေစဉ် အသက်ရှူပိတ်တတ်သူများမှာ သွေးတိုးရောဂါဖြစ်ပွါးနှုန်း သာမန်ထက် မြင့်မားကြောင်း သိရသည်။

၆။ ယဉ်မတော်တဆမှုများ၏ (၂၀)ရာခိုင်နှုန်း မှာ အိပ်ငိုက်သော ယဉ်မောင်းသူများကြောင့် ဖြစ်ပါသည်။

၇။ အိပ်ရေးမဝသော သက်ကြီးရွယ်အိုများတွင် ရုတ်တရတ် လဲကျမှုနှုန်း (၂)ဆမှ (၄.၅)ဆအထိ မြင့်တက်ကြောင်း သိရသည်။

၈။ အိပ်ရေးမဝသော လူငယ်များတွင် စိတ်ကျရောဂါ ဖြစ်ပွါးမှုနှုန်း ပိုမိုကြောင်းသိရသည်။

၉။ အိပ်ရေးမဝသော ကလေးများတွင် ADHDဟုခေါ်သည့် အာရုံစူးစိုက်မှုမရှိ၊ ဂဏှာမငြိမ်ရောဂါ ပို၍ဖြစ်ပွားပါသည်။

၁၀။ တစ်ညတွင်(၅)နာရီအောက်သာ အိပ်သောသူများမှာ မည်သည့်အကြောင်းပြချက်မျှ မရှိဘဲနှင့် ယျေဘူယျအားဖြင့် အသက်တိုတတ်ကြောင်း သိရှိရသည်။

အထက်ပါ အကြောင်းပြချက်များကြောင့် လူအများအနေနှင့် အိပ်ရေးပျက်ခံ အလုပ်လုပ်ခြင်းမျိုးကဲ့သို့ အပြုအမူများကို ရှောင်ကြဉ်သင့်ပြီး ကျန်းမာရေးနှင့် သင့်လျော်မည့် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းမျိုး ပြုလုပ်သင့်ပါကြောင်း ဆရာဝန်များက အတိအလင်း နှိုးဆော်ထားကြောင်း သိရသည်။


Gtalk အသုံးပြုတဲ့သူတွေအတွက်တော့ တော်တော်ကောင်းတယ်ဗျ။
မသိတာမှန်သမျှ အလိုအလျောက် ဖြေကြားပေးမယ့် ဝန်ဆောင်မှုတစ်ခုပါ။ webtoim လို့ခေါ်ပါတယ်။

webtoim@gmail.com ကို add ပြီး
ကိုယ်မသိတာတွေအားလုံးကို မေးလို့ရပါတယ်။

နောက်ပြီး ဘယ်နှစ်နာရီရှိပြီလဲ ဆိုတာတွေကို မေးရင်လဲ အဖြေက မှန်ပါတယ်။ဥဗမာ-

What is the time in Myanmar now?
June 21st 2009, 21:09:50 MMT

What is the time in ENgland now?
June 21st 2009, 15:56:00 BST

နောက်ပြီး နာမည်မကြီးတဲ့ ဘောလုံးသမားကအစ အမှန်မတိုင်းဖြေပေးပါတယ်။

Clive: Who is Sidwell?

webtoim: Steve Sidwell (born 1982), the English football player

စာလုံးပေါင်းမှန်ဖို့လိုပါတယ်။ကျော်ကြားသူတွေရဲ့မွေးနေ့ကိုလဲမေးနိုင်ပါတယ်။
ဥဗမာ- michael jackson လို့သာရိုက်လိုက်ပါ။

webtoim: Michael Jackson (born 1958), the American singer


ဘယ်မေးခွန်းကို မဆို ဖြေကြားပေးနိုင်ပေမဲ့ နောက်ဆုံးအချက်အလတ်တွေကို မဖြေကြားပေနိုင်ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းအတွက် အသုံးဝင်နိုင်လို့ တင်ပေးလိုက်ပါတယ်။

မှတ်ချက်။ ။သူငယ်ချင်းတစ်ယောက်ပို့ လာတဲ့ မေးလ်းကိုအားလုံးအကျိုးရှိအောင်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
Computer ကို Virus မ၀င်အောင် ကာကွယ်နည်း (၅) မျိုး
>
>
> Computer ကို Virus မ၀င်အောင် ကာကွယ်နည်း (၅) မျိုး...................
>
> ၁။ မည်သည့် external device ကိုမှမတပ်ဆင်ပါနဲ့(CD-DVD များအပါအ၀င်)
>
> ၂။ internet မသုံးပါနဲ့၊ သုံးရင်လည်း မည်သည့် web site ကိုမှဖွင့် မကြည့်ပါနဲ့၊
> ၃။ Computer ကို မဖွင့်ပါနဲ့(မီးပလပ် မထိုးပါနဲ့)၊
>
> ၄။ Computer ကို အစကတည်းက မ၀ယ်ပါနဲ့၊
>
> ၅။ Computer ဆိုင်ရှေ့ကို ဖြတ် မလျှောက်ပါနဲ့
မှတ်ထားနော်

website လေးကတော့ www.imagechef.com click နှိပ်ပြီးသွားနိုင်ပါတယ်နော်.....
တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်များ

မြန်မာတေးသီချင်းများထုတ်လွှင့်မှု၊ အနောက်တိုင်းတေးများ ထုတ်လွှင့်မှု၊
တရားတော်များထုတ်လွှင့်မှု၊ ဟာသအစီအစဉ်များ နှင့် အခြားသော
အစီအစဉ်များထုတ်လွှင့်ပေးခြင်း
တေးသီချင်းများနားဆင်ရန်

