Wednesday, August 19, 2009

Golden Rules for Living

တစ်ခြားသူတွေအတွက် စဉ်းစားပေးခြင်းဟာ ကောင်းမွန်တဲ့ ဘ၀ နဲ့ ကောင်းမွန်တဲ့ လူအဖွဲ့အစည်းရဲ့ အခြေခံ အချက်တွေ ဖြစ်တယ်။

(ကွန်ဖျုးရှပ်စ်)

တစ်ခုခုကိုဖွင့်ပြီးရင်၊ ပြန်ပိတ်ခဲ့ပါ။

သော့ဖွင့်ပြီးရင်၊ သော့ကိုပြန်ခတ်ခဲ့ပါ။

တစ်ခုခုကို ချိုးဖောက်ပြီးရင်၊ ၀န်ခံလိုက်ပါ။

သင်မပြုပြင်တတ်ရင်၊ ပြုပြင်တတ်တဲ့သူတစ်ယောက်ကို ခေါ်လိုက်ပါ။

ငှားပြီးရင် ပြန်ပေးပါ။

တန်ဘိုးထားရင်၊ သေသေချာချာဂရုစိုက်ပါ။

ရှုပ်ဖွထားပြီးရင်၊ ပြန်လည်ရှင်းလင်းပါ။

ယူပြီးလျှင် ပြန်ထားပါ။

တစ်ယောက်ယောက်ပိုင်တဲ့ ပစ္စည်းကို အသုံးပြုချင်ရင်၊ ခွင့်ပြုချက်တောင်းခံပါ။

ဘယ်လိုလုပ်ရမယ်ဆိုတာ မသိရင်၊ ဘာကိုမှ မထိပါနဲ့။

ကိုယ့်ကိစ္စမဟုတ်ရင်၊ ကိုယ်နဲ့မဆိုင်ရင် မေးခွန်းတွေ သိပ်မမေးပါနဲ့။

အကောင်းအတိုင်းရှိနေတဲ့ အရာတစ်ခုကို၊ မပြုပြင်ပါနဲ့။

တစ်စုံတစ်ယောက်အတွက် အကျိုးရှိမယ်ဆိုရင်၊ ပြောဖြစ်အောင် ပြောလိုက်ပါ။

တစ်ယောက်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ်ဆိုရင်၊ ရင်ထဲမှာပဲ သိမ်းထားလိုက်ပါ။

0 comments:

Post a Comment

 
Hello Kitty Girl Lay © 2008. Template Design By: SkinCorner