Thursday, March 5, 2009

Don't leave me

ငါ့ကို မစွန့်ခွါလိုက်ပါနဲ့ ..

ငါက စုတ်ပဲ့နေတဲ့ ကျောက်သင်ပုန်းတစ်ချပ်ပါ ..
ငါ့ရင်ဘတ်ပေါ်မှာ ချယ်မှုန်းဖို့
ကျောက်တံအကျိုးလေးတစ်ချောင်းမှ
ဘာလို့မရှိရတာလဲ ..

ငါက Floppy အဆွေးအမြေ့လေးပေါ့ ..
Memory Stick တွေနဲ့ တော့
ငါ့ကို ယှဉ်မတွေးသင့်ပါဘူး ..
ငါသူတို့လောက် မစွမ်းပါဘူး
ကောင်လေးရယ် ..

ငါက မီးသီးတစ်လုံးဆိုရင် ..
ငါလေ လင်းထိန်ပြီးပဲနေချင်တယ် ..
ငါ့ကို အမှောင်မချထားပါနဲ့ ..
ခလုတ်လေးတော့ ဖွင့်ထားပေးပါ (မီးမလာပေမဲ့လည်း)..

ငါက အနွေးထည်အဟောင်းလေးတစ်ထည်ပါ ..
နွေရာသီမို့ ငါ့ကို သိမ်းထားမယ်ဆိုလည်း
သေသေချာချာလေး သိမ်းထားပေးပါ ..
ဆောင်းဦးစပြီဆိုရင်တော့ ထုတ်ဝတ်တော့ပေါ့ ..
တစ်သက်လုံး မသိမ်းထားစေချင်ဘူး ...

ငါ့ကို မစွန့်ခွါလိုက်ပါနဲ့ ..

0 comments:

Post a Comment

 
Hello Kitty Girl Lay © 2008. Template Design By: SkinCorner