မိမိကြိုက်နှစ်သက်ရာ ရေဒီယိုကို နားဆင်လို့ရပါတယ်။

အိပ်မက်လှိုင်းရေဒီယို အတွက်

မိမိကွန်ပျူတာရှိ Window Media Player တွင် File Menu> Open URL ဆိုတဲ့နေရာမှာ
http://energy08.egihosting.com/22109/ (သို့မဟုတ်)
mms://energy08.egihosting.com/22109/
ထည့်ပြီး နားဆင်နိုင်ပါတယ်။
website link လေးကတော့ http://www.eainmathlaing.com/ ပါ။

အဖြူရောင်သံစဉ်ရေဒီယို အတွက်

Window Media Player တွင် File Menu> Open URL ဆိုတဲ့နေရာမှာ
http://89.238.146.148/APYTZ ထည့်ပြီး နားဆင်နိုင်ပါတယ်။
website link လေးကတော့ http://www.apytz.net/ ပါ။
တိုက်ရိုက်ကလစ်နှိပ်ပြီးလည်း နားထောင်လို့ရပါတယ်။

MYMC (Myanmar Youth Media Club) ရေဒီယိုအတွက်

Window Media Player တွင် File Menu> Open URL ဆိုတဲ့နေရာမှာ
http://216.32.71.182/MYMC (သို့မဟုတ်) http://www.mymclub.net/radio
ဆိုပြီး နားဆင်နိုင်ပါတယ်။
website link လေးကတော့ http://www.mymclub.net/main/ ပါ။

တေးသီချင်းများတိုက်ရိုက်တောင်းဆိုရန်

သူတို့က Song Radio ကိုလွှင့်ထားပါတယ် ဒီအတွက် သီချင်းကို server ထဲမှာ
ထည့်ပေးလိုက်တာနဲ့ နားထောင်လို့ရပါတယ်။

သီချင်းများတောင်းဆိုရာတွင် ဆိုသူအမည် ၊ သီချင်းအမည် နှင့် Album Name ၊
From ........ To..........(မိမိမှ တစုံတယောက်သို့ဆိုပြီး) ဂျီတော့ထဲကနေ
ဖော်ပြပြီး တောင်းဆိုနိုင်ပါတယ်။ မိမိနှစ်သက်ရာ သီချင်းများမရှိပါက
G-talk နှင့်ဖြစ်စေ G-Mail နှင့်ဖြစ်စေ
ပို့ပြီး ထုတ်လွှင့်နားဆင်လို့လည်းရပါသေးတယ်။

အသုံးပြုပုံကတော့ G-talk မှာ ကိုယ့်သူငယ်ချင်းနာမည်တွေကို Add သလိုပါပဲ။

(အိပ်မက်လှိုင်းရေဒီယို အတွက်) requestsongs@ourdream4all.co.cc
(အဖြူရောင်သံစဉ်ရေဒီယို အတွက်) apytz.dj@apytz.net
MYMC(Myanmar Youth Media Club) ရေဒီယိုအတွက် mymcradio@mymclub.net

မိမိကြိုက်နှစ်သက်ရာ account name လေးကို invite လုပ်လိုက်ရုံပါပဲ။
သူတို့ဘက်က ချက်ချင်းကြီး accept လုပ်မလာသေးဘူးဆိုရင် နည်းနည်းတော့
သည်းခံစောင့်ပေးလိုက်ပါ။

ကဲ.....
အပျင်းပြေ G-talk ကနေ မိမိကြိုက်ရာသီချင်းတွေကို
မိမိနားထောင်ဖို့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေ၊
သက်ဆိုင်သူတွေနားထောင်နိုင်ဖို့ပဲဖြစ်ဖြစ် စိတ်ကြိုက်တောင်းယူ
နားဆင်နိုင်ပြီနော်။
အချစ်ကိုတပ်ဆင်ခြင်း


အင်ဂျင်နီယာ-----"ဘာများ ၀န်ဆောင်ပေးရမလဲ ခင်ဗျာ။"

ဧည့်သည်--------"နှလုံးသားမှာ အချစ်ကို တပ်ဆင်မလို့ ဆုံးဖြတ်ထားပါတယ်။ ဘယ်လို တပ်ဆင်ရမလဲဆိုတာကို တဆင့်ခြင်း ပြောပြလို့ရမလား။

အင်ဂျင်နီယာ-----"ရပါတယ်. . .တပ်ဆင်ဖို့အဆင့်သင့်ဖြစ်ပြီလား။"

ဧည့်သည်---------"ဟုတ်ကဲ့။ အဆင်သင့်ဖြစ်ပါပြီ.ဒါပေမဲ့ နည်းပညာတွေကို သိပ်နားမလည်လို့ ပထမဦးဆုံး ဘာလုပ်ရမလဲ ဆိုတာကို ပြောပြပါလား။"

အင်ဂျင်နီယာ----"ပထမအဆင့် အနေနဲ့ ရင်ဘတ်ကို ဖွင့်လိုက်ပါ။ နှလုံးသားကို ရှာတွေ့ပြီလား။"

ဧည့်သည်------"တွေ့ပါပြီ။ဒါပေမဲ့ တချို့ပရိုဂရမ်တွေ အလုပ်လုပ်နေတာ တွေ့ရတယ်။ သူတို့ အလုပ်လုပ်နေတဲ့ အချိန် အချစ်ကို တပ်ဆင်ရမှာ အခက်အခဲ ရှိနိုင်လား။"

အင်ဂျင်နီယာ----"ဘာပရိုဂရမ်တွေ အလုပ်လုပ်နေသလဲ။"

ဧည့်သည်--------"အင်း... ဒဏ်ရာဟောင်း၊ တစ်ကိုယ်ကောင်းဆန်စိတ်၊ မနာလို ၀န်တိုစိတ်၊ နာကျည်းစိတ်တွေက အလုပ်လုပ်နေပါတယ်။

အင်ဂျင်နီယာ-----"ကိစ္စမရှိပါဘူး. . .အချစ်ကိုတပ်ဆင် လိုက်တာနဲ့ အချစ် ဒဏ်ရာဟောင်းကို စစ်စတန်(system) ကနေ ဖျက်လိုက်မှာပါ။ အဲဒီ ဒဏ်ရာဟောင်းက မှတ်ဥာဏ် (memory)ထဲမှာ ကျန်ချင်ကျန်ခဲ့လိုက်မယ်။ ဒါပေမဲ့ တခြား ပရိုဂရမ်တွေကိုတော့ အနှောင့်အယှက် မဖြစ်စေပါဘူး။ အချစ်မှာ ရှိတဲ့ ကိုယ်ချင်းစာစိတ်က တကိုယ်ကောင်းဆန်စိတ်ကို ဖုံးသွားလိမ့်မယ်။ မနာလိုစိတ်နဲ့ နာကျည်းစိတ်တွေကို အရင်ပိတ်ပစ်ရဦးမယ်။ နို့မဟုတ်ရင် အချစ်ကို တပ်ဆင်ရာမှာ အခက်အခဲ ရှိလိမ့်မယ်။ သူတို့ကို ပိတ်ပစ်နိုင်မလား "

ဧည့်သည်-------"သူတို့ကို ဘယ်လိုပိတ်ရမလဲ? ပြောပြနိုင်မလား"

အင်ဂျင်နီယာ----"ရပါတယ်... ခွင့်လွတ်စိတ်ကို ရွေးပြီး ရမ်း(run)လိုက်ပါ။ မနာလို ၀န်တိုစိတ်နဲ့ နာကျည်းစိတ်တွေ လုံးဝပျောက်သွားတဲ့အထိ ထပ်သလဲလဲရမ်းပေးပါ"

ဧည့်သည်--------"ကောင်းပြီလေ...အချစ်ကို တပ်ဆင်လို့ ပြီးပါပြီ။ ဒါပုံမှန် ဟုတ်ပါသလား"

အင်ဂျင်နီယာ-----"ဟုတ်ပါတယ်…ဒါပေမဲ့ ဒါဟာ အခြေခံအဆင့်ပဲ ရှိသေးတယ်။ အချစ်ကို တခြားနှလုံးသား တခုနဲ့ ဆက်သွယ်ပေးလိုက်မှ သူဟာ အဆင့် ထပ်တိုးသွားနိုင်တယ်။"

ဧည့်သည်--------"ဟာ မှားယွင်းနေကြောင်း အသိပေးချက် ပေါ်လာပါလား? အချစ်ပရိုဂရမ်ဟာ အခြားတစ်ခုမှာ အလုပ် မလုပ်နိုင်ဘူးတဲ့။ ဘယ်လိုလုပ်ရမလဲ?"

အင်ဂျင်နီယာ-----"စိတ်မပူပါနဲ့...အချစ်ဆိုတဲ့ အရာဟာ အတွင်းစိတ်ကနေပဲ အလုပ်စလုပ်တယ်လို့ ပြောတာပါ။ လွယ်လွယ် ပြောရရင် အချစ်ကို တခြားနှလုံးသားတစ်ခုနဲ့ မဆက်သွယ်ခင် ကိုယ့်ကိုယ်အရင် ချစ်ဖို့ပါပဲ"

ဧည့်သည်-------"ဒါဆို ဘယ်လိုလုပ်ရမလဲ။"

အင်ဂျင်နီယာ----"ကိုယ့်ကို လက်ခံတဲ့ ဖိုင်ကို ရွေးလိုက်ပါ။ ဒီဖိုင်ထဲက "ကိုယ့်ကို ခွင့်လွတ်မူ" "ကိုယ့်တန်ဖိုးကို ကိုယ်နားလည်မူ" နဲ့ "ကိုယ်လိုချင်တဲ့ ကန့်သတ်မူ" ဆိုတဲ့ ဖိုင်တွေကို ကော်ပီလုပ်ပြီး ရင်ဘတ်ထဲကို ထည့်လိုက်ပါ။ တူနေတဲ့ ဖိုင်တွေကို ဖုံးသွားမှာပါ။ ဝေဖန်တတ်တဲ့ စိတ်ကိုလည်း ဖျက်ပစ်လိုက်ပါ။ နောက်ပြီး(recycle bin)ထဲက ရှိသမျှအားလုံးကိုလည်း ဖျက်လိုက်ပါ"

ဧည့်သည်-----"အင်း..ကောင်းပါပြီ။ နှလုံးသားမှာ ဖိုင်အသစ်လေးတွေ ထွက်လာတာ မြင်နေရပြီ...စခရင် မျက်နှာပေါ်မှာ အပြုံးလေးတွေ တွေ့နေရပြီ။ "တည်ငြိမ်ခြင်း" နဲ့ "စစ်မှန်ခြင်း"က နှလုံးသားမှာ အပြည့် ကော်ပီကူးထားတယ်။ ဒါဟာ ပုံမှန် ဟုတ်ပါသလား"

အင်ဂျင်နီယာ-----"ပုံမှန်ပါပဲ...တခါတလေ ဒီိလိုပဲ အဆင်ပြေသွားတတ်တယ်။ တခါတလေတော့လည်း စောင့်ရတတ်တယ်။ အခုဆိုရင် အချစ်ကိုတပ်ဆင်လို့ ပြီးသွားပြီ။ စတင် အလုပ်လုပ်နေပြီ။

လောကမှာ ဘယ်သူမှ တစ်ဦးတစ်ယောက်တည်း ထီးထီးနေလို့ မရခဲ့ဘူး။ လူတိုင်း အစုအစည်း၊ အဖွဲ့နဲ့ ရှင်သန်နေကြတယ်။

လူ့လောကမှာ လူတိုင်းက စပျစ်နွယ်ရဲ့အခက်တစ်ခက်နဲ့ တူတယ်။ ရှင်သန်ဖို့ ပင်စည်ကို မှီခိုဖက်တွယ်ထားကြတယ်။ ပင်စည်ကခွါတာနဲ့ စပျစ်ခက် ညှိုးနွမ်းခြောက်သွေ့ရတယ်။ တစ်ချို့စပျစ်သီးတွေ ချိုမြိန်ရတာကလည်း ပင်စည်ကို ဖက်တွယ်ထားလို့ဖြစ်တယ်။ အခက်ကိုချည်း မှီခိုလို့မရပါဘူး။ တကယ်လို့ ပင်စည်ကိုခုတ်ဖြတ်လိုက်ရင် အခက်ပေါ်က စပျစ်သီးလည်း ညှိုးနွမ်းသွားရတယ်။

လူနေမှုအဖွဲ့အစည်းထဲ ပါဝင်ခြင်းဖြင့် လူတစ်ယောက်ရဲ့ အင်အားကိုတိုးစေတယ်။ လူတွေနဲ့ပေါင်းသင်းတဲ့ ဧရိယာကျယ်ဝန်းလေ အသိပိုတိုးလေ၊ တွေးတောကြံစည်မှု ပိုကောင်းလေဖြစ်တယ်။ တကယ်လို့ လူတွေနဲ့ အဆက်အဆံမလုပ်ဘဲ တစ်ယောက်တည်းနေခဲ့ရင် ကိုယ့်မှာရှိသမျှအင်အားတွေ လျော့နည်းသွား တတ်တယ်။ ဒါကြောင့် တစ်ပါးသူဆီကနေ ကောင်းတဲ့အကျင့်၊ ကောင်းတဲ့စရိုက်တွေသင်ယူမယ်၊ အဖွဲ့အစည်း၊ လှုပ်ရှားမှုတစ်ချို့မှာ ပါဝင်ခြင်းဖြင့် စိတ်အဟာရတွေကို ဖြည့်ဆည်းနိုင်ပါတယ်။

ကိုယ့်ထက် အသိဥာဏ်ကြွယ်ဝသူနဲ့ ပေါင်းသင်းခြင်းဖြင့် ကိုယ့်အသိဥာဏ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။

နာမည်ကြီးဟောပြောဆရာတွေရဲ့ ဟောပြောမှုတွေ ထူးကဲကျွမ်းကျင်ရခြင်းက ပရိသတ်တွေရဲ့ နားလည်မှုကြောင့်ဖြစ်တယ်။ ပရိသတ်တွေရဲ့ သြဘာ၊ ညာသံတွေက ဟောပြောသူကို အင်အားဖြစ် အားတက်စေတယ်။ တကယ်လို့ ပရိသတ်မရှိတဲ့ ဒါမှမဟုတ် ပရိသတ် ၃, ၄ ဦးသာရှိတဲ့ ဟောပြောပွဲမှာ ဟောပြောသူဘယ်လိုမှ အင်အားထုတ် မဟောနိုင်ပါဘူး။

တစ်ခြားလူနဲ့ အမြဲပူးတွဲဆောင်ရွက်ခြင်းဖြင့် ကိုယ်ရဲ့အင်အားသစ်ကို သတိပြုမိနိုင်တယ်။ တကယ်လို့ မပူးတွဲခဲ့ရင် ကိုယ့်ရဲ့တိမ်ငြုပ်နေတဲ့ အင်အားတွေ ဘယ်လိုမှထုတ်ဖော် ပြသနိုင်မှာမဟုတ်ဘူး။

ဘယ်သူပဲဖြစ်ဖြစ် ဂရုတစိုက် နားထောင်တတ်ခဲ့ရင် အပေါင်းအဖော်ရဲ့ ရင်တွင်းလျှို့ဝှက်ချက်တွေကို သိနိုင်ပါတယ်။ အဲဒီအချက်တွေက တစ်ခါမှကိုယ်မသိ၊ မကြုံခဲ့ဖူးတာလည်း ဖြစ်နိုင်တယ်။ ဒါတွေကို အတွေ့အကြုံအဖြစ် ယူတတ်ခဲ့ရင် ကိုယ့်အတွက် အကျိုးရှိနိုင်ပါတယ်။ ဘယ်သူကမှ ထီးထီးနေတဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ အင်အားထုတ်ပြနိုင်မှာ မဟုတ်ဘူး။ တစ်ပါးသူတွေကမှ ကိုယ့်အင်အားတွေ ထုတ်ပြနိုင်ဖို့ ဖေးမသူတွေဖြစ်ခဲ့တယ်။

ကိုယ့်အောင်မြင်မှု တစ်ပိုင်းတစ်စက သူတစ်ပါးရဲ့ အကျိုးကြောင့်ဖြစ်တယ်။ သူတို့ကကိုယ့်ကို ကာလိုက်ကာ နောက်ကွယ်ကနေပြီး မသိမသာ မျှော်လင့်ချက်တွေပေးတယ်၊ အမြဲအားပေး၊ ကူညီတယ်။ စိတ်ဓာတ်အင်အား၊ နှစ်သိမ့်မှုတွေ အမြဲပေးတယ်။ ဒါတွေကို လူနည်းစုတွေကပဲ ခံစားနားလည်တတ်ခဲ့တယ်။

လူတစ်ယောက်ရဲ့ အသိဥာဏ်၊ ဘဝကြီးပြင်းဖို့က ကိုယ့်ခန္ဓာကိုယ်ဆီက အဟာရတွေ စုတ်ယူရုံတင်မက ပြင်ပအဖက်ဖက်က အဟာရတွေပါ စုတ်ယူဖို့လိုတယ်။ တစ်ချို့အဟာရတွေကို ကိုယ်တို့ သတိမမှုမိတတ်ကြဘူး။ ဥပမာ- နားနဲ့မျက်စိက ပြင်ပကအသံနဲ့ အလင်းကို လက်ခံရရှိစေတယ်။

ကျောင်းပညာရေးတစ်ချို့ရဲ့တန်ဖိုးက ကျောင်းသားနဲ့ဆရာကြား အပြန်အလှန် နှီးနှောသင်ယူခြင်းကနေ ရလာခဲ့တယ်။ ဒီလိုသင်ယူဖလှယ်မှုတွေက ကျောင်းသားတွေရဲ့ တွေးတောမှုကို ပိုထက်မြက်စေတယ်။ အာသီသတွေ ရုန်းထစေတယ်။ အင်အားတွေ ပိုဖြစ်ထွန်းစေတယ်။ အဓိကက ဒီလိုသင်ယူဖလှယ်မှုက သူတို့ရဲ့ အနာဂတ်ကို မျှော်လင့်ချက်အသစ်၊ စဉ်းစားတွေးခေါ်မှုအသစ်တွေ ဖြစ်ပေါ်စေတယ်။ စာအုပ်ထဲက အသိဥာဏ်တွေကလည်း တန်ဖိုးရှိတယ်ဆိုပေမယ့် ကျောင်းသားအချင်းချင်း၊ ကျောင်းသားနဲ့ဆရာကြားက ဆက်ဆံမှုတွေကလည်း သူတို့ကို အသိဥာဏ်တိုးစေပါတယ်။

လူတစ်ယောက်မှာ ဘယ်လောက်ပဲ အသိဥာဏ်ကြွယ်နေပါစေ၊ ဘယ်လောက်ပဲ အောင်မြင်နေပါစေ လူတွေနဲ့ မပေါင်းသင်း၊ မဆက်ဆံဘူး၊ တစ်ခြားလူအပေါ် ကိုယ်ချင်းစာတရားမထားဘူး၊ တစ်ခြားလူရဲ့ အခက်အခဲကို လျစ်လျူရှုမယ်၊ မကူညီတတ်ဘူး၊ နောက်ပြီး တစ်ခြားလူနာကျင်ဝမ်းနည်း၊ ပျော်ရွှင်တာကို မမျှဝေ ခံစားပေးဘူးဆိုရင် သူ့ဘဝက အထီးကျန်သွားလိမ့်မယ်၊ ဘဝမှာ အသက်ရှင်ရတာ အဓိပ္ပါယ်မဲ့သွားလိမ့်မယ်။

ကိုယ့်ထက်အသိဥာဏ်ကြွယ်သူ၊ အတွေ့အကြုံပေါများသူနဲ့ ပေါင်းသင်းဆက်ဆံခြင်းဖြင့် ကိုယ့်ရဲ့လူနေမှု၊ ကိုယ့်ကျင့်တရား၊ အသိဥာဏ်တွေကို တိုးတက်စေတယ်။ ဆင်ခြင်တွေးခေါ်မှုတွေ ပိုနက်နဲစေတယ်။ ဒါတွေဟာ ကိုယ်ရဲ့နေ့စဉ် နေထိုင်မှု၊ အလုပ်အကိုင်တွေအတွက် အထောက်အကူဖြစ်စေပါတယ်။ စိတ်ဓာတ်ယုတ်ညံ့သူနဲ့ ပေါင်းသင်းခြင်းဖြင့် ကိုယ့်အသိဥာဏ်၊ ကိုယ့်လုပ်ရည်ကိုင်ရည်ကို ယုတ်ညံ့သွားစေနိုင်သလို အတွေးအခေါ်တွေလည်း ထိုးဆင်းသွားတတ်ပါတယ်။

စိတ်၊ စိတ်ချင်းဖြစ်ပေါ်လာတဲ့ အင်အားကို ဘယ်အရမှအံတုလို့ မရနိုင်ပါဘူး။ ဒီအင်အားက စိတ်ဓာတ်တက်ကြွမှု၊ ဆန်းသစ်ထီထွင်မှုနဲ့ ဖျက်ဆီးမှုတွေမှာ များစွာအထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် အပေါင်းအဖော်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပြောဆိုပေါင်းသင်းဆက်ဆံပြီး၊ ကိုယ့်ထက်အသိပညာ၊ အတွေ့အကြုံရှိသူတွေကို ချည်းကပ်ခြင်းဖြင့် ကိုယ့်အသိဥာဏ်၊ ကိုယ့်တန်ဖိုးကို မြှင့်တင်နိုင်ပါတယ်။

မူရင်း .. google search or
交友的巨大效益

နိုင်းနိုင်းစနေ ဘာသာပြန်သည်။
ယခုကိစ္စသည် သူမဘ၀အတွက် ပထမဆုံးကိစ္စပင်ဖြစ်ပါသည်။ သူမသည် ကျောခင်းကာလှဲအိပ်ရင်း ကြွက်သားများကိုတောင့်ထားမိေ
လသည်။ သူ့ကိုငြင်းဆန်ရန် အကြောင်းပြချက်မျိုးစုံကို
စဉ်းစားရင်း တတ်နိုင်သလောက်အေချိန်ဆွဲနေမိသည်။ သို့သော် သူကတော့ လုံးဝလက်လျော့ဟန်မပြပဲ သူမအနားသို့ တိုးကပ်လာလေသည်။ ကြောက်နေသလားဟု မေးသောအခါတွင် သူမကရဲဝံ့စွာခေါင်းခါပြမိသည်။

သူသည် ယခုလိုကိစ္စများတွင် အတွေ့အကြုံရင့်ကျက်သောသူတယောက်ဖြစ်ပါသည်။ သူ၏လက်ချောင်းများသည် နေရာမှန်ကို ရှာဖွေတွေ့ရှိသွားကြသည်။ အထဲထိ နိုက်စမ်းလိုက်သောအခါ သူမ နာကျင်မှုဖြင့်တကိုယ်လုံးတုန်ခါသွားပြီး အကြောအခြင်များတောင့်တင်းသွားသည်။ သူသည် ပြောထားသလိုပင် ညင်ညင်သာသာပြုလုပ်ကြောင်းသူမသိပါသည်။
သူက သူမမျက်ဝန်းကိုစိုက်ကြည့်ရင်း စိတ်မပူရန်၊ သူ့အနေနှင့် အတွေ့အကြုံအများကြီးရှိကြောင်းထပ်ပြောပြန်သည်။ သူပြုံးပြသောအခါ သူမစိတ်ကိုလျော့ချလိုက်ပြီး သူအတွက်လွယ်ကူစေရန် တတ်နိုင်သမျှကျယ်ကျယ်ဟပေးထားလိုက်သည်။

သူ့ကိုမြန်မြန်ကိစ္စပြီးအောင် ပြုလုပ်ရန် အကြိမ်ကြိမ်တောင်းပန်မိလေသည်။ သို့သော် သူကတော့ ဖြည်းဖြည်းမှန်မှန်သာ ဆက်လုပ်ပါသည်။ နောက်တကြိမ်တွင် အသားမျှင်များစုတ်ပြတ်ပြီး တကိုယ်လုံးနာကျင်မှုကိုခံစားလိုက်ရသည်။ သွေးအနည်းငယ်ထွက်လာသည် ကိုလည်း သူမသိရှိလိုက်သည်။ အရမ်းနာသလားဟု သူကထပ်မေးနေပြန်သည်။

မျက်ရည်များပြည့်လျှံနေသော်လည်း မနာသယောင်ခေါင်းခါက ဆက်လုပ်ရန် ခေါင်းညိမ့်ပြလိုက်မိသည်။ သူက ကျွမ်းကျင်စွာ ဆက်လုပ်နေသော်လည်း သူဘာလုပ်နေမှန်းမသိအောင်
သူမစိတ်လှုပ်ရှားကာထုံပေပေဖြစ်နေမိသည်။

အတန်ကြာသော် သူမမှအရည်အချို့တာကျိုးသလိုပေါက်ထွက်သွားသည်ကို ခံစားရပြီး သူသည် အရာတစ်ခုကိုအောင်မြင်စွာ အပြင်သို့ထုတ်လိုက်လေသည်။ သူမ သက်ပြင်းမောများ
ရှိုက်ထုတ်နေရင်း ကိစ္စအောင်မြင်ပြီးမြောက်သွားသည်ကို ၀မ်းသာပျော်ရွှင်နေမိသည်။

သူကနွေးနွေးထွေးထွေး ပြုံးပြရင်း တော်တော် ကိုင်ရတွယ်ရခက်တဲ့ ခလေးမဟု ရေရွတ်လေသည်။သူမကလည်းမချိပြုံးလေးပြုံးပြလိုက်ပါသည်။

ထို့နောက် ကျေးဇူးတင်စကားကို သွားဆရာဝန်အားဆိုလိုက်လေသည်။ အထက်ပါအဖြစ်အပျက်မှာ
သူမ၏ ပထမဆုံးသွားနှုတ်သည့်နေ့က အတွေ့အကြုံပင်ဖြစ်လေသည်။
Let her stay the nearest of your heart a minute a day



တစ်နေ့တစ်မိနစ် ပွေ့ဖက်ပါ

မင်္ဂလာဆောင်ပြီးစ သူတို့ဇနီးမောင်နှံရဲ့ဘဝက လူတိုင်းအားကျဖို့ ကောင်းအောင်
ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ သားတစ်ယောက် မွေးခဲ့ပေမယ့်
တစ်သားမွေး တစ်သွေးလှဆိုသလို သူမ လှပနေခဲ့တယ်။ ခန္ဓာကိုယ် အချိုးအစားကို
အပျိုလေးတစ်ယောက်လို့ သူမ ထိန်းသိမ်းထားနိုင်ခဲ့တယ်။ လင်ယောက်ျားနဲ့
တွဲသွားသည့်တိုင် ပုရိသတို့ရဲ့ အကြည့်စက်ကွင်းမှာ သူမ မလွတ်ခဲ့ဘူး။
အိမ်သူသက်ထားရဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အလှကြောင့်
အပေါင်းအသင်းတွေကြားမှာ သူ လက်မထောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် လင်နဲ့မယား၊ လျှာနဲ့သွား ဆိုသလို အိမ်ထောင်သက် ရင့်လာတာနဲ့အမျှ
သူတို့မှာ ကတောက်ကဆတ်တွေ ရှိလာခဲ့တယ်။ နေ့လယ်အလုပ်မှာ သူ ပင်ပန်းခဲ့တယ်။
ညမှာ သူမ ကလေးပြုစု စောင့်ရှောက်ရတယ်။ သူတို့ဇနီးမောင်နှံ နှစ်ယောက်ကြားက
ကြင်နာယုယမှုတွေ တစ်နေ့ထက်တစ်နေ့ လျှော့နည်းလာခဲ့တယ်။ သူတို့ရဲ့ ဆက်ဆံမှုက
တစ်ခါတလေမှာ ရေခဲမှတ်ထိတောင် အေးစက်သွားခဲ့တယ်။

တစ်နေ့ သူ့ကို သူမ တစ်ခုတောင်းဆိုခဲ့တယ်။

"ကျွန်မတလေးတစားနဲ့ တစ်ခုလောက် တောင်းဆိုချင်ပါတယ်"

"ဘာတောင်းဆိုမှာလဲ" သူ စိတ်မရှည်စွာ မေးတယ်။

"ကျွန်မကို တစ်နေ့တစ်မိနစ်လောက် ပွေ့ဖက်ပါ"

"လိုအပ်လို့လား?" သူမကို သူတစ်ချက်ကြည့်ပြီး ခနဲ့တဲ့တဲ့မေးတယ်။

"လိုအပ်လို့ ကျွန်မတောင်းဆိုတာပါ။ ရှင်က ကျွန်မကို မယုံသင်္ကာနဲ့
ပြန်မေးတဲ့အတွက် ပိုလို့ လိုအပ်ပါတယ်"

"အကြင်နာတွေကို ရင်ထဲမှာပဲ ထားတယ်.. ထုတ်ဖော် ပြောပြစရာမလိုပါဘူး"

"တကယ်လို့ အရင်တုန်းက ချစ်တာကို ရှင်ထုတ်ဖော် မပြောခဲ့ရင် ကျွန်မတို့
ယူဖြစ်ကြမယ် မထင်ဘူး"

"အရင်ကအရင်လေ အခုဆိုရင် ပိုတည်ငြိမ်သွားပြီ မဟုတ်လား?"

"ထုတ်မပြောတိုင်း ပိုတည်ငြိမ်သွားမှာ မဟုတ်သလို ထုတ်ပြောတိုင်း
ဟန်ဆောင်တာတွေ မဖြစ်နိုင်ဘူး"

နှစ်ယောက်သား သူတစ်ခွန်း ငါတစ်ခွန်းနဲ့ စကားများကြတော့တယ်။ နောက်ဆုံးတော့
စစ်အေးမီးငြိမ်းအောင် သူပဲ အရင် အလျှော့ပေးလိုက်ပါတယ်။ အနားနားသွားပြီး
သူမကို တစ်မိနစ်ကြာ သူဖက်ထားလိုက်တယ်။

"အဓိပ္ပါယ်မဲ့တဲ့ မိန်းမပဲ" သူမကို ပွေ့ဖက်ပြီး သူရယ်ကျဲကျဲ ပြောတယ်။

"အချစ်နဲ့ ပတ်သက်လာရင် မိန်းကလေးတွေက အဓိပ္ပါယ်မဲ့တတ်ကြတာပဲ"

အဲဒီနောက် နေ့တိုင်း သူမကို တစ်မိနစ်ပွေ့ဖက်ဖို့ သူအချိန်ပေးခဲ့ရတယ်။

နေ့တိုင်း တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ချိန်မှာ သူတို့ ဘာမှမပြောဘဲ
နုတ်ဆိတ်နေခဲ့ကြပေမယ့် သူတို့ရဲ့ဆက်ဆံရေးက တဖြေးဖြေး သဟဇာတ ဖြစ်လာခဲ့တယ်။
ဒီလိုနုတ်ဆိတ်ခြင်းက မပွေ့ဖက်ခင် နုတ်ဆိတ်ခြင်းနဲ့ စိတ်ခံစားချက်ရော၊
အဓိပ္ပါယ်ပါ ကွဲပြားခဲ့ပါတယ်။

ဒီလိုနဲ့တစ်နေ့မှာ သူမ ခရီးဝေးသွားဖို့ ကြုံလာခဲ့တယ်။ ရထားမထွက်ခင် သူ့ကို သူမက...

"ကျွန်မကို ပွေ့ရမယ့် တာဝန်တစ်ခု ခဏလောက်တော့ ရှင်ကင်းလွတ်သွားတာပေါ့နော်"

"ဟင့်အင်း.. ငါ မင်းကို ဖက်ချင်နေမှာ" သူရယ်ရင်းပြောတယ်။

တကယ်ပဲ နောက်တစ်ရက်မှာ သူ့ဆီကဖုန်းကို သူမ လက်ခံရခဲ့တယ်။ ဖုန်းပြောရင်း
သူမရဲ့ မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျှံနေခဲ့တယ်။

တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာခဲ့သူနှစ်ဦးရဲ့ ဒေါသတွေ အချင်းချင်း
ပွတ်တိုက်မိကြပြီးဆိုရင် အိမ်ထောင်ရေးက တောသူမတစ်ယောက်လို ဆွဲဆောင်မှု
နည်းသွားတတ်တယ်။

လူတွေက အိမ်ထောင်သက် ရှည်လာတာနဲ့အမျှ အကြင်နာ၊ အယုယတွေ
လျှော့နည်းလာတတ်သလို၊ တစ်ယောက်အပေါ်တစ်ယောက် ယုယမှုတွေ မလိုတော့ဘူးလို့လည်း
ထင်မြင်လာတတ်ကြတယ်။ မယူခင် နှစ်ရှည်လကြာ အရူးအမူး ချစ်ကြိုက်ခဲ့တဲ့
အချစ်နဲ့ခံစားချက်ကို တဖြေးဖြေး မေ့လျှော့ခဲ့လိုက်ကြတယ်။ ချစ်စ၊ ကြင်နာစက
ရှိခဲ့ဖူးတဲ့ ရင်ခုန်သံကို တစ်နေ့တခြား ပျက်ဆီးအောင်
ဖျက်ဆီးပစ်လိုက်ကြတယ်။

တကယ်လို့ အချစ်ကို တစ်နေ့ထက်တစ်နေ့ ပိုတိုးပွါးအောင်
လုပ်ဆောင်နိုင်ခဲ့ရင် ကျွန်မတို့ရဲ့စိတ်နှလုံးထဲမှာရှ
ိတဲ့ အချစ်က
ဘယ်တော့မှ အေးစက်ကုန်ဆုံး ပျက်ဆီးသွားမှာ မဟုတ်ပါဘူး။

"ချစ်တယ်" "ကျေးဇူးတင်ပါတယ်" ဒါမှမဟုတ် နွေးထွေးတဲ့ အပြုအမှုလေး
တစ်ခုထဲတင် ကိုယ်ချစ်တဲ့သူရဲ့ နှလုံးသားကို ပျော်ရွှင်ကြည်နူးစေနိုင်သလို
အဓိပ္ပါယ်အများကြီး သက်ရောက်အောင်လည်း ပေးနိုင်စွမ်းပါတယ်။

ချစ်တတ်သူများအားလုံး အချစ်ခရီးလမ်းမှာ ပျော်ရွှင်သင်ယူမှုတွေနဲ့ ပြည့်နှက်နေပါစေ....
နုပျိုအောင် ဘယ်လိုနေမလဲ


1. အရေးမပါတာတွေကို ဘေးဖယ်ထားလိုက်ပါ။ အဲဒီ အရေးမပါတာတွေဆိုတဲ့
အရာတွေထဲမှာ အသက်ရယ်၊ ကိုယ်အလေးချိန်ရယ်၊ အရပ်အမြင့်ရယ်လည်းပဲ
ပါဝင်ပါတယ်။ ဆရာဝန်တွေရှိတာပဲ။ ဒီကိစ္စအတွက် ပူနေစရာ မလိုပါဘူးဗျာ။
ဒါကြောင့်လည်း ဆရာဝန်တွေကို များများလေးပေးရတာပေါ့လေ။

2. ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတွေနဲ့ပဲ ပေါင်းပါ။ တစ်ချိန်လုံး
ညည်းညူနေခြင်းက သင့်ကိုဖျက်ဆီးနေရာ ရောက်ပါလိမ့်မယ်။ သင်ကိုယ်တိုင်လည်း
ညည်းညူနေတတ်သူတစ်ဦး ဖြစ်ခဲ့ရင်တော့ ဒီအချက်ကလေးကို သတိရလိုက်ပါနော်။



3. အမြဲတမ်း သင်ယူလေ့လာနေပါ။ ကွန်ပျူတာအကြောင်း၊
ဥယျာဉ်စိုက်ပျိုးခြင်းအကြောင်း၊ လက်မှုပညာအကြောင်း၊ ဘာကိုပဲ ဖြစ်ဖြစ်
သင်ယူလေ့လာနေဖို့ လိုအပ်ပါတယ်။ ဦးနှောက်ကို ဘယ်တော့မှ အနားမပေးပါနဲ့။
စကားပုံတောင် ရှိသေးတယ် မဟုတ်လား.. ဘာတဲ့ An idle mind is the devil's
workshop တဲ့ နောက်ဆက်တွဲအနေနဲ့ကတော့ The devil's name is Alzheimer's!
ပဲပေါ့

4. ရိုးရိုးလေးတွေနဲ့ပဲ နေတတ်အောင်ကြိုးစားကြည့်ပါ။

5. ရယ်မောပါ၊ အကြာကြီး ကျယ်ကျယ်လောင်လောင်ကို ရယ်မောပလိုက်ပါ။
ရယ်လွန်းလို့ ပင့်သက်ရှိုက်ရတဲ့အထိကိုပေါ့။ သင့်မှာ သင့်ကို
ရယ်မောပျော်ရွှင်အောင် လုပ်တတ်တဲ့ သူငယ်ချင်း တစ်ယောက်သာရှိမယ်ဆိုရင်
သူနဲ့ပဲ အချိန်ဖြုန်းနေလိုက်တာ အကောင်းဆုံးပါပဲ။



6. သင်ချစ်တတ်တဲ့ အရာတွေသင့်အနားမှာ ရှိနေပါစေ။ သင့်မိသားစု၊ သင်ချစ်တဲ့
တိရစ္ဆာန်၊ သင်ဝါသနာပါတဲ့အလုပ်၊ သင်နှစ်သက်တဲ့ သီချင်းတွေ ဘာပဲဖြစ်နေ
ဖြစ်နေ ဒါတွေနဲ့အတူ ရှိနေဖို့ လိုအပ်ပါတယ်။ သင်နားခိုဖို့ နေရာတစ်နေရလည်း
ရှိနေရမယ်နော်။ နောက်ပြီး ဘုရားသခင်နဲ့လည်း တည့်အောင်နေပေါ့ဗျာ။

7. မျက်ရည်ကျလောက်တဲ့ အဖြစ်မျိုးတွေ ကြုံလာခဲ့ရင်.. ကြံ့ကြံ့ခံပါ၊
ဝမ်းနည်းပူဆွေးနေလိုက်ပါ၊ ပြီးရင်တော့ စိတ်ထဲကနေ ထုတ်လိုက်ပါတော့။
ဘ၀တစ်လျှောက်လုံး ကိုယ်နဲ့အတူရှိနေမှာက ကိုယ်ကိုယ်တိုင်ပဲလေ။ ဒီတော့
ကိုယ်အသက်ရှင်နေစဉ်အတွင်းမှာ ရှင်သန်အောင် နေထိုင်ပါ။

8. ကိုယ့်အသက်ကိုယ် တန်ဘိုးထား မြတ်နိုးပါ။ ကျန်းမာရေး မကောင်းရင်
ကာကွယ်စောင့်ရှောက်ရမှာပေါ့။ မကြာခဏနေမကောင်း ဖြစ်နေရင်လည်း
ပိုကောင်းအောင် လုပ်တတ်ရမယ်လေ။ အင်း.. ကိုယ်ကိုယ်တိုင် ဘယ်လိုမှ
မကယ်နိုင်တဲ့ အဆုံးတော့ တစ်ခြားသူတွေရဲ့ အကူအညီကို ယူရတော့မှာပါပဲ။

9. မသွားချင်တဲ့ ခရီးတွေကို မသွားနဲ့လေ။ မောလ်တွေကို ရှော့ပင်ထွက်ပါ။
အိမ်နီးချင်းနိုင်ငံတွေကို သွားလည်ပါ။ နောက်.. တစ်ခြားသော နိုင်ငံခြား
တိုင်းပြည်တွေထိတောင် ရှော့ပင်ထွက်လိုက်ပါအုံး။ ဒါပေမယ့်.. စိတ်လွတ်
ကိုယ်လွတ်မဟုတ်တဲ့.. စနိုးစနောင့် ခရီးမျိုးတော့ မဖြစ်ဖို့ လိုအပ်တယ်လေ။



10. ကိုယ်ချစ်တဲ့ သူတွေကို အသက်ရှင်နေတုန်း၊ အခွင့်အရေးရတုန်းမှာ
ချစ်တယ်လို့ ဖွင့်ပြောလိုက်ပါ။
 
Hello Kitty Girl Lay © 2008. Template Design By: SkinCorner